ရူ မနက် နိုးလာတော့ ပိုးတုံးလုံးလေးမှာ ရူ့လက်ညိုးလေးကို သူ့လက်သေးသေးလေးနှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ကွေးကွေးလေး အိပ်ပျော်နေ၏။
ရူ လက်ချောင်းလေး အသာဆွဲထုတ်လိုက်ပြီး ကလေးမနိုးခင် ဈေးသွားရန် ပြင်ဆင်လိုက်၏။
"သား ဈေးသွားမလို့လား"
"ဟုတ် ဒယ်ဒီ
အစောကြီး နိုးနေတာလား""အင်း
သားငယ်အတွက်
ငါးသေးသေးလေးနဲ့ ပုစွန်နဲနဲဝယ်ခဲ့အုံး""ဟုတ်
ကလေးနိုးရင် ဒယ်ဒီကြည့်ထားပေးအုံးနော်""ဟုတ်ပါပြီကွာ
ငါ့သားက ကလေးအဖေကျလို့""အာ...ဒယ်ဒီကလည်း
ကျွန်တော် ကလေးအစ်ကိုပါ""ဟားဟား
အဖိုးကြီးပေါက်စနဲ့တူနေပြီကွ""မဟုတ်တာ ဒယ်ဒီကလည်း...
သားသွားပြီနော်""အေးအေး
ကားကိုဂရုစိုက်မောင်း""ဟုတ်"
ဈေးရောက်သော် တစ်ပတ်စာ ချက်ရန်ဟင်းဝယ်လိုက်ပြီး
ငါးကလေးနှင့် ပုစွန်၊ ဂဏန်းတို့ကိုပါ တစ်ပတ်စာ ဝယ်လိုက်၏။ထို့နောက် ပစ္စည်းများအားလုံးကားပေါ်တင်ပြီး အရုပ်ဆိုင်သို့ မောင်းထွက်ခဲ့၏။
"ကလေးက ရေထဲက အကောင်တွေပိုကြိုက်မယ်ထင်တယ်"
ကလေးဆော့ဖို့ ဘောလုံး၊ dolphinရုပ်၊ jellyfishရုပ်များနှင့် တခြားရေသတ္တဝါငယ်အရုပ်များ၊ အခြားအကောင်အရုပ်ကလေးများပါ ဝယ်လိုက်၏။
ထိုမှတစ်ဆင့် အင်္ကျီဆိုင်သို့ သွားပြီး ဝက်ဝံရုပ် ခေါင်းစွပ်အင်္ကျီများ၊ ယုန်နားရွက်နှင့် ခေါင်းစွပ်အင်္ကျီများ၊ ပိုးတုံးလုံးပုံစံ အင်္ကျီလေးများ၊ အားကစားဝတ်စုံသေးသေးလေးများ နှင့် အခြားကလေးဝတ်အင်္ကျီများစွာ ဝယ်ခဲ့လိုက်သည်။
"ကလေးက ဒီအရုပ်အင်္ကျီလေးတွေဝတ်လိုက်ရင် ပိုချစ်ဖို့ကောင်းမှာ"
ရူ စာရေးပြီး ရလာသည့်ငွေများအားလုံး ကလေးအတွက် စုထားသလား ထင်မှတ်ရသည်။
တစ်ဖက်မှာတော့ ဟာရူလေး နိုးလာပြီး ရူ့ကိုမတွေ့တော့ ရူခြုံပေးခဲ့သော စောင်ပါးလေးကိုဆွဲကာ တစ်ခန်းလုံးပတ်ရှာနေ၏။
YOU ARE READING
Jelly & Me
Science Fictionနည်းပညာနှင့် သိပ္ပံပညာများ ခောတ်နှင့်အညီ ပိုမိုတိုးတက်လာသည်နှင့်အမျှ Mutantမျိုးရိုးဗီဇပြောင်းထားသည့် လူများ၊ တိရိစ္ဆာန်များ၊ သန္ဓေပြောင်းလူသားများ ပေါ်ပေါက်လာသည်မှာ မထူးဆန်းတော့။ သန္ဓေပြောင်း jellyfishလူသားလေး တစ်ယောက် လူသားကမ္ဘာထဲသို့ ရောက်ရှိမွေးဖွား...