°°°သိပ္ပံစမ်းသပ်ရေး ဌာနချုပ်၏ ဌာနမှူးဖြစ်သူ ဦးဒန်နီရယ်ကို
သန္ဓေပြောင်းလူသားတွေ မှောင်ခိုရောင်းဝယ်ဖောက်ကားမှု၊ ကလေးသူငယ်များဖြင့် စမ်းသပ်မှုများ ပြုလုပ်နေမှု၊ အဂဓိလိုက်စားမှုတို့ စစ်ဆေးပေါ်ပေါက်ခဲ့လို့ ယနေ့ညနေမှာ တရားစီရင်ခဲ့ပါတယ်...သန္ဓေပြောင်းလူသားစမ်းသပ်နေစဉ်အတွင်း သေဆုံးခဲ့သည့် ကလေးများမှာ အရေအတွက်များပြားသည့်အတွက် မိခင်များဖက်မှ သေဒဏ်ပေးရန် တောင်းဆိုဆန္ဒပြမှုများရှိခဲ့ပါတယ်...
တရားသူကြီး၏ ဆုံးဖြတ်ချက်အရ
ထောင်ဒဏ်နှင့် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပါတယ်။ဦးဒန်နီရယ်၏ သမီးဖြစ်သူ ဒေလီယာကိုတော့ သိပ္ပံ စမ်းသပ်ရေးဌာနရှိ ဒေါက်တာဟီကိုအား ခြိမ်းခြောက်အကြပ်ကိုင်ခဲ့ပြီး လူသတ်ရန်ကြံစည်မှုတို့ဖြင့် စုံစမ်းစစ်ဆေးဆဲလို့ သိရပါတယ်။
ထိုကိစ္စများနှင့် ပတ်သက်နေသည့် အပေါင်းအပါများအားလုံးကိုလဲ စစ်ဆေးဖော်ထုတ်သွားမယ်လို့ သိရပါတယ်...
စစ်ဆေးနေစဉ်ကာလအတွင်း ဒေလီယာကို အကျယ်ချုပ်ချထားမှာဖြစ်ကြောင်း သတင်းရရှိပါတယ်ရှင်°°°
"အဲ့မြေခွေးမက လွတ်နေတုန်းလား"
"ဟုတ်ပ"
"ငါတို့နိုင်ငံက ရဲတွေများနော် ငါမပြောချင်ဘူး ဟင်းဟင်း...
မိပဲမိနေပြီ လွှတ်ထားနေသေးတယ်""ဘာပဲဖြစ်ဖြစ် ကျေးဇူးပါ
အားလုံးက မင်းတို့ ကူညီလို့
မင်းတို့ကျေးဇူးကြောင့်ပါ"Flashback start...
တီ~တီ~
📩📩°°°'''ရူ လီ့ကိုရှောင်နေတာ တစ်ပတ်ရှိပြီနော်
လီပြောထားတာတွေ မမေ့လောက်သေးဘူးထင်ပါတယ်
မနက်ဖြန် လီ့ကို---မှာ လာတွေ့ပါ'''"ဒယ်ဒီ ဒေလီယာဖက်က လှုပ်ရှားတော့မယ်ထင်တယ်"
"ဒယ်ဒီတို့ အရင် လှုပ်ရှားကြတာပေါ့
ဒယ်ဒီ ရက်ကွက်ရုံး ခဏသွားမယ်
သားကြီးက (Ren)ရန်ကို ဖုန်းဆက်ခေါ်ထားလိုက်
သူနဲ့ဆို အဆင်ပြေလောက်တယ်""ဟုတ်"
.....................ရူလည်း ငယ်သူငယ်ချင်း ရန့်ကို ဖုန်းဆက်ကာ အကျိုးအကြောင်းပြောပြ အကူအညီတောင်းလိုက်၏။

ESTÁS LEYENDO
Jelly & Me
Ciencia Ficciónနည်းပညာနှင့် သိပ္ပံပညာများ ခောတ်နှင့်အညီ ပိုမိုတိုးတက်လာသည်နှင့်အမျှ Mutantမျိုးရိုးဗီဇပြောင်းထားသည့် လူများ၊ တိရိစ္ဆာန်များ၊ သန္ဓေပြောင်းလူသားများ ပေါ်ပေါက်လာသည်မှာ မထူးဆန်းတော့။ သန္ဓေပြောင်း jellyfishလူသားလေး တစ်ယောက် လူသားကမ္ဘာထဲသို့ ရောက်ရှိမွေးဖွား...