ကိုကို - Extra

6.3K 682 179
                                    

ခေါင်းအုံး​ပေါ်မှ စာရွက်​က​လေးကိုကြည့်​ကာ မျက်​ရည်​က တ​ပေါက်​​ပေါက်​...
အ​ခေါက်​​ခေါက်​ အခါခါ ဖတ်​လျက်​ ထိုစာသားများကို ရင်​ဘတ်​ထဲထိ​ စွဲ​နေ​အောင်​ မှတ်​သားထားမိသလို ..
ကုတင်​​ဘေးမှာ ​တောင့်​​တောင့်​ကြီးထိုင်​လျက်​ မျက်​ရည်​ကျ​နေ​သော သူ့ကို ​ဘေဘီ မြင်​ပါ၏လား...

"ကျစ်​...
ဘေဘီကွာ...ဘာလို့လဲကွာ..
ဘာလို့လဲ!!!!"

ကုတင်​ကို တဒုန်းဒုန်းထုကာ ​အော်​ဟစ်​ငို​ကြွေး​နေမိ​သော သူ့ကို ဘယ်​သူ့မှလာ၍မဆွဲကြပါ...

"​ဘေဘီ...​ဘေဘီရယ်​..
ကိုကို ​ဘေဘီ့ကို ​ရွေးချယ်​ခဲ့တယ်​​လေကွာ..
ကိုကို က​လေးကို ​ရွေးချယ်​ခဲ့တယ်​​လေ..
ကိုကို က​လေးဆီလာတယ်​​လေကွာ..
ဘာ​ကြောင့်​ မိုက်​ရူးရဲဆန်​ရတာလဲ က​လေးငယ်​..
ဘာ​ကြောင့်​လဲ!!!!
ဘာ​ကြောင့်​ ကိုကို့ကို ​နောင်​တ​တွေတသီကြီးနဲ့ ချန်​ခဲ့ရတာလဲ"

ထုတ်​​ဖော်​​ပြောပြဖို့ ​ဘေဘီမရှိခဲ့ပါ..
သူ့ကို အရွဲ့တိုက်​​နေကြ ​ဘေဘီ ​ဘေးမှာ ရှိမ​နေခဲ့ပါ..
သူ့ကိုချစ်​တယ်​ တဖွဖွ​ပြော​နေကြ ​ဘေဘီသူ့​ဘေးမှာရှိမ​နေ​တော့ပါ...

"ကိုကို​လေ..
ဘယ်​လိုအသက်​ရှင်​ရပါ့မလဲက​လေးရယ်​..
ကိုကို ဘယ်​လို​နေခဲ့ရပါ​တော့မလဲ"

ကုတင်​​ပေါ်​မှောက်​လျက်​ မျက်​ရည်​​တွေကို လွတ်​လပ်​စွာ ကျဆင်းခွင့်​ပြုသည့်​အခါ..ပုခုံး​ပေါ်​ရောက်​လာသည့်​ ​အေးစက်​စက်​ အထိအ​တွေ့နှင့်​အတူ..

"ကိုကို.."

"ဟင်​.."

ခေါင်းငုံ့ထားရာက ​မော့လျက်​​ဘေးကိုကြည့်​လိုက်​​တော့ ​ဘေဘီရယ်​...
ဆေးရုံအင်္ကျီအဖြူ​လေးနှင့်​ သူ့ကိုပြုံးပြသည်​....

"က​လေး​လေး.."

ခုံ​ပေါ်မှထကာ အ​ပြေးဖက်​​တော့ ဖက်​၍မရ..
ထပ်​ခါထပ်​ခါ ဖက်​ရန်​ကြိုးစား​သော်​လည်း အရာမထင်​ခဲ့..

"​ဘေဘီ..."

"ကိုကို..
ဘေဘီ​ပြောတာနား​ထောင်​.."

"​ဘေဘီ မရှိရင်​လဲ ကိုကို ​ပျော်​​ပျော်​​နေရမယ်​​နော်​."

ကိုကို //Yoonmin (Zawgyi Version)Where stories live. Discover now