"ဒယ်ဒီ သားသားကျောင်းသွားပြီနော်"
"အင်း သား...
ကျောင်းမှာ ဂရုစိုက်နော်
ရန်မဖြစ်ရဘူး ကြားလား""ဟုတ် ဒယ်ဒီ"
"ညကျရင် ဒယ်ဒီ အိမ်ပြန်နောက်ကျမယ်နော်
သူငယ်ချင်းတစ်ယောက်နဲ့ တွေ့စရာရှိလို့
သားစားချင်တာ ဝယ်စားလိုက်နော်
ပိုက်ဆံရှိသေးတယ်မလား""ဟုတ် ရှိပါသေးတယ်
သားအတွက် စိတ်မပူပါနဲ့
သားလူကြီး ဖြစ်ပါပြီ""ဟုတ်ပါပြီဗျာ
လူကြီးလေးရယ်"«««
Ryuuမွေးပြီး သိပ်မကြာ
Ryuu၏ မိဘနှစ်ပါး ကွာရှင်းခဲ့ကြ၏။မာမီတစ်ယောက်...
ဒယ်ဒီက မိသားစုအတွက် အချိန်မပေးနိုင်သောကြောင့် ဟူသော အကြောင်းပြချက်ဖြင့် ကျွန်တော်တို့ သားအဖနှစ်ယောက်အား ထားခဲ့ပြီး နောက်အိမ်ထောင်ပြုသွားလေ၏။နောက်မှ သိလိုက်ရသည်က မာမီနှင့် ဒယ်ဒီမှာ မိဘပေးစား၍ ယူခဲ့ပြီး ဒယ်ဒီ့ကြောင့် မာမီ့ချစ်ရသူနှင့် ကွေကွင်းခဲ့ရသည်ဟု အငြိုးထားခဲ့၏။
မာမီမှာ ဒယ်ဒီ့ကို တစိုးတစိကလေးမျှ မချစ်...
ထို့ကြောင့်လည်း ဒယ်ဒီနှင့် ကျွန်တော့်ကို လှည့်ပင်မကြည့်ဘဲ ထားရက်ခဲ့နိုင်ခြင်း...
ထို့အကြောင်းတွေကို သိခဲ့ရသော်လည်း မာမီ့ကို မမုန်းတီးမိ...
ကျွန်တော့်ကို ဖခင်မေတ္တာ၊ မိခင်မေတ္တာ အပြည့်ပေးသော ဒယ်ဒီနှင့် ထားရစ်ခဲ့ခြင်းကြောင့်ပင် ပို၍ကျေးဇူးတင်မိ၏။
ဒယ်ဒီမှာ အလုပ်ကို အသက်တမျှချစ်သော်လည်း ကျွန်တော်လိုအပ်တာမှန်သမျှ မငြီးမငြူလုပ်ပေးရှာသည်။
ဖြည့်ဆည်းပေးရှာသည်။
ထို့ကြောင့်လည်း အလုပ်များသော ဒယ်ဒီ့ကို အပြစ်မတင်မိ။
ကျွန်တော့်အတွက် ကြိုးစားပေးနေသည်မဟုတ်ပါလား။
»»»
"သား ဘာတွေတွေးနေတာတုန်း
သွားတော့လေ
ကျောင်းနောက်ကျတော့မယ်""ဘာမှမဟုတ်ပါဘူး
သားသွားပြီ ဒယ်ဒီ""အေး..အေး..
သား"
YOU ARE READING
Jelly & Me
Science Fictionနည်းပညာနှင့် သိပ္ပံပညာများ ခောတ်နှင့်အညီ ပိုမိုတိုးတက်လာသည်နှင့်အမျှ Mutantမျိုးရိုးဗီဇပြောင်းထားသည့် လူများ၊ တိရိစ္ဆာန်များ၊ သန္ဓေပြောင်းလူသားများ ပေါ်ပေါက်လာသည်မှာ မထူးဆန်းတော့။ သန္ဓေပြောင်း jellyfishလူသားလေး တစ်ယောက် လူသားကမ္ဘာထဲသို့ ရောက်ရှိမွေးဖွား...