"ဘယ်မှာလဲ
ငါတွေ့လိုက်ပါတယ်"ကုတင်ဘေးမှ အံဆွဲကို ဖွင့်လျက် အလိုရှိရာကိုရှာဖွေနေမိသည်...
စိတ်ထွက်ပေါက် ရစေဖို့ ကျွန်တော် တခုခုလုပ်မှဖြစ်မည်..
ကျွန်တော် အသားကို နာကျင်စေတာမျိုးဖြစ်ဖြစ်
ငိုကြွေးပစ်တာမျိုးဖြစ်ဖြစ် ကျွန်တော်လုပ်မှဖြစ်မည်..
သို့သော် ကျွန်တော်သည် ငိုကြွေးခြင်းကို ကြိုက်သောသူမဟုတ်လေတော့ အသားနာမည့်နည်းကိုသာရွေးရပေမည်..."ကျစ်..
ဟိုတနေ့က မား ပန်းသီးနွှာတုန်းက ဒီထဲထည့်လိုက်တာပါ"အံဆွဲတွေထဲ မွှေနှောက်ရှာဖွေပါသော်လည်း အလိုရှိရာကို မတွေ့လေတော့ စိတ်ကတဖြည်းဖြည်း နောက်လာလေပြီ..
"ဟာကွာ.."
"ဒုန်း"
အောက်ဆုံးထပ်မှအံဆွဲကိုထုတ်ကာ သွန်ချပစ်သည့်အခါ ပြုတ်ကျလာသည်က အဝါရောင်လက်ကိုင်ရိုးနှင့် ဓားပါးတစ်ချောင်း..
အဓိပ္ပါယ်ပါပါ ပြုံးလျက် ကောက်ယူလိုက်တော့ ဓားပါးပါးလေးက လက်ထဲဆွေ့ခနဲ..
ကုတင်အဖျားလေးမှာ ထိုင်လျက် ဓားပါးပါးလေးကို အပြန်အလှန်လှည့်ကာကြည့်နေမိသည်...
အဝါရောင် လက်ကိုင်ရိုးလေးနဲ့ ဓားပါးပါးလေးဟာ ကျွန်တော့်မျက်လုံးထဲ အရာအားလုံးထက်လှပနေသလိုလို...အဝါရောင်..
တောက်ပသည်..
ဝင့်ကြွားမှုကိုဖော်ဆောင်သည်..
အဝါရောင်သည် အထက်တန်းကျသော လှပမှုကိုဖော်ပြသည်..
ထို့အတူ လက်ထဲမှ အဝါရောင်လက်ကိုင်ရိုးလေးသည် လှပသည်..
ထက်မြက်မှုကိုဖော်ဆောင်သည်.."အချိန်တန်ရင် သူက Emilia ကိုပဲ လက်ထပ်မှာ jimin"
"ကျစ်"
Taehyung hyung ပြောခဲ့သောစကားများက နားထဲ ကန့်လန့်ပြန်ကြားလာရသည်အခါ..
မျက်လုံးကိုအတင်းမှိတ်လျက် ခေါင်းကိုအတင်းခါယမ်းမိသည်...
![](https://img.wattpad.com/cover/147471797-288-k598999.jpg)
YOU ARE READING
ကိုကို //Yoonmin (Zawgyi Version)
Fanficကျွန်တော့်ရဲ့ချစ်ခြင်းတွေ ကျွန်တော့်ရဲ့မြတ်နိုးခြင်းတွေဟာ ကိုကို့ရဲ့ အေးစက်လွန်းတဲ့ အကြည့်တွေ ကိုကို့ရဲ့ ပြတ်သားတဲ့ နှုတ်ခမ်းပါးတွေအောက်မှာ အစိပ်စိပ်အမြွှာအမြွှာပဲ့ကြွေလေရဲ့... My Special Prebirthday present for my lovely @y...