"ကိုကို...ဘေဘီ ဒါကြီးမကြိုက်ပါဘူးဆိုနော်"
နှုတ်ခမ်းတစူစူနဲ့ ကောင်တာက လက်စွပ်ကိုကြည့်ပြီးပြောနေတဲ့ ကလေးလေးရယ်..
စိတ်ကလဲ အပြောင်းအလဲ သိပ်မြန်သည်..
သူပဲ ခုနကကြိုက်လို့ ယူမယ်ဆိုပြီး ခုတော့ မကြိုက်တော့ပြန်ဘူး.."ဘေဘီကလဲကွာ..
ဘေဘီပဲ ကြိုက်တယ်ဆို.."ဒိုင်းခနဲရောက်လာတဲ့ မျက်စောင်းကြောင့်ဖျားတောင်ဖျားချင်သွားရပါ၏..
"ဟွန်း..မကြိုက်ဘူး..
ဟိုဟာလေး ဟိုဟာလေးကြိုက်တယ်..
အဲ့ဒါလေးယူမယ်နော်..နော်..ကိုကိုနော်.."ညာဘက်ထောင့်မှ လက်စွပ်ကိုလက်ညှိုးထိုးပြလျက် yoongi ၏ ညာဘက်လက်ကိုဆွဲရမ်းကာ ပူဆာနေလေသော ကလေးငယ်ကိုအသဲယားစွာ ဆွေ့ခနဲ ဖက်ပစ်လိုက်သည်..
"အင့်..!!!"
"ဒါနောက်ဆုံးပဲနော်..ဘေဘီ..
ကိုကို စိတ်မရှည်တော့ဘူး..""ဟုတ်.."
ရှေ့က ကောင်တာမှ အရောင်းစာရင်းမလေးကတော့ ပြုံးစိစိ ဖြင့်ကြည့်နေလေသည်...
အဟမ်းဟုချောင်းတချက်ဟန့်လိုက်ရင်း ဘေဘီ ပြောတဲ့ စိန်ပွင့်သေးသေးလေး တပွင့်မြှုပ်ထားတဲ့ လက်စွပ်လေးကိုယူလိုက်ရင်း ငွေရှင်းလိုက်သည်.."ကိုကို..ဘေဘီ ရုပ်ရှင်ကြည့်ချင်တယ်.."
ခေါင်းတော့မညိမ့်ရသေး အတင်းဆွဲခေါ်ကာ ရုပ်ရှင်ရုံဘက် ဝင်ပြေးသွားတဲ့ ဘေဘီကြောင့် သူ့မှာ ခလုတ်တိုက်မတတ် လိုက်သွားရပြန်ပါသည်...
သူလဲ ဘေဘီနဲ့မှ အဆွဲအလွဲတွေ အကြမ်းပတမ်းကိုခံရတာပါပဲ..
Wedding dress ရွေးရင်း Wedding ring ဝင်ရွေးရာကနေ လက်စွပ်ပေါင်းမြောက်များစွာကို စိတ်တိုင်းကျရွေးပြီးနောက်...အတင်း တိုးဝှေ့ကာ လက်မှတ်လုဝယ်နေရသော နေရာသို့ သူ့ကို ခေါ်လာပြန်သည်..
![](https://img.wattpad.com/cover/147471797-288-k598999.jpg)
YOU ARE READING
ကိုကို //Yoonmin (Zawgyi Version)
Fanfictionကျွန်တော့်ရဲ့ချစ်ခြင်းတွေ ကျွန်တော့်ရဲ့မြတ်နိုးခြင်းတွေဟာ ကိုကို့ရဲ့ အေးစက်လွန်းတဲ့ အကြည့်တွေ ကိုကို့ရဲ့ ပြတ်သားတဲ့ နှုတ်ခမ်းပါးတွေအောက်မှာ အစိပ်စိပ်အမြွှာအမြွှာပဲ့ကြွေလေရဲ့... My Special Prebirthday present for my lovely @y...