အဖြူရောင် မျက်နှာကျက်..
အဖြူရောင် နံရံ..
အဖြုရောင်ခန်း ပြတင်းပေါက်ဘောင်
အဖြူရောင် ခုံကလေးများ...
မွှန်ထူနေသော ပိုးသတ်ဆေးနံ့များကိုတခုချင်းလိုက်လံငေးကြည့်နေမိရင်းမှ အဘယ်ကြောင့် ထပ်မံနိုးထလာရသနည်းဟု တွေးမိသည်....
အမှန်ဆို ကျွန်တော်ထာဝရအိပ်ပျော်သွားသင့်သည်..
ကျွန်တော် ထပ်မံ၍နိုးထလာဖို့ အကြောင်းပြချက်သည် အတည် တကျမရှိပါချေ...
ကုတင်ခေါင်းရင်းကိုကျောခုထိုင်နေရင်း ခေါင်းအုံးတလုံးကိုရင်ဘတ်မှာပိုက်ထားမိလျက် ထိုခေါင်းအုံးပေါ်မျက်နှာမှောက်ချလိုက်သည်....
ထိုနောက် မျက်နှာမှောက်ထားရာမှ ပြန်ခွာလျက် ကြည့်လိုက်တော့ အဖြူရောင်ခေါင်းအုံးလေးမှာ ရေကွက်လေးတကွက်...
ကျွန်တော့်မျက်ရည်များလားဟု အလန့်တကြားတွေးမိသည်...
ကိုယ့်ပါးကိုယ်ပြန်စမ်းမိတော့ ကျွန်တော်မျက်ရည်ကျနေခဲ့သည်ပဲ...
သို့သော် မျက်ရည်ကျစရာခံစားချက်ကားရင်ဘတ်ထဲ ဗလာဖြစ်နေခဲ့သည်မှာ ဘာကြောင့်ပါလိမ့်....
ခေါင်းအုံးဖြူဖြူကိုငေးကြည့်လျက် တွေးလိုက်မိသည်....
အဖြူရောင်ဆိုသည်မှာ စွန်းထင်းခံဖို့သဘာဝအရဖန်တီးခံရခြင်းသာမဟုတ်ပါလား....
"ဘေဘီ...
ဘာလို့ ထိုင်နေတာလဲ..
လှဲနေဦးလေ..
နေမကောင်းသေးဘူးလေ"
ဘေးကအသံကြားမှ ကျွန်တော့်ဘေးတွင် ကိုကိုရှိနေမှန်းသတိရသည်...
သြော်...ကျွန်တော်၏ ရှင်သန်ခြင်းအကြောင်းပြချက်သည် ကိုကိုဖြစ်နေခဲ့သည်ပဲ..
ဘုရားသခင်ကကျွန်တော့်အား ဒဏ်ခံလိုက်ပုံရသည်..
ကျွန်တော်သည် ထိုလူသားနားတွင် မပေါင်းဖက်ရခြင်းဟူသော ဝေဒနာကို မသေရုံတမယ် ခံစားရန်ဟူ၍....
ထိုဒဏ်ချက်ကိုခံစားရန် ထပ်မံရှင်သန်ခွင့်ပေးလိုက်သည်လားပင်မသိ...
ကျွန်တော်ထပ်ကာ နာကျင်မှုများခါးစီးခံဖို့ လူ့လောကသို့တစ်ခေါက်ပြန်ရောက်လာရပြန်သည်....
"ရေသောက်ချင်လို့လား..ဘေဘီ"
စိုက်ကြည့်နေသည်မှာကြာနေပြီမို့ထင့် ရေသန့်ဗူးထဲကရေကို ဖန်ခွက်ထဲထည့်လျက် နှုတ်ခမ်းနားတေ့ပေးလာသည်...
ဖန်ခွက်အနားသား၏ အေးစက်မှုသည်နှုတ်ခမ်းကို ထိတွေ့ပြီးနောက် ဘယ်ဘက်ရင်အုံက တဒိန်းဒိန်းဆူညံလာသလို ကျွန်တော့်နှုတ်ခမ်းများလဲ ပြုံးရောင်သမ်းသွားသည်...
YOU ARE READING
ကိုကို //Yoonmin (Zawgyi Version)
Fanficကျွန်တော့်ရဲ့ချစ်ခြင်းတွေ ကျွန်တော့်ရဲ့မြတ်နိုးခြင်းတွေဟာ ကိုကို့ရဲ့ အေးစက်လွန်းတဲ့ အကြည့်တွေ ကိုကို့ရဲ့ ပြတ်သားတဲ့ နှုတ်ခမ်းပါးတွေအောက်မှာ အစိပ်စိပ်အမြွှာအမြွှာပဲ့ကြွေလေရဲ့... My Special Prebirthday present for my lovely @y...
