20(Final)

2.7K 189 5
                                    

"ပါပါး
မန်...မန်..."

မပြောတတ်ပြောတတ်လေးနှင့် ထမင်းတောင်းနေသော အမွှာလေးနှစ်ယောက်...

"မန်မန်စားတော့မှာလား သားတို့က...
လုပ်ပေးရမှာပေါ့ဗျာ"

ဟာရူ ထမင်းပျော့ပျော့လေးကို ကြက်ပေါင်းဟင်းရည်ဆမ်းကာ ကြက်သားနူးနူးအိအိလေးများကို အမျှင်သေးနိုင်သမျှသေးအောင်နွှာပြီး ထမင်းပေါ်တွင်ဖြူးလိုက်၏။

"သားသားတို့...
မန်မန်စားမယ်"

မန်မန်ဆိုသည့် အသံကြားသည်နှင့် ပြေးလာသော သားနှင့် သမီး အမွှာလေးနှစ်ယောက်ကို မလဲအောင်ထိန်းရင်း ထမင်းပန်းကန်ကိုလည်း မမှောက်အောင် ထိန်းရသေးသည်။

ထို့နောက် ဧည့်ခန်းရှိ TVရှေ့ကြမ်းပြင်တွင်ပင် ထိုင်ကာ အမွှာလေးနှစ်ယောက်ကို ထမင်းခွံ့ကျွေးရတော့သည်။

Puzzle လေးများ ဆက်သူကဆက်...
စက်ရုပ်ကြီးများနှင့် ဆော့သူကဆော့...

ဆော့ရင်းစားနေသည်မို့လား ဗိုက်ဆာ၍လားမသိ ထမင်းတစ်ပန်းကန်မှာ ခဏတဖြုတ်အတွင်း ကုန်စင်သွားလေသည်။

"သားသားတို့ မန်မန် ထပ်ယူအုံးမှာလား"

"အွန်း....အွန်း..."

"မဝသေးဘူးပေါ့ ပါးသားတို့က
ထပ်ထည့်ပေးမယ်နော် ခဏစောင့်"

ဟာရူ မီးဖိုချောင်တွင် ထမင်းပြင်နေစဉ်...

"ပြန်ရောက်ပါပြီ
ဝါး... ဒယ်ဒီ့ ကလေးတွေက ဆော့နေကြတာလား
မန်မန်စားပြီးပြီလား...
ပါပါးရော... "

အမွှာလေး နှစ်ယောက်ကလည်း သူတို့ ဒယ်ဒီကို တွေ့သည်နှင့် အပြေးအလွှား...

"ဒယ်.... ဒီ... "

"ဒယ်ဒီ့ကို မွှေးမွှေးပေးပါအုံး"

"မွ... မွ... "

"အား... ဒယ်ဒီ့သားသားမီးမီးတွေက ချစ်ဖို့ကောင်းလိုက်တာကွာ"

"ပြန်ရောက်ပြီလား ကိုကို"

"အင်း... ကလေး
လာပါအုံး ကို့ဆီ"

သားနှင့်သမီးကို တစ်ဖက်ဆီ ချီထားရင်းက ဟာရူ့ကို လှမ်းခေါ်နေသည်မို့ ဟာရူကလည်း အလိုက်သိစွာပင် သားနှင့်သမီးကြားထဲမှ လွတ်နေသော ရူ့ရင်ခွင်ကြီးထဲသို့ တိုးဝင်လိုက်၏။

Jelly & Me Where stories live. Discover now