ကိုကို - ၇

4.4K 548 274
                                    

အမုန်းတရားကစတဲ့ အချစ်တခုဟာ
ကြောက်စရာကောင်းလောက်အောင် ကျွန်တော့်ရင်ဘတ်ကို ထိုးခွဲခဲ့တယ်...

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အခုတလော ဘေဘီ သူ့ကိုရှောင်နေသည်ထင်ပါသည်...
မျက်နှာချင်းဆိုင်တွေ့ရတဲ့နေ့ရယ်လို့ကိုမရှိခဲ့ပါ...

ခါတိုင်းအိပ်ရာထ နောက်ကျတတ်သော ဘေဘီသည် သူနိုးလာ၍ အခန်းထဲဝင်ကြည့်လျင်မရှိတော့..
ကျောင်းကိုအစောကြီးသွားပုံရသည်..
ညဖက်တွေဆိုလဲ ဘယ်ချိန်ပြန်လာမှန်းမသိရ...

ပြောရလျင် တနေ့လုံးကိုမတွေ့ရတာဖြစ်သည်...
စိတ်ဆိုးနေတုန်းခဏဖြစ်ပါလိမ့်မည်ဟု လွှတ်ထားမိသော်လည်း တပတ်ကျော်နေပပြီ...
တခါတခါ အိမ်ကိုပြန်လာရဲ့လားဟုတောင်တွေးမိသည်အထိ...

မဖြစ်ပါ...
ဒီနေ့ညတော့ ပြန်အလာကိုစောင့်ရပေမည်...
ဆူရပြန်ဦးမည်...

သက်ပြင်းချလျက် ဝရံတာတွင်မတ်တပ်ရပ်ကာ အိမ်ရှေ့အိမ်ကိုငေးနေမိသည်...
သူမကိုများတွေ့ရမလားဟူသောအတွေးဖြင့်....

သူ့အဖြစ်လဲရယ်စရာကောင်းလှသည်..
တခါပဲနှုတ်ဆက်ဖူးသောမိန်းကလေးတစ်ယောက်အတွက်နှင့် ညီဖြစ်သူနှင့် ပြဿနာတက်သည်...
ထိုသို့ ပြဿနာ တက်ရလောက်အောင် သူမကိုစွဲလမ်းနေမိသည်က ပြဿနာပင်မဟုတ်ပါလား....

လက်ကကော်ဖီခွက်ကိုမော့သောက်ရင်း..အိမ်ရှေ့ကို ထိုးရပ်လာသော ကားကိုမျက်စိရောက်သွားသည်...

Taehyung က သူ့ဘာသူတိုက်ခန်းဝယ်လျက် နေနေပြီမို့ taehyung များအလည်လာတာလားဟုတွေးမိသည်...

သို့သော်..ကားတံခါးဖျတ်ခနဲပွင့်လာပြီးနောက် ဆင်းလာသူက ဘေဘီရယ်..

ကားထဲခေါင်းငုံ့လျက် စကားပြောနေပုံရသည်...
ထို့နောက်မောင်းထွက်သွားသောကားကိုလက်ပြနေသေးသည်....

ဘယ်သူ့ကားများပါလိမ့်....

Jungkook ကားမမောင်းတတ်တာ သူသိတာမို့ jungkook ကားမဖြစ်နိုင်..

ဘယ်သူ့ကားနဲ့လာတာပါလိမ့်...

လွယ်အိတ်ကိုပုခုံးပေါ်တွင် တဖက်စောင်းလွယ်လျက် အိမ်ထဲဝင်လာသော ဘေဘီ ကို စကားပြောရန်အလို့ငှါ သူအိမ်အောက်ထပ်သို့ ဆင်းလာခဲ့သည်.....

ကိုကို //Yoonmin (Zawgyi Version)Where stories live. Discover now