ကိုကို - ၁၄

4.2K 514 142
                                        

"Jimin နဲ့ဘာတွေပြောနေကြတာလဲကို "

Emilia အမေးကို ဘာမှမဟုတ်ပါဘူးဟုသာဖြေရင်း ရွေးချယ်ထားသော wedding dress အတွက် ငွေရှင်းလိုက်သည်..
ငွေရှင်းပြီးသည်အထိ ပေါ်မလာလေတော့သော ကလေးငယ်ကြောင့် ဘာလုပ်နေပါလိမ့်ဟု တွေးလျက် ဆိုင်ပြင်သို့ထွက်လာခဲ့လိုက်သည်...

ဟိုနားတဝိုက်..ဒီနားတဝိုက်ရှာကြည့်သော်လည်း အရိပ်အယောင်တောင်မျှ မမြင်ရသောအခါ စိတ်များဆိုးသွားသလားဟူသောအတွေးဖြင့် ဖုန်းထုတ်လျက် ဆက်လိုက်သည်...

"တူ....တူ...လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ မအားသေးပါရှင်..."

ထပ်ခါထပ်ခါ ခေါ်သော်လည်း ထူးမခြားနားသော operator ၏ ဖြေကြားသံနှင့် ဖုန်းဝင်ရဲ့သားနှင့်ချပစ်သော ကလေးငယ်ကို ဒေါသထွက်ရပါ၏..

သူစိတ်ပူလို့ခေါ်နေတာမဟုတ်ဘူးလား

အိမ်များရောက်သွားပြီလားဟူသောအတွေးဖြင့် အိမ်ဖုန်းကိုဆက်ရန် အလုပ်..

"ကို..."

Emilia ခေါ်သံကြောင့် ခေါ်ခါနီးဖုန်းကိုချလျက် သူမကိုလှည့်ကြည့်လိုက်သည်...
သူမက အဝတ်အစားထုပ်ကိုထောင်ပြလျက်..

"ငွေရှင်းပြီးပြီ..
Mart ကိုသွားရအောင်..
ချစ်...ဗိုက်ဆာလို့နော်.."

နှုတ်ခမ်းကို ဆူထော်လျက် လက်မောင်းကိုချိတ်ကာ ကနွဲ့ကလျ ဆိုလာတော့ ပြုံးလိုက်ပြီး ချစ်သဘောဟုသာ ပြောလိုက်သည်..

"O...Kay..."

ကလေးလေးလို ကားပေါ်သို့ပြေးတက်သောသူမကိုကြည့်ကာ ပြုံးမိသည်..

ဘေဘီ ပဲ ကလေးဆန်မယ်ခဲ့တာ Emilia က ဘေဘီထက်ကို ကလေးဆန်နေမလားမသိပါဘူး...

ကားထဲဝင်ခါနီးလက်ယပ်ခေါ်နေတဲ့သူမကို လာပြီဟုခေါင်းငြိမ့်ပြလိုက်ပြီး ကားထဲ ဝင်ထိုင်လိုက်သည်...
ထို့နောက် သူမ သွားချင်ပါသည် ဆိုသည့် KL mart ဆီသို့ ကားကို ဦးတည်မောင်းနှင်လိုက်တော့သည်...

...................................................

Taxi ပေါ်မှာ ကားလမ်းတလျှောက်တရွေ့ရွေု့ဖြတ်ပြေးသွားသော ဆိုင်းဘုတ်များ တိုက်တာများကို ငေးကြည့်ရင်း မျက်ဝန်းများကိုမှိတ်ထားမိသည်...

ကိုကို //Yoonmin (Zawgyi Version)Where stories live. Discover now