Yoongi ပန်းခြံထဲ ထိုင်နေမိတာ အတော်ကိုကြာပြီဖြစ်သည်..
ဆေးရုံမှာတုန်းက ဘေဘီ့ အပြုအမူတွေကြား သူမနေတတ်စွာ ပြေးထွက်လာခဲ့မိတာဖြစ်သည်...သူ့ကိုကြည့်တိုင်း မျှော်လင့်ချက်ရောင်ခြည်သန်းနေသော..
မျက်ရည်လဲ့လဲ့လေးများတွယ်ညိနေသော. မျက်ဝန်းဝိုင်းဝိုင်းလေးများ..
. ချစ်တယ်ဟု ခဏခဏပြောခဲ့ဖူးသော နှုတ်ခမ်းဖျားများ...ဘေဘီ...
ကိုကို့ကလေးလေးသိပ်ချစ်တတ်လွန်းတယ်...
ဘာလို့ ကိုကို့ကိုမှလဲ..
ဘာလို့ ကိုကို့ကိုမှချစ်တာလဲကလေးရယ်..."တီ...တီ..တီ"
ဖုန်းမြည်သံကြောင့် ဘောင်းဘီအိတ်ထဲက ဖုန်းကိုထုတ်ကာကြည့်မိတော့ မား..ထံမှ...
"Hello မား.."
"သားကြီး ခုဘယ်မှာလဲ"
"ကျွန်တော် အပြင်ခဏရောက်နေတာမား..."
"ပြန်မလာသေးဘူးလား..သားငယ်လေးကိုလာစောင့်ပေးပါဦးလား.. မင်းတို့ဖေကြီး လေဆိပ်ကိုရောက်နေပြီဆိုလို့ မားသွားကြိုမလို့.. Jungkook ကလဲ ကျောင်းပြန်သွားပြီမို့လို့.. ဒီကလေးတစ်ယောက်တည်း မားစိတ်မချဘူး"
"ဟုတ်ကဲ့ မား.. ကျွန်တော်ခုလာခဲ့မယ်နော်.."
ဖုန်းချလိုက်ပြီးနောက်ပန်းခြံထဲမှ သူထ ထွက်လာခဲ့သည်...
ပန်းခြံအပြင်ဘက်မှ ကားကိုတံခါးဆွဲဖွင့်လျက် ကားထဲဝင်ရန်အလုပ်...
"တီ...တီ..."
ဖုန်းသံကြောင့် ကားတံခါးဖွင့်ရင်းဖြင့်ပင်ဖုန်းကိုင်လိုက်သည်...
"အင်း..ချစ်.."
"ကို.. ချစ်မိဘတွေက ကိုနဲ့ မင်္ဂလာကိစ္စတိုင်ပင်စရာလေးတွေရှိနေလို့တဲ့.. အခုလာပေးလို့ရမလား.."
ဖွင့်ထားသောကားတံခါးကိုပြန်ပိတ်လိုက်ရင်း yoongi ဖုန်းကိုဆက်ပြောနေမိသည်...
"အာ...ချစ်ကလဲ.. ကိုယ် ဘေဘီကိုဆေးရုံမှာသွားစောင့်နေရတာ.. နောက်မှလုပ်လို့မရဘူးလားကွာ"
![](https://img.wattpad.com/cover/147471797-288-k598999.jpg)
YOU ARE READING
ကိုကို //Yoonmin (Zawgyi Version)
Fanfictionကျွန်တော့်ရဲ့ချစ်ခြင်းတွေ ကျွန်တော့်ရဲ့မြတ်နိုးခြင်းတွေဟာ ကိုကို့ရဲ့ အေးစက်လွန်းတဲ့ အကြည့်တွေ ကိုကို့ရဲ့ ပြတ်သားတဲ့ နှုတ်ခမ်းပါးတွေအောက်မှာ အစိပ်စိပ်အမြွှာအမြွှာပဲ့ကြွေလေရဲ့... My Special Prebirthday present for my lovely @y...