“ကျွန်တော်တို့ကို Ren သခင်လေး လွှတ်ထားတာပါ...”
သူတို့အား ဆိပ်ကမ်းရောက်သည်နှင့် ခရီးဦးကျိုပြုလာသည့် တရုတ်ကောင်လေးတစ်ဦး… Tong မှ သူများဟု သူ အတတ်သိလိုက်ခဲ့သည်။
“သခင်လေးနှစ်ယောက်လုံးက အလုပ်ရှိနေလို့ ကျွန်တော့်ကို ကူညီဖို့ လွှတ်ထားပါတယ်… လိုတဲ့အရာမှန်သမျှကို ကျွန်တော်တို့ Tong က စီစဉ်ပေးမှာပါ… အဲ့ဒီထဲမှာ လူအင်အားလည်း ပါတာပေါ့…”
လိုရင်းတိုရှင်းသာ ပြောလာသည့် တရုတ်ကောင်လေးကို သူ ကြည့်လိုက်ခဲ့သည်။ ထိုကောင်လေးအမည်အား သူ မေးမည်ပြုပြီးမှ မမေးဖြစ်တော့။ သူ့အနေနှင့် လက်အောက်ငယ်သားတစ်ယောက်ကို အရေးတယူ သိနေစရာလည်း မလို။
“ငါ အချိန်သိပ်မဖြုန်းချင်ဘူး…”
“ဟုတ်ကဲ့… အဲ့ဒါဆို ကျွန်တော် ဒီကိစ္စကို လိုက်ပေးမဲ့ သူဆီခေါ်သွားပါ့မယ်…”
Krist မျက်မှောင်ကြုတ်လိုက်ခဲ့သည်။ သူ့လူများကို Tong မှ လူများနှင့် ထားခဲ့ရပြီး သူသည် ထိုကောင်လေး ခေါ်ဆောင်ရာနောက်သို့သာလိုက်ခဲ့ဖြစ်သည်။ သူ့အား တွေးသည်နှင့် ထိုင်နေသည့် ကောင်လေးတစ်ဦသည် ထရပ်ကာ ဦးညွှတ်လာခဲ့သည်။ Tao Ren သည် သူ မည်သူမည်ဝါဆိုသည်နှင့် သူ့အား မည်သို့ ဆက်ဆံရမည်ကို ပြောထားပုံရသည်။ သူ တစ်ချက်ပြုံးပြလိုက်ရင်း သူ့အားမည်သူမှ ထိုင်ပါ မပြောခင် ထိုင်လိုက်တော့ အနည်းငယ်တောင့်သွားသည့် ခန္ဓာကိုယ်များ။ ထိုကောင်လေးများသည် သိပ်တော့မဆိုးလှ။ သူတို့ ခေါင်းဆောင်မှ မဟုတ်လျှင် အခြားသူတစ်ဦးအား ဦးညွှတ်ခြင်းမပြုလို။
“ကျွန်တော့်ကို Li လို့ပဲခေါ်နိုင်ပါတယ်… ကျွန်တော်က အခု လိုက်ခဲ့ပေးရမဲ့သူပါ…”
“အင်း မင်းရဲ့ အစီအစဉ်ကို ပြောပါဦး…”
သူ့ရှေ့သို့ ချပြလာသည့် မြေပုံငယ်တစ်ခု။ သူ မျက်ခုံးပင့်သွားခဲ့သည်။ Tao Ren သည် သူ့အတွက် သေချာစီစဉ်ပေးခဲ့သားပဲ။ ကျေးဇူးကြွေး… Tao Ren ၏ ရည်ရွယ်ချက်အား သူ သိနေသော်လည်း သူ မျှော်လိုက်လိုက်ဦးမည်။ Tao Ren ပြန်လည်တောင်းဆိုမည့် အရာက တန်ဖိုးကြီးမနေဖို့သာ သူ မျှော်လင့်သည်။ Keiji သည် အတော်လေးသွေးပျက်နေခဲ့ပြီ။ ထို့အတွက် Keiji ဆက်ပြီး မပြိုလဲသွားခင် သူသည် သူ့ဖခင်အား အချိန်မီ ပြန်လည်ခေါ်ဆောင်ရလိမ့်မည်။ ထို Keiji Tsukasa သည် လွယ်သည့်သူ တစ်ဦးလည်းမဟုတ်။ တစ်ချိန်က ကြေးစားလူသတ်သမား တစ်ဦးဖြစ်ခဲ့ရာမှ သူ့ဖခင်မှ ခေါ်ယူထားခဲ့ခြင်း။ ထို စိတ်ပြန်မဖောက်လာခင် သူ အချိန်မီ ဘရိတ်အုပ်ရဦးမည်။