Part - 2

3.3K 396 68
                                    

"Sing… Sing မင်းသတိရလာပြီလား?"

သူ နိုးလာတော့ ပထမဆုံး သူ မြင်တွေ့သည်က New ၏ မျက်နှာ… သူ မျက်မှောင်ကြုတ်လိုက်မိသည်။ New က ဘယ်တုန်းက ယခုလို အပြင်ပြန်ထွက်ခွင့်ရသွားတာလဲ? သူက IT force မှာ တာဝန်ကျနေတာမဟုတ်ဘူးလား? ထိုထက်ပိုထူးဆန်းနေတာက ဘာကြောင့် New အသက်က ငယ်နေသလို ခံစားရတာလဲ?

"Sing!"

သူ့အား အော်လိုက်မှ သူ သတိဝင်လာမိသည်။ သူ့ကိုယ်သူ ခုံတန်းတစ်ခုပေါ်တွင် လှဲလျောင်းနေသည်ကို သူ သတိထားလိုက်မိသည်။ သူ ထထိုင်လိုက်တော့ ဆစ်ကနဲထိုးကိုက်လာသည့်ခေါင်း… သူ့နားထင်ကိုသူ လက်ဖနောင့်ဖြင့် ဖိလိုက်မိသည်။

"Hoy! မင်းကလည်း ငါ တစ်ချက်ကိုင်ပေါက်လိုက်တာကို သတိပါ လစ်ချသွားတယ်…"

သူ့အား စနောက်ပြောလာသည်က Ouajun… သူ မျက်လုံးများ ပြူးကျယ်လာခဲ့သည်။

"Ouajun!! မင်း မသေဘူးပဲ!"

သူ ငေါက်ကနဲထကာ ဝမ်းသာအားရ Ouajun ပခုံးနှစ်ဖက်အား ဆွဲယမ်းပြောတော့ သူ့အား ခေါင်းမကောင်းတော့ဘူးလားဆိုသည့် ပုံစံမျိုးဖြင့် Ouajun မှပြန်ကြည့်လာခဲ့သည်။

"မင်းဘာဖြစ်နေတာလဲ? ငါ ဒီမှာအကောင်းတိုင်းကြီးရပ်နေတာကို…"

သူ့အား မျက်မှောင်ကြုတ်ပြောသည့် Ouajun ကို သူ ဝမ်းသာစွာသာ ကြည့်နေရင်းမှ မျက်ရည်ကျလာမိသည်။ Ouajun သည် မင်းသမီးငယ်၏ အစ်ကိုတစ်ဝမ်းကွဲဖြစ်သူ Aroon အားအသက်စွန့်ကယ်တင်ခဲ့ရသူ။ ထို့အတွက် မင်းသား Aroon သည် အတော်လေး ပူဆွေးသောက ရောက်ခဲ့သေးသည်။

"Sing မင်းဘာဖြစ်နေတာလဲ? ပြန်နားမလား ငါ ခေါင်းဆောင်ကို သွားပြောပေးမယ်……"

မျက်ရည်များ စီးကျလာသည့် Singto ကို ကြည့်ပြီး New အလန့်တကြားပြောလိုက်မိသည်။ Singto သူ့ကိုယ်သူ သတိထားမိလာခဲ့သည်။ သူတို့ သူငယ်ချင်းများ ကိုယ်စီတာဝန်များ ချမှတ်ခံထားရခြင်းမရှိခင်က အချိန်ကို သူ မှတ်မိသည်။ သို့သော် သူ နားမလည်သည်က ဘာကြောင့် သူ ယခုအချိန်ကို ပြန်ရောက်နေတာလဲ? သူ ကားပေါက်ကွဲမှုတွင် ပါသွားသည်မဟုတ်လား။ အဲ့ဒါက အိပ်မက်တော့မဟုတ်ဘူးမလား? သူ့ခေါင်းထဲ တဖြေးဖြေးပြန်ဝင်လာသော ပုံရိပ်များ သူ့ဆုတောင်း သူ့မျက်လုံးထဲဝင်လာသည့် Krist ထံမှရခဲ့သည့် Strap လေး… ထို Strap က တကယ်ပဲ အစွမ်းရှိနေသည်လား? Krist… ထိုအမည်ကို တွေးလိုက်မိရုံဖြင့် သူ့ရင်တစ်ခုလုံးသည် နာကျင်သွားမိသည်။

Odium(fanfic)Where stories live. Discover now