13

1.4K 128 2
                                    

ဟာရူ မျက်လုံးနှစ်လုံးကို အသာဖွင့်ကြည့်လိုက်တော့ ကန်ကြီးတစ်ကန်ထဲတွင် ရောက်နေပြီး ခန္ဓာကိုယ်ကလည်း လူတစ်ပိုင်း jellyfishတစ်ပိုင်းသို့ပြောင်းနေ၏။

"ကိုကို...
ကိုကို... "

ရူ့ကိုသာ ခေါ်နေသော်လည်း ပါးစပ်လှုပ်ရုံသာလှုပ်ပြီး အသံက ထွက်မလာ...

ရေဘောလုံးလေးများသာ ဖြစ်သွား၏။

ထိုကန်ကြီးထဲမှထွက်ရန် အပေါက်လိုက်ရှာတော့လည်းမတွေ့...

"အဟက်
မင်းနိုးလာပြီပဲ"

ခုနက ဟာရူ့ကို ကားပေါ်တင်ပြီး ခေါ်လာတဲ့လူ ကော်ဖီခွက်လေးကိုင်ပြီး ဝင်လာ၏။

»»»

ပြောတော့ ကိုကို့ဆီသွားမယ်ဆိုပြီး ဘာလို့ ဟာရူ့ကို ဒီကန်ကြီးထဲထဲ့ပြီး ပိတ်ထားရတာလဲ?

ကိုကိုရော ဘယ်လိုတွေဖြစ်သွားပြီလဲ?

ကိုကို အဆင်မှပြေရဲ့လား?

ခင်များကရော ဘယ်သူလဲ?

«««

ဟာရူမေးချင်ပေမဲ့ အချည်းအနှီးသာ...

"ဒီမှာ မင်းနဲ့ငါ နှစ်ယောက်ပဲရှိတယ်
မင်း သိချင်တာတွေ များနေမှာပေါ့"

ထိုလူက ကန်ကြီး၏အရှေ့ ဆိုဖာပေါ်တွင် ခြေနှစ်ချောင်းကို ချိတ်ထိုင်လိုက်ပြီး စီးကရက်တစ်လိပ်ကို မီးညှိလိုက်၏။

စီးကရက်ကို တစ်ချက် ရှိုက်လိုက်ပြီး ထွက်လာသော အငွေ့များကို အကွင်းအကွင်းလေးများဖြစ်အောင် မှုတ်ထုတ်လိုက်ပြီးမှ...

"ငါ့နာမည် ရှီနို...
ဒေလီယာ့ အဖေရဲ့ အတွင်းရေးမှူး..
ငါနဲ့ ဒေလီယာက ငယ်ငယ်ကတည်းကသိလာကြတာ..
ငယ်ကတည်းက ဒေလီယာ့အပေါ် စိတ်ဝင်စားခဲ့မိတယ်..
တစ်ရက်တော့ သူမကို ဖွင့်ပြောမယ်ဆိုပြီး တိတ်တဆိတ်ပဲ ခိုးချစ်ခဲ့တယ်..
ရူပေါ်မလာခင်အထိတော့ အားလုံးက အဆင်ပြေချောမွေ့နေပြီး သူပေါ်လာမှ ဒေလီယာက ငါ့အပေါ် ဆက်ဆံတာတွေပြောင်းလဲကုန်တယ်..
အလုပ်သမားက အလုပ်သမားလိုနေတဲ့..
ငယ်ငယ်ကတည်းက သူမကြောင့် ငါအကုန်သည်းခံပြီး နေလာခဲ့တယ်ဆိုတာ သူမမှမသိဘဲ...
အားလုံးက အဲ့ရူဆိုတဲ့ကောင်ကြောင့်..
အခု ဒေလီယာလဲ ထောင်နန်းစံနေရပြီ..
ရူက မင်းကိုတော့ တော်တော်ချစ်ပြီးတန်ဖိုးထားပုံပဲ အဟက်😀
ငါ့ဆီကနေ ဒေလီယာ့ အချစ်တွေကို လုယူသွားပြီး
ငါချစ်ရတဲ့သူကို ဒုက္ခရောက်စေလို့ မင်းကို ငါခေါ်လာခဲ့တာပဲ..
သူ့ကိုလဲ တဖန် ပြန်ခံစားစေချင်လို့ပေါ့.."

Jelly & Me Où les histoires vivent. Découvrez maintenant