"ငါတို့ ဒီနေ့ ကလေးဆီသွားရအောင်ကွာ
ငါ အရမ်းလွမ်းနေပြီကွ ""အေး သွားမယ်လေ"
"လမ်းမှာ စားစရာတွေ ဝယ်သွားရအောင်
ကလေးက အချိုကြိုက်တယ်""ကုန်တိုက်မှာ ဝင် ဝယ်လိုက်မယ်လေ"
"အင်း"
ရူနှင့် ရန်တို့ နှစ်ယောက်သား ကုန်တိုက်တွင် စားစရာများ ဝယ်ခြမ်းပြီး
"ရူ ခဏလေး ငါ့ပိုက်ဆံအိတ်ကျန်ခဲ့လို့"
"okok
ငါဒီကပဲစောင့်နေမယ် ရန်
ပစ္စည်းတွေက အများကြီးသယ်ထားရတာ
ညောင်းတယ်""အေး ခဏနော်"
ရန်ထွက်သွားပြီး သိပ်မကြာ...
"ရူ.. "
"ဒေလီယာ
မင်းက ဘယ်လို?? အု.. အု.. 😷""ခေါ်သွားလိုက်"
လူထွားကြီး နှစ်ယောက်က ရူ့ပါးစပ်ကို မေ့ဆေးပုဝါဖြင့် အုပ်ကာ ခေါ်ဆောင်သွား၏။
ရန်ပြန်ရောက်လာတော့ ရူမရှိတော့...
"ပစ္စည်းတွေလဲ ပြန့်ကျဲလို့
ဘယ်သွားတာလဲ မသိ
ဖုန်းဆက်တာလဲ မကိုင်ဘူး
တစ်ခုခုများဖြစ်လို့လား"ရန်လည်း ရိုင်ယန်နှင့် မီဆာကီတို့ကို အကြောင်းကြားကာ ရူရှိနိုင်မည့်နေရာအားလုံး လိုက်လံရှာဖွေနေကြသည်။
.....................
"အင်း... "
ရူ နိုးလာတော့ မရင်းနှီးသော နေရာတစ်ခုသို့ရောက်နေ၏။
ရူထဖို့ကြိုးစားကြည့်သော်လည်းမရ။
ကုတင်တစ်လုံးပေါ်တွင် ရူ့အား ကြိုးတုပ်ကာ ပါးစပ်ကိုပါ အဝတ်ဖြင့် ဆို့ထားသေးသည်။
"နိုးပြီလား ရူ"
"အု.. အင်.. အင်း"
"မရုန်းပါနဲ့
အားလုံးပြီးသွားရင် ရှင့်ကိုလွှတ်ပေးမှာပါ"ring~ ring~ ring~
"ရူ့ဖုန်းနံပါတ်ပဲ
ဟဲလို""ဟာရူ "
"မြေခွေးမ"
"ဘာ... "
"မှားလို့ သရဲမကြီးလို့"
![](https://img.wattpad.com/cover/150126286-288-k676060.jpg)
YOU ARE READING
Jelly & Me
Science Fictionနည်းပညာနှင့် သိပ္ပံပညာများ ခောတ်နှင့်အညီ ပိုမိုတိုးတက်လာသည်နှင့်အမျှ Mutantမျိုးရိုးဗီဇပြောင်းထားသည့် လူများ၊ တိရိစ္ဆာန်များ၊ သန္ဓေပြောင်းလူသားများ ပေါ်ပေါက်လာသည်မှာ မထူးဆန်းတော့။ သန္ဓေပြောင်း jellyfishလူသားလေး တစ်ယောက် လူသားကမ္ဘာထဲသို့ ရောက်ရှိမွေးဖွား...