ရှေ့တွင်ချထားသော ဟင်းခွက်ကိုကြည့်ကာ jimin သက်ပြင်းငွေ့ငွေ့ချမိသည်...
စိတ်ပျက်တယ်...
ဘာလို့ ဒီဟင်းလဲ.!!!
ကျွန်တော့်ကို သေစေချင်နေတာလား!!!စိတ်ထဲကဒေါသတကြီးအော်ဟစ်မိပေမဲ့ စကားသံကတော့လည်ချောင်းဝမှာတစ်ဆို့နေခဲ့သည်...
"Emilia ထည့်စားနော်..."
Emilia ပန်းကန်ထဲ ဟင်းတွေတယုတယ ခပ်ထည့်ပေးနေသော ကိုကို့ကို မျက်လုံးလှန်ကြည့်မိသည်...
Emilia ကလဲ ရှက်ပြုံးလေးဖြင့်
"စားပါတယ် ကိုကလဲ"
ဟုပြန်ပြောသည်....
အလိုမကျသလို မျက်ခုံးတွေတွန့်ချိုးမိသည်...
ကျစ်..လူကြီးတွေရှေ့ရောက်နေတာတောင်မိုးမမြင်လေမမြင်ဖြစ်နေကြသလား...
"ဟဲ့..သားငယ်..ဘာကြည့်နေတာလဲ.
မင်းကိုကို ကို အားကျနေတာလား..
စားစရာရှိတာမစားပဲနဲ့"ဘေးက ဝင်ပြောတဲ့မားကြောင့်ထင့်...
ကိုကို့ မျက်ဝန်းတွေ သူ့ဆီဝေ့ခနဲရောက်လာသည်...
ခပ်ယဲ့ယဲ့ ပြုံးပြပေမဲ့ အားနာရိပ်တွေစွန်းထင်းနေတဲ့ မျက်ဝန်းကို သူအဓိပ္ပါယ်ကောက်တတ်ပါသည်...
Jimin အကြည့်တွေကို ကိုယ့်ရှေ့ကဟင်းခွက်ပေါ်ကိုသာ လွှဲကြည့်လိုက်သည်..
ပုဇွန်...ပုဇွန်...
သူနဲ့ မတည့်သောအစားအစာ..
နဲနဲလေး စားမိတာနှင့်ပင် အသက်ရှုကြပ်စေသောအစားအစာ..မား...မေ့နေတာလား..
မေ့ချင်ယောင်ဆောင်နေတာလားဒါမှမဟုတ်...
ကျွန်တော့်ကိုများ သေစေချင်နေတာလား...
Jimin သက်ပြင်းသာချမိပါသည်...
အမှန်တော့ ဖြစ်ပုံက ဤကဲ့သို့ဖြစ်သည်
Emilia အိမ်မှာ ညစာစားဖို့ ကိုကို့ကိုဖိတ်ပေမဲ့ Emilia မိဘတွေက အလုပ်အရမ်းများတာမို့ ညစာစားပွဲကိုဖျက်ကာ emilia ကို ကိုကိုက ပြန်ခေါ်လာခြင်းဖြစ်သည်...
"သားငယ်...ငိုင်မနေနဲ့ ထည့်စားလေ"
ရှေ့က ပုဇွန်ကို ကောက်ယူကာ သူ့ပန်းကန်ထဲ ထည့်ပေးသောအခါ..
Jimin စိတ်ဓာတ်အကြီးအကျယ်ကျမိသည်...
![](https://img.wattpad.com/cover/147471797-288-k598999.jpg)
YOU ARE READING
ကိုကို //Yoonmin (Zawgyi Version)
Fanfictionကျွန်တော့်ရဲ့ချစ်ခြင်းတွေ ကျွန်တော့်ရဲ့မြတ်နိုးခြင်းတွေဟာ ကိုကို့ရဲ့ အေးစက်လွန်းတဲ့ အကြည့်တွေ ကိုကို့ရဲ့ ပြတ်သားတဲ့ နှုတ်ခမ်းပါးတွေအောက်မှာ အစိပ်စိပ်အမြွှာအမြွှာပဲ့ကြွေလေရဲ့... My Special Prebirthday present for my lovely @y...