"Hyung!!!"
Taehyung hyung အားအော်လိုက်မိခြင်းနှင့်အတူ မျက်ရည်များက ဝေ့ခနဲ..
ဘယ်လိုဖြစ်လို့ ကျွန်တော့်အပေါ်ဒီလိုလုပ်နိုင်ရတာလဲ...
ဘာကြောင့် ကျွန်တော့်ကိုပဲ လက်လွှတ်ခိုင်းနေကြတာလဲ...
"Jimin လေး"
လက်ကိုလာကိုင်သော Taehyung hyung ၏ လက်ကိုပုတ်ထုတ်လိုက်လျက် နောက်ကိုဆုတ်မိသည်...
ဟင့်အင်း..
ကျွန်တော်ဟာ ကိုကို့ကို ဘယ်တော့မှစွန့်လွှတ်မဲ့သူမဟုတ်...
ကျွန်တော့်ဘက်က စချစ်ကတည်းက
လက်လွှတ်ဆုံးရှုံးခံဖို့ချစ်ခဲ့တာမဟုတ်..
ဒီတိုင်း..
ဒီတိုင်း..
ကျွန်တော့်နားမှာ ကိုကို့ကို ထားချင်ခဲ့ရုံလေးကို ဘာကြောင့်....
"Jimin တော်တော့ မငိုနဲ့တော့..hyung မပြောတော့ဘူးနော်..hyungပြောတာကိုမေ့လိုက်တော့နော်..."
ထိုင်ခုံမှထလျက် ပါးပေါ်မှမျက်ရည်များကို လာသုတ်ပေးသော လက်ဖဝါးတဖက်ကို လက်နှစ်ဖက်နှင့်ဆုပ်ကိုင်လျက် မော့ကြည့်မိရင်း...
"ကျွန်တော်..
ကိုကို့ကိုချစ်တယ်..
မခွဲ...မခွဲပါနဲ့..နော်..
ကျွန်တော်..အရမ်း..အရမ်းချစ်လို့ပါ.နော်..နော်"
အသနားခံမိသည်...
ကျွန်တော်သာ ကိုကို့နားကထွက်မသွားနိုင်သူ ဖြစ်တာမို့...
ကျွန်တော်သာ ကိုကို့အတွက်အမြဲရှိနေပေးသူ ဖြစ်တာမို့.
ကျွန်တော်သာ ကိုကို့ကို အများကြီးချစ်မိသူဖြစ်တာမို့...
ကိုကို့ဘေးမှာနေရမည်ဆိုလျှင် ဒူးထောက်တောင်းပန်ဆိုလျှင်တောင် ချက်ချင်းဒူးထောက်ပါမည်.....
ရှိခိုးဆိုလျှင် တောင် ရှိခိုးမိမည့်သူဖြစ်တာမို့ ကိုကိုနဲ့ ကျွန်တော့်အား မခွဲပစ်ကြလျှင်ကောင်းမည်ထင်ပါသည်....
ကျွန်တော်သည် သူနဲ့ပတ်သတ်လျှင် ကျွန်တော့်မာနအားလုံးရိုက်ချိုးထားခဲ့သည်..
ကိုကို့ ဘေးနေခွင့်ရဖို့ လာရောက်တားမြစ်သူမှန်သမျှအား ဒူးထောက်သင့်ရင် ထောက်ရမည်..
YOU ARE READING
ကိုကို //Yoonmin (Zawgyi Version)
Fanfictionကျွန်တော့်ရဲ့ချစ်ခြင်းတွေ ကျွန်တော့်ရဲ့မြတ်နိုးခြင်းတွေဟာ ကိုကို့ရဲ့ အေးစက်လွန်းတဲ့ အကြည့်တွေ ကိုကို့ရဲ့ ပြတ်သားတဲ့ နှုတ်ခမ်းပါးတွေအောက်မှာ အစိပ်စိပ်အမြွှာအမြွှာပဲ့ကြွေလေရဲ့... My Special Prebirthday present for my lovely @y...
