ရူ လိုအပ်တာများဝယ်ရန် ဈေးသို့ ထွက်လာခဲ့၏။
ဝယ်စရာရှိတာ ဝယ်ယူပြီး အပြန် ဟာရူလေးစားဖို့ ice-cream နှင့် ပီဇာ မှာနေစဉ်...
"သား ရူမလား"
"ဟုတ်ကဲ့ အန်ကယ်
မုန့်လာစားတာလား""ဟုတ်တယ်သားရေ
ဒီမှာလေ
အန်ကယ့်သမီးလေးက ရေခဲမုန့်စားချင်တယ်ဆိုလို့""ဟုတ်"
"ဒါက အန်ကယ့်သမီး ဒေလီယာတဲ့
သမီး ဒါက အန်ကယ် ရိုင်ယန်ရဲ့သား ရူတဲ့""ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ် ခင်ဗျ"
"ဟုတ် တွေ့ရတာ ဝမ်းသာပါတယ်ရှင့်
ကျွန်မတို့နဲ့ မုန့်စားသွားပါအုံးလား""မစားတော့ဘူးဗျ
အိမ်မှာ ဒယ်ဒီတို့ စောင့်နေလို့ပါ""အော် ဟုတ်ကဲ့
နောက်တွေ့ရင်လဲ ခေါ်မယ်နော်""ဟုတ်ကဲ့ ခင်ဗျ
ဒါဆို ကျွန်တော် သွားလိုက်ပါအုံးမယ်
အန်ကယ် ကျွန်တော့်ကို ခွင့်ပြုပါအုံး""အေးအေးသား"
ရူ ခပ်သွက်သွက်သာ ထွက်လာခဲ့လိုက်သည်။
အန်ကယ့်ကိုတော့ အားနာပေမဲ့ ထိုမိန်းကလေး အကြည့်တွေကို ရူမကြိုက်။
အဝတ်အစားဝတ်ပုံက ခောတ်ဆန်လွန်းပြီး မျက်နှာမှာလည်း ကာလာစုံခြယ်သထားသေး...
"ဟူး...
နောက်မတွေ့ရရင် ပိုအဆင်ပြေမယ်"ဒယ်ဒီနှင့် ဟာရူလေးစောင့်နေသည်မို့ အိမ်သို့သာ မြန်မြန်ဆန်ဆန် ပြန်လာခဲ့လိုက်သည်။
"ကလေး
ဒီမှာ ကလေးအတွက် ရေခဲမုန့်နဲ့ ပီဇာ""ကိုကို ပြန်လာပြီ"
အထုပ်တွေ အိမ်ထဲ သယ်ကူပြီး စားပွဲပေါ်တင်ခဲ့ပေး၏။
ထို့နောက် ပီဇာနှင့် ရေခဲမုန့်ဗူးယူပြီး ဆိုဖာပေါ်တွင် ကျကျနနထိုင်ကာ ပီပီပြင်ပြင်စားနေ၏။
"ဒယ်ဒီရော"
"အောက်မှာ"
"ကိုကို့ကိုစောင့်ရင်း ကလေးက အိမ်မှာ ဘာတွေလုပ်နေတာလဲ"
"ကလေးလား...
TVကြည့်တယ်
အသီးတွေစားတယ်
ပုံတွေလျှောက်ဆွဲတယ်
စာအုပ်တွေဖတ်တယ်"
أنت تقرأ
Jelly & Me
خيال علميနည်းပညာနှင့် သိပ္ပံပညာများ ခောတ်နှင့်အညီ ပိုမိုတိုးတက်လာသည်နှင့်အမျှ Mutantမျိုးရိုးဗီဇပြောင်းထားသည့် လူများ၊ တိရိစ္ဆာန်များ၊ သန္ဓေပြောင်းလူသားများ ပေါ်ပေါက်လာသည်မှာ မထူးဆန်းတော့။ သန္ဓေပြောင်း jellyfishလူသားလေး တစ်ယောက် လူသားကမ္ဘာထဲသို့ ရောက်ရှိမွေးဖွား...