"Jungkook
Hyung ချီမယ်"
Jungkook ရင်ခွင်ထဲ သတိလစ်နေသော ကလေးငယ်ဆီကိုအပြေးသွားကာ လက်လွှဲယူလျက် ပွေ့ချီရင်း ဆေးရုံထဲပြန်ဝင်လာတော့ ဆရာဝန်တစ်ယောက်နှင့် နာ့စ်တစ်ယောက်လိုက်လာပါ၏...
ကုတင်ပေါ်တင်ပေးလိုက်တော့ ဒေါက်တာက စမ်းသပ်ကြည့်ရှုသည်..
"ဘယ်လိုဖြစ်သွားတာလဲဗျ"
"သူ့အကိုကိုလိုက်ရှာရင်း သတိလစ်သွားတာ.."
Jungkook ၏အဖြေစကားတွင် စိတ်မကောင်းခြင်းတို့ကြီးစိုးသွားရသည်..
သူ့နောက်ကိုလိုက်လာသည်တဲ့လား..
"လူနာကကြည့်ရတာ စိတ်ပိုင်းဆိုင်ရာထိခိုက်နေသလိုပဲဗျ..
ရောဂါအခံတွေဘာတွေမရှိပေမဲ့ သူ့စိတ်ကိုက တစုံတခုကိုမှီခိုနေတာမျိုးပေါ့..."
"ကျွန်တော်နားမလည်ဘူးဆရာ"
Jungkook အပြောကို သူကော မားပါ အဖြေရလိုရငြား ဆရာဝန်ကိုမော့ကြည့်မိသည်...
"အင်းရှင်းပြရမယ်ဆိုတော့..
နည်းနည်း mental illness(စိတ်မကျန်းမာခြင်း) ဖြစ်ချင်တာပေါ့...
သူကိုယ်တိုင်က တစုံတစ်ခုကြောင့် အမြဲတမ်း နာကျင်ရတယ်လို့ ခံစားရတာပေါ့ဗျာ...
အမြဲတမ်း နာကျင်ရဖန်များတော့ တစုံတခုကို လက်ထဲဆုပ်ကိုင်ထားလျင်တာမျိုး..
ဒါမှမဟုတ်ရင် တစ်ယောက်ယောက်ကိုအားကိုးမှီခိုချက်တာမျိုးပေါ့...
အဲ့ လူမရှိရင် မတွေ့တွေ့ရအောင်လိုက်ရှာမယ်..
ပြီးတော့ ရှာလိုတွေ့လိုက်ရင် တင်းထားသမျှ စိတ်တွေအားလုံး လျော့ချပစ်လိုက်တော့ ခန္ဓာကိုယ်မှာရှိသမျှ muscle တွေပါ လျော့ကျကုန်ကြတာပေါ့..
အဓိကကစိတ်ပေါ့ဗျာ..."
"ခဏနေ ပြန်နိုးလာပါလိမ့်မယ်..
အဓိကက စိတ်ချမ်းသာအောင်ပဲထားပေးပါ..
မဟုတ်ရင် Psychosis( စိတ္တဇဖြစ်ခြင်း)ဖြစ်သွားနိုင်တယ်"
သက်ပြင်းတွေသာအခါခါချမိလျက် ဘာဆက်လုပ်ရမယ်မှန်းမသိဖြစ်မိသည်
ရှေ့တိုးမရ နောက်ဆုတ်မရအခြေအနေဆိုတာ ဒီလိုမျိုးကိုခေါ်တာဖြစ်လိမ့်မည်...
လှည့်ထွက်သွားသော ဆရာဝန်အား ကျေးဇူးတင်ပါတယ်လို့တောင်မပြောမိ...
"အမေ..သားငယ်နိုးလာရင်းစားဖို့ သူကြိုက်တာလေးတွေသွားဝယ်ဦးမယ်"
မျက်ရည်ဝဲလျက် အခန်းထဲမှ မားထွက်သွားသည်ကိုကြည့်ကာ ဘေဘီ့ဘေးထိုင်ချလိုက်တော့ jungkook ဆီက စကားသံထွက်လာခဲ့သည်..
YOU ARE READING
ကိုကို //Yoonmin (Zawgyi Version)
Fanfictionကျွန်တော့်ရဲ့ချစ်ခြင်းတွေ ကျွန်တော့်ရဲ့မြတ်နိုးခြင်းတွေဟာ ကိုကို့ရဲ့ အေးစက်လွန်းတဲ့ အကြည့်တွေ ကိုကို့ရဲ့ ပြတ်သားတဲ့ နှုတ်ခမ်းပါးတွေအောက်မှာ အစိပ်စိပ်အမြွှာအမြွှာပဲ့ကြွေလေရဲ့... My Special Prebirthday present for my lovely @y...
