"ဗုန်း...."
"ငါ့ လခွမ်း...!!!"
စာကြည့်တိုက်ထဲ စာဖတ်နေရင်းရှေ့ကိုကျလာတဲ့မဲမဲအရာကြီးနှင့်အတူ အသံပါကြားလိုက်ရတာမို့ jungkook လန့်ကာ အော်မိသွားသည်...
စီခနဲ ရယ်သံတွေကြောင့်ရှက်ရှက်နှင့်ရှေ့ကိုကြည့်လိုက်တော့ park jimin လွယ်အိတ်ပင်..
ဘာတွေဒေါကန်လာလဲမသိပေမဲ့ သူ့မျက်နှာတွတ်တွတ်ရဲနေပုံအရ တော်ရုံဒေါသတော့မဟုတ်မှန်းသိပါသည်..
Yoongi hyung နဲ့ ပြဿနာတက်လာသည်ထင်၏...
"Jimin ဘာတွေဖြစ်လာတာလဲကွာ
အလန့်တကြား.."
ဂျာကင်အမဲကို အထဲက လက်ရှည်လည်ပင်းတခုလုံးဖုံးသော အနွေးထည် အသားရောင်ဝတ်ထားကာ
ဂျင်းအပြာရင့်ရင့်နှင့် parkjimin သည် ခါးကိုလက်ထောက်လျက် မီးတောက်လောက်သည့် နဂါးမျက်ဝန်းများနှင့် jungkook ကိုတချက်ကြည့်ကာ ခုံမှာဝင်ထိုင်သည်
ထို့နောက် ခုံ ပေါ်လက်နှစ်ဖက်စလုံးတင်လိုက်ပြီး လက်ဖဝါးအချင်းချင်းဆုပ်ကိုင်လျက်..
"ဘာဖြစ်ရမှာလဲ
ဟို လူကြီးပေါ့..
ငါ့ကို ရိုင်းသလေးဘာလေးနဲ့
သူကဘယ်လောက်များယဉ်ကျေးနေလို့လဲ..."
ဘာတွေဖြစ်လာသလဲမသိပေမဲ့
ဖတ်လတ်စစာအုပ်ကိုပိတ်လျက် jimin ကိုကြည့်လိုက်သည်...
"ဘာတွေဖြစ်လာလဲ ငါ့ကိုပြော.."
"ဘာဖြစ်ရမှာလဲ..
မနက်စာစားချိန် မောနင်းလို့မပြောလို့တဲ့ ငါ့ကို မသင်ထားဘူးလား ဘာညာနဲ့..
နောက်ပြီးတော့ ငါ့ဘာသာငါ မစားချင်တော့လို့ ထထွက်လာတာကို ဘာအချိုးလဲတဲ့ ရိုင်းတယ်ဘာညာနဲ့..
သူကဘယ်လောက်များယဉ်ကျေးနေလို့လဲ...
တောက်!!!
မွေးစားသားကများ.
ငါ့ကို ဟောက်ရအောင်သူက ဘာကောင်မို့လို့လဲ..."
"ဟာ..park jimin..
အဲ့ဒါ မင်းထက် ၁၆ နှစ်တောင်ကြီးတဲ့ မင်းအကိုလေ...
"ကောင် " ဆိုတဲ့အသုံးအနှုန်းကတော့မမိုက်ဘူးကွာ..."
မျက်လုံးကြီးပြူးကာ အံကြိတ်လျက်ကြည့်လာသည့် Park jimin...
"မင်းလဲ အခုသူ့ဘက်ကပါနေတာလားဟမ်...
မင်းကိုဘယ်လောက်ပေးထားလဲ..
ပြောစမ်းပါဦး!!!"
YOU ARE READING
ကိုကို //Yoonmin (Zawgyi Version)
Fanfictionကျွန်တော့်ရဲ့ချစ်ခြင်းတွေ ကျွန်တော့်ရဲ့မြတ်နိုးခြင်းတွေဟာ ကိုကို့ရဲ့ အေးစက်လွန်းတဲ့ အကြည့်တွေ ကိုကို့ရဲ့ ပြတ်သားတဲ့ နှုတ်ခမ်းပါးတွေအောက်မှာ အစိပ်စိပ်အမြွှာအမြွှာပဲ့ကြွေလေရဲ့... My Special Prebirthday present for my lovely @y...
