မိုးရာသီရောက်ပြီဖြစ်၍ မိုးကလည်း တစ်နေ့လုံး အငြိုးနှင့် ရွာချနေသည်။
အပြင်ဖက်တွင် ထွန်းထားသော လမ်းမီးအရောင်ကြောင့် မိုးစက်ကလေးများက ပိတ်ထားသော ပြတင်းပေါက်မှန်ပေါ်မှ
ကောက်ကွေ့စွာ တသွင်သွင် စီးကျနေသည်ကို မြင်နေရ၏။သည်းထန်စွာ ငိုကြွေးနေသော မိန်းမလှလေး၏ ပါးပြင်ထက်မှ မျက်ရည်စီးကြောင်းများကဲ့သို့ပင်...
မြို့အပြင်ဖက်နားတွင်ရှိသော နန်းတော်တမျှခမ်းနားသည့် ရဲတိုက်ကြီးထဲတွင် စမ်းသပ်ချက်များနှင့် အလုပ်ရှုပ်နေသော အဖေဖြစ်သူ သုသေသနပညာရှင်ကြီး Ryanနှင့် "ရေအဏ္ဏဝါ"အမည်ရ စာအုပ်ကို စိတ်ဝင်တစား (အသံထွက်)ဖတ်ရှုနေသော သားဖြစ်သူ Ryuuနှစ်ယောက်သာရှိ၏။
"အများစုသော Jellyfishများ မျိုးပွားလျှင် အလွန်ရိုးရှင်း၏။
ရေထဲသို့ spermနှင့် eggsများ ပမာဏများပြားစွာ ထုတ်လွှတ်လိုက်ကြပြီး အများစုမှာ ပျောက်ဆုံးသွားကြ၏။
သို့ရာတွင် ၎င်းတို့၏ မျိုးဆက်သစ်များ ဖန်တီးဖို့ရာ လုံလောက်၏။
Box jellyfishများကမူ မရင်းနှီးသောအမူအရာ၊ အသွင်အပြင်များရှိကြ၏။
Jellyfishမျာမှား ကျောရိုးမဲ့ သတ္တဝါများဖြစ်ကြပြီး
ဦးနှောက်၊ နှလုံး၊ သွေး၊ အဆုတ်၊ ဦးခေါင်း၊ မျက်လုံး၊ နားရွက်၊ နှာခေါင်းနှင့် ပါးဟပ်များ မပါရှိပါ။Box jellyfishများတွင်မူ
(လူသားများ၏ မျက်လုးံများကဲ့သို့ ပုံရိပ်မဖြစ်ပေါ်သော်လည်း)
ထူးဆန်းစွာပင် မျက်လုံးများ ပါရှိကြသည်။အချို့ jellyမျိုးစိတ်များက သွားများပါရှိကြသည်။
Beroid comb jellyfishမျိုးစိတ်တွင်မူ သွားပေါင်းရာနှင့်ချီ၍ အတန်းလိုက် ပါရှိတတ်သည်။
ထိုသွားများကို သေးငယ်သော အမွှေးအမျှင်များဖြင့် ဖွဲ့စည်းပြုလုပ်ထားပြီး ၎င်းတို့၏ သားကောင်များကို ထိုးဖောက်၊ ဆွဲဆုတ်၍ ၎င်းတို့၏ အစာအိမ်ထဲသို့ ပို့လွှတ်၏။

STAI LEGGENDO
Jelly & Me
Fantascienzaနည်းပညာနှင့် သိပ္ပံပညာများ ခောတ်နှင့်အညီ ပိုမိုတိုးတက်လာသည်နှင့်အမျှ Mutantမျိုးရိုးဗီဇပြောင်းထားသည့် လူများ၊ တိရိစ္ဆာန်များ၊ သန္ဓေပြောင်းလူသားများ ပေါ်ပေါက်လာသည်မှာ မထူးဆန်းတော့။ သန္ဓေပြောင်း jellyfishလူသားလေး တစ်ယောက် လူသားကမ္ဘာထဲသို့ ရောက်ရှိမွေးဖွား...