14

1.6K 127 17
                                    

"ဘာတဲ့လဲ
ဟာရူလေး ဘယ်မှာလဲ"

"ရှီနိုတဲ့"

"အဲ့တာ ဘယ်နေရာမှန်းငါတို့လဲ မသိဘူး
ကြားမကြားဖူးပေါင်"

"သားကြီး အဲ့တာ ဒန်နီယယ်ရဲ့ အတွင်းရေးမှူး
သူ့အိမ်အရင် သွားကြည့်ကြတာပေါ့
ဒယ်ဒီ လိုအပ်တာတွေ ယူလိုက်အုံးမယ်"

"ဟုတ်"

"ရိုင်ယန် မင်း ကလေးဆီသွားမလို့လား"

"အင်း ဟီကို"

"ငါလဲ လိုက်ခဲ့မယ်လေ "

"မင်း နေမကောင်းသေးဘဲနဲ့"

"ကလေးက ငါတို့နှစ်ယောက်ရဲ့ကလေးပါကွာ
ငါလိုက်ခဲ့မယ်
ဆေးတွေ ယူသွားမှာမလား
လာ ငါသယ်ကူမယ်"

"အန်ကယ် ဟီကိုပါ လိုက်မှာလား"

"အင်း"

"ဒယ်ဒီနဲ့ အန်ကယ်က ရှေ့ကမောင်းလိုက်
ကျွန်တော်တို့ နောက်ကလိုက်မယ်
မီဆာကီ ရန် သွားမယ် တက်"

"ရန့်ကို မောင်းခိုင်းလိုက် ရူ
နင်မောင်းရင် နင်စိတ်မငြိမ်တာနဲ့ ငါတို့အားလုံး ကွိနေမယ်"

"အင်း တက်ကြ မြန်မြန်"

"မြန်မြန်လေး မောင်းလို့မရဘူးလား ရန်
ငါ့စိတ်ထဲ ထင့်နေတယ်
ကလေး တစ်ခုခုဖြစ်နေပြီ"

"ငါလဲ မောင်းနေတာပဲ
ရူ အရင် မင်းစိတ်ကို အေးအေးထား
ရောက်တော့မှာ
ဟာရူလေးလည်း ဘာမှမဖြစ်လောက်ပါဘူး"

"အေးပါကွာ"

ရူတို့ ရှီနို့အိမ်ရောက်တော့ ကြမ်းပြင်ပေါ်တွင် ခွေခွေလေးလဲကျနေသော ဟာရူနှင့် စားပွဲခုံကိုမှီကာ သတိလစ်နေသော ရှီနိုကို တွေ့လိုက်ရ၏။

"ကလေး...
ကလေး ထအုံးလေ ကိုကိုလာပြီလေ
ဒယ်ဒီ ကလေးကို ကြည့်ပေးပါအုံး"

ဟာရူလေးမှာ ရှီနို့ကို တိုက်ခိုက်စဉ်က ရခဲ့သော ပြတ်ရှ ဒဏ်ရာများက ခန္ဓာကိုယ်အနှံ့...

ထို့ပြင် ရှီနို ထိုးခဲ့သော အဆိပ်ကြောင့် တစ်ကိုယ်လုံး အပြာရောင်မှ တဖြည်းဖြည်း အပြာနု...

နောက် အကြည်ရောင်ဖက်သို့ ကူးလာလေပြီ...

ရိုင်ယန်လည်း တစ်ချက် စစ်ဆေးကြည့်ပြီးမှ
ရူ့ဖက်လှည့်ကာ ခေါင်းခါပြလိုက်၏။

Jelly & Me Where stories live. Discover now