ကိုကို - ၁၆

4.4K 564 155
                                        

ကမ်းခြေနှင့် ကျောက်ဆောင်များကိုတဝုန်းဝုန်းရိုက်ခတ်နေသော လှိုင်းလုံးများကိုငေးကြည့်နေရင်းမှ ဘေးဘီဝဲယာကို တချက်ကြည့်လိုက်သည်...
လူသူမရှိ...
တိတ်ဆိတ်ခြင်းသာအတိ..
နောက်ဘက်ကိုလှည့်ကြည့်တော့ အုန်းပင်များနှင့် အစိမ်းရောင်တောအုပ်ကိုတွေ့ရသည်..

ကျွန်တော်ဘယ်ကိုရောက်နေပါလိမ့်..

ဒီနေရာကို ဘယ်လိုရောက်လာပါလိမ့်

ကျွန်တော့် မနေ့ညက ကိုကို့ ရင်ခွင်ထဲအိပ်နေခဲ့တာပါ..
အခုက...
ကျွန်တော့်အထင် ပင်လယ်ထဲက ကျွန်းတစ်ကျွန်းလိုနေရာမျိုးမှာ...

"ချောက်.."

တခုခုကျိုးကြေသံနှင့်အတူ ခြေသံကိုပါကြားလိုက်ရတာမို့ ခေါင်းနားပန်းတွေကြီးသွားရသည်..

တောကောင်တွေများလား...

တဖြည်းဖြည်းနီးလာသော ခြေသံကြောင့် ဇောချွေးတွေပါပြန်လာရသည်...
ကြောက်စိတ်ကတရစ်ရစ်တိုးဝင်လာတာမို့ ရင်ဘတ်ကပါစူးအောင့်လာရသည်...
ချမ်းတောင်ချမ်းလာသလိုလို....

အသက်ကိုပြင်းပြင်းရှုရင်း တဖြည်းဖြည်းလှည့်ကြည့်လိုက်မိတော့

"ဟင်..."

ကိုကို...

ကြောက်စိတ်များက လွင့်ခနဲ ....
တဖြည်းဖြည်းပြုံးလျက် လျှောက်လာသော ကိုကို့ဆီ အပြေးသွားလျက် ကိုကို့ကို ဖက်လိုက်သည်....

"ကိုကို...ဘေဘီက တောကောင်ထင်နေတာ...
ဘေဘီကလေ...
ကြောက်နေတာသိလား..ကိုကို..
ဘေဘီကလေ ကျားတွေ ခြင်္သေ့တွေထင်နေတာ...."

ကျွန်တော့် ကိုကို့ရင်ခွင်ထဲမှာ တီတီတာတာ ဆိုမိတော့ ကိုကိုက ပြန်သိုင်းဖက်လာသည်...

"ကိုကိုပါ..ဘေဘီရယ်...
မကြောက်ပါနဲ့..
ကိုကိုက ဘေဘီကို ကာကွယ်ပေးမှာ"

ကိုကို့စကားကြောင့်ပြုံးလျက် ကိုကို့ရင်ခွင်ကို ပါးနဲ့ခပ်သာသာလေးပွတ်ကာ မျက်လုံးလေးတွေမှိတ်ထားမိသည်..
ကိုကို့ရင်ခွင်က သိပ်နွေးတာပဲ..

ပြီးတော့ ကျွန်တော် ပိုပို ပြီးချမ်းလာသလိုပဲ...

မေးတွေရိုက်ကာ တခိုက်ခိုက်တုန်လာသည့် ကျွန်တော့် ခန္ဓာကိုယ်နှင့်အတူ အာခေါင်တွေပါခြောက်သွေ့ကာရေဆာလာသည်..

ကိုကို //Yoonmin (Zawgyi Version)Where stories live. Discover now