16

1.5K 143 2
                                    

Ryuu's pov...

"ဟင်
ကလေးလေး"

ရူ့ကို ထိုကလေးကြည့်နေသည့် မျက်ဝန်းပြာပြာလေးများက ရူနှင့် စိမ်းမနေ...

"ကလေး မင်းမိဘတွေရော..."

ရူ အပြင်ဖက်ကို သေချာကြည့်လိုက်တော့လည်း ဘယ်သူမှမရှိ။

"ချီ~ချီ~"

လက်ကလေးကို ဆုပ်ကာ ဖြန့်ကာ ချီခိုင်းနေသည်မို့
ကလေးကို ချီကာ အိမ်ထဲ ဝင်လာလိုက်သည်။

"မိဘတွေလဲ မတွေ့ဘူး
ရဲစခန်းကို အကြောင်းကြားသင့်လား"

"ကို... ကို...
ခစ်ခစ်"

ရူ့ပါးကို ဆွဲလိုက်...
ရူ့လည်ပင်းကို သိုင်းဖက်လိုက်ဖြင့်...
မတွေ့တာကြာပြီး အခုမှ ပြန်တွေ့ရလို့ ဝမ်းသာပျော်ရွှင်နေသည့်နှယ်။

"စကားပြောတတ်တယ်လား
ကလေးနာမည်ဘယ်လိုခေါ်လဲ
ကလေး ဒယ်ဒီနဲ့ မာမီရော"

"ခစ်ခစ်"

ရူ အတော်ကြာသည်အထိ မေးသော်လည်း အနှီကလေးမှာ တခစ်ခစ် ရယ်သာနေသည်။

သိပ်မကြာလိုက် ရူ့လက်ပေါ်တွင် အိပ်ပျော်သွားလေသည်။

"ကလေး အိပ်သွားပြီပဲ... "

ရူ ကလေးကို ကုတင်ပေါ်အသာ သိပ်လိုက်ပြီး ကုတင် အစွန်းတွင်ထိုင်ကာ သေချာစွာ စူးစိုက်ကြည့်နေမိသည်။

မျက်လုံးပြာပြာလေးတွေက တခြားကလေးများနှင့်မတူ

မျက်တောင်ရှည်ရှည်လေးတွေက ကော့ညွတ်လို့

နှုတ်ခမ်းစူစူသေးသေးလေးနဲ့ ...

ပန်းရောင်လေး ယှက်ပြေးနေတဲ့ ပါးဖောင်းဖောင်းလေးတွေက ကိုက်စားချင်စရာ

အသားဖြူဖြူဥဥလေးမို့ သွေးကြောလေးများပင် မြင်နေရသည်။

မိုးပြာရောင် ဆံနွယ်လေးတွေက ပျော့ပျောင်းအိစက်နေပြီး
အသားတစ်တစ်လေးတွေကလည်း ဖောင်းဖောင်းအိအိ

လက်သေးသေး ခြေထောက်သေးသေးလေးတွေကလည်း အူယားစရာ...

သိပ်ချစ်ဖို့ ကောင်းတာပဲ ကလေးရာ...
(ရူမကိုက်စားရင် MZ အကောင်လိုက် မြိုချမိတော့မေ)

Jelly & Me Where stories live. Discover now