7

1.9K 188 16
                                    

"အဲ့ကလေးမလေး အရင်က အဲ့လို မဟုတ်ပါဘူးကွာ"

"ဒယ်ဒီကလဲ
လူပဲ အပြောင်းအလဲတော့ ရှိတာပေါ့"

"အင်း...
ဒယ်ဒီတော့ သဘောမကျပါဘူးကွာ"

"သားလဲ သဘောမကျဘူး ဒယ်ဒီ"

"ဒယ်ဒီ အစက
အဲ့ကလေးမနဲ့ သားကို နေရာချထားပေးမလို့ပဲ
တော်သေးတာပေါ့ကွာ"

"ကျွန်တော် မိန်းမမယူဘူး ဒယ်ဒီ
ဒယ်ဒီနဲ့ ကလေးနဲ့ ရှိရင်ကို ကျွန်တော့်မိသားစုလေးက ပြည့်စုံပါပြီ"

"သားသဘောပါ
ဒယ်ဒီလည်း သားသဘောမကျရင် အတင်းမလုပ်ပါဘူး"

"ကျေးဇူးပါ ဒယ်ဒီ
နောက်ဆို ကျွန်တော့်ကို မိတ်ဆက်မပေးပါနဲ့တော့ဗျာ
ကျွန်တော် ကြောက်လို့ပါ"

"ဟားဟား
မင်းတင်မဟုတ်ဘူးဟေ့
ငါရော သားငယ်ရော "

"ဟားဟား"

နံရံနားကပ်ကာ နားထောင်နေသည့် ကလေးလေး၏ စိတ်ထဲတွင်တော့...

«««

ကိုကို့ကို ဘယ်သူ့မှ မပေးနိုင်ဘူး..

ကိုကိုက အရောင်မပါတဲ့
ဖြူစင်တဲ့ ညီအစ်ကို အချစ်နဲ့ ချစ်နေတယ်ဆိုရင်တောင်
ကလေး အရောင်ဆိုးပစ်ချင်မိတယ်ကိုကို..

ကလေးတစ်နေ့လုံး စဉ်းစားကြည့်ပြီးပြီ..

ကိုကို့ကို ကျွန်တော် အရောင်ပါတဲ့ အချစ်နဲ့ ချစ်နေမိပြီ

ကိုကိုတခြားသူဆီပါသွားမှာ ကျွန်တော် သိပ်ကြောက်နေမိပြီ

ကိုကို့အနားမှာရှိနေရင်ကို ရင်ခုန်သံတွေ ထိန်းမရဖြစ်နေပြီ

ကိုကို့နှုတ်ခမ်း၊ ကိုကို့အနမ်း၊ ကိုကို့ရဲ့ အရာအားလုံးကို ကျွန်တော် တစ်ယောက်ထဲ ပိုင်ဆိုင်ချင်နေမိပြီကိုကို..

ကျွန်တော့်ကို ကျွန်တော် မသိလိုက်ခင်မှာပဲ ကိုကိုက ကျွန်တော့် ဘဝထဲကို တစ်စတစ်စ ဝင်လာနှင့်နေပြီကိုကို...

ကျွန်တော် ကိုကို့ကို ချစ်နေမိပြီ

»»»

.................

"ဒယ်ဒီ သမီးက သရဲမနဲ့ တူနေလားဟင်"

Jelly & Me Where stories live. Discover now