"ခေါင်းကိုက်လိုက်တာ"
တဆစ်ဆစ်ကိုက်နေသော ခေါင်းကို လက်တဖက်နဲ့အုပ်ကိုင်မိရင်း မျက်လုံးများကို ဖွင့်ကြည့်မိသည်...
ခပ်ဝါးဝါးမြင်ကွင်းတခုနှင့် အဖြူရောင်မျက်နှာကြက်ကို မြင်ရတော့
မျက်မှောင်များကြုံ့သွားမိသည်..
ထပ်ပြီးဘယ်ရောက်နေပြန်ပြီလဲ...
ဘယ်ဘက်လက်က ထုံကျဉ်လာမှုကြောင့် လက်ကိုမြှောက်ကြည့်တော့ တခုခုက ဖိနေသလို ခံစားရတာမို့ လှည့်ကြည့်လိုက်တော့...
"ကိုကို.."
ခပ်ဖွဖွနှင့်တိုးသက်သက် အသံလေးတခုကြားလိုက်ရပြီးနောက် yoongi မျက်ဝန်းများဖျတ်ခနဲ ပွင့်လာမိပြီး.. ထိ ထိုက်လိုက်မိသည်..
ထို့နောက် ဘေဘီကိုကြည့်မိတော့
သူ့ကို ပြူးပြူးလေးနှင့်ကြည့်နေသော ဘေဘီကိုမြင်လိုက်ရသည်..
ဘေဘီ နိုးနေပြီပဲ...
"ကိုကိုနေမကောင်းဘူးလားဟင်..
မျက်ကွင်းတွေညိုနေတယ်"
ကိုကို့ပုံစံက ဖြူဖေျာ့ဖျော့နှင့် မနေ့က ရေစိုဝတ်ကြီးကို ဝတ်ထားတာကြောင့် ကိုကိုဖျားနေပြီလားတောင်မသိပါ...
စိုးရိမ်စိတ်ကြောင့် လဲနေရင်းမှ ထလျက် ကိုကို့ နဖူးကို စမ်းလိုက်ချိန်မှာ လူကမိုက်ခနဲဖြစ်ကာ ကုတင်ပေါ်လဲကျသွားမိသည်..
"ဘေဘီ...ရုတ်တရက်ကြီးမထနဲ့လေကွာ..
အခုမှ အဖျားကသက်သာတာကို"
ခုံမှထလျက် လာတွဲပေးသောကိုကို့ကိုမော့ကြည့်ရင်း ကိုကို့နဖူးပေါ် လက်ကလေးရအောင်တင်လိုက်မိသည်..
သာမာန်အပူချိန်လောက်ကိုပဲလက်မှာခံစားမိတော့မှ.သက်ပြင်းကျသည်..
ဟူး...တော်သေးရဲ့.
ကိုကို မဖျားဘူး...
"ကိုကိုဘာမှမဖြစ်ဘူးကလေးလေး..
ကိုယ့်ကိုကိုယ်ပဲစိတ်ပူစမ်းပါကွာ..
ဒီမှာခဏမှီနေဦး"
ကုတင်ခေါင်းရင်းကို ခေါင်းအုံးခုလျက် ကျွန်တော့်ကို မှီထိုင်ခိုင်းကာ ကိုကိုက ထွက်သွားရန်ဟန်ပြင်သည်...
ရင်ထဲ ဒိတ်ခနဲ..
ကျွန်တော့်ကိုထားသွားမှာလား..
YOU ARE READING
ကိုကို //Yoonmin (Zawgyi Version)
Фанфикшнကျွန်တော့်ရဲ့ချစ်ခြင်းတွေ ကျွန်တော့်ရဲ့မြတ်နိုးခြင်းတွေဟာ ကိုကို့ရဲ့ အေးစက်လွန်းတဲ့ အကြည့်တွေ ကိုကို့ရဲ့ ပြတ်သားတဲ့ နှုတ်ခမ်းပါးတွေအောက်မှာ အစိပ်စိပ်အမြွှာအမြွှာပဲ့ကြွေလေရဲ့... My Special Prebirthday present for my lovely @y...
