ကိုကို - ၁၈

5.7K 630 306
                                        

ကုတင်ပေါ်မှာ လဲနေသည့် သူမ မျက်နှာကိုငေးကြည့်ရင်း မျက်နှာထက်ဝဲကျနေသော ဆံပင်များကိုသပ်တင်ပေးလိုက်သည်..
ဘယ်ဘက်လက်ကလေးကို ဆုပ်ကိုင်မိတော့ အာရုံထဲဝင်လာသည်က မျက်ရည်များဖြင့် ဝေ့ဝဲနေသော မျက်ဝန်းတို့ဖြင့် မယုံကြည်နိုင်စွာ ငေးမောနေသော ဘေဘီ့ မျက်ဝန်းများ..

သူပြောမိသည်များကိုသတိရမိတော့ သက်ပြင်းခပ်သာသာချမိသည်..
ဘေဘီ့ မယုံကြည်နိုင်သော မျက်ဝန်းများက အာရုံထဲ တဝဲလည်လည် ဖြစ်နေသည်...
သူပြောလိုက်သည့် စကားများက ဘေဘီ့အပေါ်တော်တော်လေးရိုက်ခတ်သွားမည်ဆိုတာကိုတော့ သူသိပါသည်...
ဘာစကားမှပြန်မပြောတော့ပဲ ထွက်ခွာသွားသော ကျောပြင်တွင်ရှိုက်သံများ ရောယှက်ပါဝင်နေမည်ဆိုတာကို သူသိပါသည်...

ဒေါသအလျေောက် တုံ့ပြန်မိသည့် အပြုအမူတို့နှင့် စကားလုံးတို့က ဘေဘီကို နာကျင်စေမည်ဆိုတာသိနေလျက် သူ ဒီလမ်းကိုရွေးသည်...
Emilia ကိုချစ်သူတစ်ယောက် လက်တွဲဖော်တစ်ယောက်လိုချစ်သည်
ဘေဘီကိုတော့ ညီလေးတစ်ယောက်လိုချစ်သည်...

ဘေဘီ ယနေ့လုပ်ရက်က သူ့ကို Emilia အော်လို့ဆိုသော အကြောင်းပြချက်တခုနှင့် လုပ်ခဲ့သလို Emilia ပေါ်နာကျင်စေသည့်စိတ်မရှိခဲ့ဘူးဆိုတာကို သူမတွေးတောတတ်ခဲ့...
ဒေါသအလျောက် ထွက်ပေါ်လာသောစကားများကြောင့် ဘေဘီအပေါ်ရင်နာအောင်သူလုပ်မိပြန်သည်...

ဘေဘီ ရင်နာမှာ ဝမ်းနည်းမှာသေမတတ်ကြောက်တာလဲသူဖြစ်သလို ဘေဘီ ရင်နာအောင်ခဏခဏလုပ်သူကလဲ သူပဲ ဖြစ်ပါသည်....

"ကို..."

ကုတင်ပေါ်က တိုးဖွဖွ ခေါ်သံကြောင့် အတွေးမှရုန်းထွက်လိုက်ရင်း သူမကိုပြုံးပြလိုက်သည်..

"နိုးလာပြီလား "

"အင်း...ချစ်..ဘာဖြစ်သွားတာလဲကို"

"နောက်က စားပွဲနဲ့ဆောင့်မိပြီး သတိလစ်သွားတာ..."

"သြော်...ကို..ချစ်..ရေဆာတယ်"

ပြောရင်း ထ ထိုင်လိုက်သောသူမကို တွဲထူပေးလျက် ကုတင်ခေါင်းရင်းမှာမှီစေသည်...
ရေဗူးကြည့်လိုက်တော့ ရေဗူးမှာ ရေမရှိတော့နှင့် ခဏနော်ဟုပြောကာ ရေဗူးယူလျက် အခန်းပြင်ထွက်လာခဲ့သည်..
မားကတော့ Emilia နိုးလာလျင် စားလို့ရအောင်ဆိုကာ မုန့်ဝယ်ရန်အတွက် အပြင်ထွက်သွားသလို ပါးကလဲ လွန်ခဲ့သော ၃ရက် လောက်ကတည်းက korea ပြန်သွားသည်...

ကိုကို //Yoonmin (Zawgyi Version)Where stories live. Discover now