Part - 37

1.4K 232 54
                                    

"Shibuya sensei ကျွန်တော်တို့ မတွေ့ ဖြစ်တာတောင် အတော်ကြာပြီနော်..."

Krist... Shibuya ဘက်သို့ ရေနွေးခွက်ကမ်းပေးရင်း ပြုံးပြစကားဆိုတော့ သူ့အား တည်ငြိမ်စွာ ခေါင်းတစ်ချက်ဆတ်ပြလာသည့် Shibuya...

Shibuya သူ ယခုထိုကလေးနှင့်တွေ့ရန် ရည်ရွယ်ချက်က Reiji Tsukasa ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ မဟုတ်ဘဲ Krist Tsukasa ကို လေ့လာရန်လာရောက်ခြင်း။ ထို မြေအောက်လောက၏ သဘောသဘာဝအရ Reiji Tsukasa သည် သေသလား ရှင်သလား မသိနိုင်။ ထို့အတွက် Reiji Tsukasa သာ သေဆုံးသွားခဲ့ပါလျှင် သူတို့အစိုးရအနေနှင့် Yamaguchi နှင့် ဆက်လက်တွဲခြင်း ပြုသင့်မပြုသင့်အတွက် သူလာရောက်လေ့လာရခြင်း။

"ကျွန်တော် လိုရင်းကိုပဲ အရင်ပြောတော့မယ်..."

Shibuya သူ့ကိုကမ်းပေးသည့် ရေနွေးခွက်အား သောက်နေရာမှ မျက်လုံးလှန်ကြည့်လိုက်ခဲ့သည်။

"ကျွန်တော်တို့ Yamaguchi ကို ကူညီပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်... နောက်ပြီး ကျွန်တော်က Yamaguchi ရဲ့ ခေါင်းဆောင်နေရာကို ဆက်ခံဖို့ အခမ်းအနားကို ကျင်းပမဲ့ ရက်ကို အသိပေးချင်တာပါ... ရှေ့ဆက် ကျွန်တော်တို့ ဆက်လက်တွဲဖို့ လက်မတွဲဖို့ကို Shibuya Sensei တို့အနေနဲ့ သုံးသပ်နိုင်ဖို့ပါ..."

Shibuya လက်တစ်ချက်တုံ့ကနဲ ဖြစ်သွားသည်ကို မြင်ချိန်တွင် Krist စိတ်ထဲမှ ကြိတ်ပြုံးလိုက်ခဲ့သည်။ သူက သူ့ဖခင် ပျောက်ဆုံးမှုအတွက် အကူအညီတောင်းခံရန် ခေါ်ထားခြင်းဟု ထင်မှတ်နေသည့် အထင်တို့သည် ဗြောင်းဗြန်ဖြစ်သွားခဲ့သည့်အတွက် Shibuya သည် မည်သို့ တုံ့ပြန်လာမည်နည်း။ ဟက်! ခင်ဗျား ဘယ်လိုတုံ့ ပြန်မလဲ ကျွန်တော်ကြည့်ဦးမယ်။ Krist သူ့ပုံရိပ်ထင်ဟပ်နေသည့် ရေနွေးခွက်အား တစ်ချက်ငုံ့ ကြည့်ကာ ကောက်ကိုင်လိုက်ခဲ့သည်။

Shibuya အတွေးများသွားခဲ့သည်။ ဘယ်လောက်တောင် အေးစက်လိုက်တဲ့ ကောင်လေးလဲ! ကိုယ့် အဖေတစ်ယောက်လုံးပျောက်နေချိန်မှာတောင် နေရာယူဖို့ ကြိုးစားနေတယ် တော်တော်ကြောက်ဖို့ကောင်းတာပဲ! Shibuya သူ့ ရှေ့တွင် ဟန်မပျက် တည်ငြိမ်စွာထိုင်နေသည့် Krist အား တစ်ချက်ကြည့်လိုက်ခဲ့သည်။ လူဆိုးတွေက လူဆိုးကျင့် လူဆိုးကြံ ကြံတာပါပဲ။ သူတို့မှာ မိသားစုစိတ်ဓာတ်မရှိကြဘူး သွေးအေးကြတယ်။ Shibuya သူ့ရှေ့မှ ကောင်လေးကို ကြည့်ပြီးသုံးသပ်နေလိုက်ခဲ့သည်။ ဒါမှမဟုတ် သူတို့ရဲ့ အကြပ်အတည်းဖြစ်နေတဲ့အနေအထားကို ဒီကလေးက ဖုံးထားချင်တာများလား။

Odium(fanfic)Where stories live. Discover now