ပါးကို လာထိနေတဲ့ အိအိကလေး
ပြီးတော့ နှာခေါင်း၊ မျက်လုံး၊ နှုတ်ခမ်း နူးညံ့လိုက်တာ
သွားနဲ့ ဖွဖွလေးကိုက်ကြည့်လိုက်တော့..."ဗြဲ...😭
အား...အား...""ကလေး 😳
ကိုယ်တောင်းပန်ပါတယ်ကွာ
ကိုကိုက အိအိစက်စက်လေးမို့လို့ အူယားပြီး ကိုက်ကြည့်လိုက်တာ နာသွားလားဟင် ဖွဖွ"ကလေးလက် သေးသေးလေးကို နှုတ်ခမ်းနဲ့ ဖိပြီး အာငွေ့ပေးနေလိုက်သည်။
ငိုလဲ ငိုစရာ...
ကိုယ်ကိုက်လိုက်တာ လက်ခုံလေးမှာ သွားရာ အကွင်းလိုက်...
ကလေးက ငယ်သေးတော့ အသားနုနုလေးမလား..."အဟင့်..😭 sob sob"
"မငိုနဲ့တော့နော်
ကြည့်ပါအုံး သွားရာကြီး
ပြန်ကိုက်မယ် ကိုကို့လက်ကို"ရူ မိမိလက်ကို သွားရာ အကွင်းလိုက်ထင်အောင် ဖိကိုက်လိုက်၏။
ကလေးလက်သေးသေးလေးဖြင့် လာဆွဲပြီး ကိုယ်လုပ်ပေးသလို အာငွေ့ ပြန်ပေးနေ၏။
ထို့နောက် ရူ့လက်က သွားရာကို စိုက်ကြည့်နေပြီးမှ သူ့သွားသေးသေးလေးဖြင့် သွားရာထင်အောင်ကိုက်လိုက်၏။
ပြီးမှ တခစ်ခစ်ရယ်နေတာ...
ကလေးက အားသိပ်မထည့်တာမို့ ရူမနာ...
ရူကြည့်လိုက်တော့ ရူ့သွားရာ အကြီးကြီးထဲမှာမှ ကလေးသွားရာသေးသေးလေး...
ဒါကို သဘောကျပြီးရယ်နေတာကိုး...ရူ ဖုန်းအမြန်ယူလိုက်ပြီး သွားရာလေးကို ဓာတ်ပုံ မှတ်တမ်းတင်ထားလိုက်သည်။
ကလေး တခစ်ခစ်ရယ်နေသည့် ပုံနှင့်အတူ....
မကြာခင် သွားရာလေးတွေက ပြေပျောက်သွားမှာမလား...
"ဒါနဲ့ ကလေးက ဘယ်လို အပြင်ရောက်လာတာတုန်း"
ကလေးလက်ညိုးထိုးပြရာ မော့ကြည့်လိုက်တော့
ဒယ်ဒီ အပေါ်ထပ်မှ ဆင်းလာနေသည်။"ဒယ်ဒီ ထုတ်ပေးလိုက်တာ
ရေထဲမှာ သောင်းကျန်းနေလို့""ဒယ်ဒီ
ကလေးက မကြီးလာဘူးနော်
ကျွန်တော်က ကြီးလာမယ်ထင်နေတာ"
YOU ARE READING
Jelly & Me
Science Fictionနည်းပညာနှင့် သိပ္ပံပညာများ ခောတ်နှင့်အညီ ပိုမိုတိုးတက်လာသည်နှင့်အမျှ Mutantမျိုးရိုးဗီဇပြောင်းထားသည့် လူများ၊ တိရိစ္ဆာန်များ၊ သန္ဓေပြောင်းလူသားများ ပေါ်ပေါက်လာသည်မှာ မထူးဆန်းတော့။ သန္ဓေပြောင်း jellyfishလူသားလေး တစ်ယောက် လူသားကမ္ဘာထဲသို့ ရောက်ရှိမွေးဖွား...