"Jiminie..
ချစ်ဆုံးကလေး.."တံခါးကိုတွန်းဖွင့်ကာ အတင်းပြေးဖက်လာသော jungkook ကြောင့်လက်က အထုပ်တွေလွတ်ကျကုန်ရင်း..
"ဟေ့ကောင် ဖယ်စမ်းကွာ..
အသက်ရှုကြပ်တယ်ကွ"ယုန်သွားနှစ်ချောင်း ဖြီးလျက်ရယ်ပြပြီး ပါးနှစ်ဖက်ကိုကိုင်ကာ..
"Aigoo..
ကိုကို့ ကလေးလေးက လာမကြည့်လို့စိတ်ဆိုးနေတယ်လား..""ဖယ်စမ်းပါ"
လက်ကိုအတင်းဖယ်ချပြီး အထုပ်တွေကောက်ယူရင်း...
"ရော့..ကားမှာသွားထား"
ရှုံ့တွ မဲ့ရွဲ့ကာ အထုပ်သယ်လျက် အခန်းထဲကထွက်သွားသော jungkook ကိုကြည့်ကာတချက်ရယ်လိုက်ရင်း...
ရှေ့မှ ဆေးရုံအင်္ကျီကိုအသေချာခေါက်နေစဉ်.."ဘေဘီ..
ဘာသယ်စရာရှိသေးလဲ.ကိုကို့ကိုပေး""ဟင့်အင်း..မရှိတော့ဘူး.."
သေသေချာချာခေါက်ကာ စီလျက်လှည့်ထွက်လိုက်တော့..
ဖျတ်ခနဲ လက်ကို လိုက်ဆွဲသည်..ဘာများပြောစရာရှိလို့လဲဟုတွေးကာ နောက်သို့လှည့်ကြည့်လိုက်တော့ ခေါင်းငုံ့လျက် မျက်လုံးချင်း ဆုံကာပြောလာသည်...
"ဘေဘီ...
ဘာအကြောင်းပဲရှိရှိ ကိုကို ဘေဘီကိုချစ်တယ်..."ဒိတ်ခနဲ ခုန်သွားသော နှလုံးသားတခု..
ဘေဘီကိုချစ်တယ်ဟူသောစကားသည် တိုးတိုးသက်သက်သာဖြစ်သော်လည်း.
Jimin ခေါင်းထဲအကျယ်ကြီးမြည်ဟီးနေသည်.ရင်ဘတ်မှ နှလုံးသားအစုံကလဲ အပြင်းအထန်ကိုခုန်ပေါက်နေသည်..
Jimin စိတ်တွေအစိုးမရဖြစ်လျက် မျက်တောင်တဖျတ်ဖျတ်ခပ်မိကာခေါင်းကိုငုံ့မိသည်..
သူဘာကြောင့် ရင်တွေခုန်နေရသလဲ
"ကိုကိုက ဘေဘီအတွက် အကိုတစ်ယောက်နေရာက အမြဲအသင့်ရှိနေပေးမှာဆိုတော့..
ဘာပဲ ဖြစ်ဖြစ် ကိုကို့ကို တိုင်ပင်လို့ရတယ်နော်. ဘေဘီ"အင်းလဲ မပြော အွန်းလဲမပြောမိ ခေါင်းကိုသာငုံ့ထားမိသည်...
အခု သူ့ပုံစံက ကိုကိုရင်ခွင်ထဲခေါင်းငုံ့ကာ ဝင်နေသည့်ပုံဖြစ်နေသလို ကိုကိုက သူ့လက်တဖက်ကိုလဲ ကိုင်ထားသေးသည်...
YOU ARE READING
ကိုကို //Yoonmin (Zawgyi Version)
Fanfictionကျွန်တော့်ရဲ့ချစ်ခြင်းတွေ ကျွန်တော့်ရဲ့မြတ်နိုးခြင်းတွေဟာ ကိုကို့ရဲ့ အေးစက်လွန်းတဲ့ အကြည့်တွေ ကိုကို့ရဲ့ ပြတ်သားတဲ့ နှုတ်ခမ်းပါးတွေအောက်မှာ အစိပ်စိပ်အမြွှာအမြွှာပဲ့ကြွေလေရဲ့... My Special Prebirthday present for my lovely @y...