တနေ့လုံး ပင်လယ်ကမ်းခြေဘက်မှာ အပန်းဖြေအနားယူနေရင်းမှ နေဝင်လာသည့်တိုင်အောင် ကျွန်တော် တဖဝါးမှမရွေ့မိသေး...
ကမ်းစပ်နားထိုင်နေမိသည်မှာ တနေ့လုံးနီးပါးရှိတော့မည်ဖြစ်တာမို့ ထုံကျဉ်နေပြီဖြစ်သော ခြေထောက်နှစ်ဖက်ကို ဆန့်လိုက်ရင်း နောက်သို့လက်ထောက်လျက် နေဝင်ချိန်ကိုကြည့်နေမိသည်...ပင်လယ်နေဝင်ချိန်..ပင်လယ်နေထွက်ချိန်တွေက သိပ်လှတယ်ဟု မားတခါပြောဖူးသည်.
ထို့ကြောင့် ပင်လယ်ဖက်ကို မား ရယ် ပါးရယ်နဲ့အတူ အပန်းဖြေခရီးထွက်တိုင်း မနက်စောစောထကာ နေထွက်ချိန်ကြည့်ရန် မားခေါ်ဖူးသည်..
သို့သော် နဂို ကတည်းက အိပ်ပုပ်ကြီးသည့် ကျွန်တော်က ဘယ်တော့မှ လိုက်မပါခဲ့...
ထို့ကြောင့်လဲ ဤမျှလှပသော မြင်ကွင်းကိုမခံစားဖူးခဲ့...တဖြည်းဖြည်းနေလုံးကြီးက ပင်လယ်ရေမျက်နှာပြင်အောက်ရောက်သွားသည့်အခါ မှိတ်တုပ် မှိတ်တုပ် ကြယ်ကလေးများနှင့်အတူ ဝင်းပသောလမင်းက ထွက်လာသည်..
ပတ်ဝန်းကျင်က တဖြည်းဖြည်းအေးစိမ့်လာသလို အိမ်လဲ ပြန်သင့်နေပြီဟု ကျွန်တော်တွေးမိသည်...သို့သော် မပြန်ချင်ပါ...
ကိုကိုက သူ့ချစ်ရသူနှင့် မင်္ဂလာဝတ်စုံရွေးကာ ပျော်ရွှင်လျက်ုဖစ်နေမည့် ပုံကိုတွေးမိလျင် ရူးမတတ်ခံစားရသည်...
သို့သော်လဲ ကိုကို့ကို လွမ်းပါသည်..
အကြီးကြီးကို လွမ်းနေမိပါသည်ထိုင်ရာက ထလျက် ကမ်းခြေတပတ်လမ်းလျောက်ရန်ဟန်ပြင်လိုက်သည်...
ဗိုက်ကလဲဆာလာပြီမို့ ကမ်းခြေနားဖွင့်ထားသော မုန့်ဆိုင်လေးဘက်ကို ခြေလှမ်းများကိုဦးတည်လိုက်သည်..."ဘေဘီ"
စလှမ်းလှမ်းခြင်းခြေလှမ်းများ တုံ့ခနဲ ဖြစ်သွားသည်...
ဟက်ခနဲ တချက်ရယ်မိသည်..ကျွန်တော် တကယ်ရူးနေပြီပဲ..
ခေါင်းခါလျက် ဆက်လျောက်သည်..
"ဘေဘီ ကိုကိုခေါ်နေတယ်"
ကျစ်...
ခဏလေးဖြစ်ဖြစ် ကျွန်တော်မေ့ထားပါရစေလား...
ရင်နာမှုကင်းကင်း နဲ့ တစ်နာရီလောက်ပဲ ကျွန်တော် နေပါရစေ..
ကျွန်တော့်ခေါင်းထဲက ထွက်သွားပေးပါ Min Yoongi..
YOU ARE READING
ကိုကို //Yoonmin (Zawgyi Version)
Fanfictionကျွန်တော့်ရဲ့ချစ်ခြင်းတွေ ကျွန်တော့်ရဲ့မြတ်နိုးခြင်းတွေဟာ ကိုကို့ရဲ့ အေးစက်လွန်းတဲ့ အကြည့်တွေ ကိုကို့ရဲ့ ပြတ်သားတဲ့ နှုတ်ခမ်းပါးတွေအောက်မှာ အစိပ်စိပ်အမြွှာအမြွှာပဲ့ကြွေလေရဲ့... My Special Prebirthday present for my lovely @y...