ကိုကို - ၆

4.6K 534 117
                                    

ရှေ့ကို တည့်တည့်ကြည့်လျက် ကားကိုအသေချာမောင်းနေရင်းမှ taehyung ၏ အဟမ်း ဆိုသော ချောင်းဟန့်သံကြောင့် yoongi ကားမှန်ကတဆင့် taehyung ကိုကြည့်လိုက်သည်...

"ငါ ရောက်တာနဲ့နားလို့ရတယ်မလား.."

Yoongi ခေါင်းတချက်ငြိမ့်ပြလိုက်ပြီးဘေးက ထိုင်နေသော baby ကိုတချက်ကြည့်လိုက်တော့ မျက်စိမှိတ်လျကိ လက်ပိုက်ကာ ကားကူရှင်ကို မှီရင်းလိုက်ပါလာသည်..

တောင်းပန်ဖို့ နည်းနည်းမှမစဉ်းစားမိလေသလား...

Yoongi ရှေ့ကိုသာပြန်ကြည့်လျက် ကားကိုဂရုတစိုက်မောင်းလာခဲ့သည်...

မီးပွိုင့်မိတာမို့ ကားခဏရပ်နေစဉ်..
ကားမှန်ကိုလာခေါက်သောတစုံတစ်ယောက်ကြောင့်...
Yoongi ကားမှန်ကိုချပေးလိုက်တော့..
အိမ်ရှေ့အိမ်က NY သူ...

"Hello..
ကျွန်မက Emilia ပါ
Emilia Browning... "

Yoongi ပြုံးပြလျက် ပြန်နှုတ်ဆက်လိုက်သည်...

"ကျွန်မ ကားမပါလာလို့ အိမ်လဲ ပြန်ဖို့အရမ်းအလျင်လိုနေပြီမို့.
ကားကြုံလိုက်လို့ရမလား..
ကျွန်မက ရှင်တို့အိမ်ရှေ့ကပါ.."

"Hi...jimin"

သူမက သူ့ကိုပြောရင်း yoongi ကိုကျော်ကာ jimin ကိုနှုတ်ဆက်လိုက်သည်...
Jimin ကလဲ ပြန်ပြုံးပြနေသည်မို့..

Yoongi ကားပေါ်တက်ခိုင်းလိုက်သည်..

Jimin ပြုံးပြနှုတ်ဆက်ကတည်းက jimin နဲ့သိပုံရသည်...
ဒါကြောင့်မို့ သူကားပေါ်တင်လိုက်တာဖြစ်သည်...

မဟုတ်ရင် ဟိုကလေးက မထင်ရင်မထင်သလို ပြောချင်တာစွတ်ပြောတော့မည်လေ...

ကားပေါ်သို့သူမရောက်သည်နှင့် jimin တို့ မျက်နှာက စပ်ဖြဲဖြဲ ဖြစ်သွားတော့သည်...
အစကတော့ တလောကလုံးသူ့လုပ်စာစားနေသော အထက်လေရှူ သွားအအေးပတ်မည့်ရုပ်ဖြစ်နေသော်လည်း..ဒီကလေးမလေးနဲ့ကျ မျက်စိတွေမှိတ်လောက်အောင်ကို ရယ်မောနေခဲ့သည်...

ထုတ်ဖော်မပြပေမဲ့ မျက်လုံးအကြည့်တွေက .....

Baby Emilia ကိုများသဘောကျနေသလား...

စူးခနဲ ဘယ်ဘက်ကအောင့်တက်လာသည်...

ကိုယ့် ညီလေးဖြစ်တာမို့ ကိုကို အလျော့ပေးချင်ပါတယ် baby...
ဒါပေမဲ့ ကိုကို Emilia ကို စတွေ့တဲ့နေ့ကတည်းက ချစ်မိသွားခဲ့တာမို့ baby ကျေးဇူးပြုပြီး emilia ပေါ် ခံစားချက်တွေ မထားလိုက်ပါနဲ့...

ကိုကို //Yoonmin (Zawgyi Version)Where stories live. Discover now