“Hai Reiji Sama… ကျွန်တော်လုပ်လိုက်ပါ့မယ်… ကျွန်တော်ဖြေရှင်းထားပါတယ်…”
“….”
“Hai… ကျွန်တော့်ကို ယုံကြည်လို့ရပါတယ်…”
Singto သူ နိုးလာတော့ သူသည် ကုတင်တစ်ခုတွင်… သူ ထထိုင်လိုက်ကာ ပါးစပ်လှုပ်ရန်ပြင်တော့ သူ့ ပါးပြင်တို့သည် အတော်လေးနာနေသေးသည်။ သူ ကုတင်ဘေးကို ကြည့်လိုက်တော့ သူ့အား ကျောပေးကာ ဖုန်းပြောနေသောသူ။ သူ ထိုကောင်လေးကို မြင်နေရသေးသည်ဆိုတော့ သူ မသေသေဘူးပေါ့။ ယခုသူ ထိုကောင်လေး၏ နေရာသို့ ရောက်နေသည်လား။ သူ ဖုန်းပြောနေသူကောင်လေး၏ ကျောပြင်ကို ကြည့်နေစဉ် သူ့ဘက်ပြန်လှည့်လာသည့် ကောင်လေး။ ထိုကောင်လေးက သူ့အား အေးစက်သည့် မျက်နှာဖြင့်သာ ကြည့်လိုက်ရင်း…
“မင်း သတိရလာပြီလား…”
သူ စကားမပြောနိုင်သဖြင့် ခေါင်းသာညိတ်ပြလိုက်မိသည်။ ထိုကောင်လေးက သူဖြစ်နေသည်ကို သတိပြုမိကာ ခေါင်းသာ ညိတ်ပြလိုက်ရင်း…
“မင်းကို ငါ ဘာလုပ်မယ်ဆိုတာ မဆုံးဖြတ်သေးခင် မင်း ဒီမှာပဲနေရဦးမယ်…”
သူ့ကိုထိုကောင်လေးက မသတ်ဘူးပေါ့… အနည်းဆုံး သူ့အပေါ်တွင် ထိုကောင်လေးက မအေးစက်လွန်းဘူးပေါ့။ ဒဏ်ရာများကြားမှ ရွှင်ပြသွားသော သူ့ကြောင့် ထိုကောင်လေး၏ ခံစားချက်မဲ့သော မျက်နှာထက်မှ မျက်ခုံးနှစ်ခု တွန့်ချိုးလာမိသည်။ သူနှင့် မလှမ်းမကမ်းတွင် ရပ်နေရာမှ သူလှဲလှောင်းနေသည့် ကုတင်နားလျှောက်လာသည့် ထိုကောင်လေးကြောင့် သူ ကပျာကယာ ထထိုင်လိုက်မိသည်။ သူ့ပါးနှစ်ဖက်အား လက်ဖြင့်ခပ်ကြမ်းကြမ်း ညှစ်ကာ သူ့ကို ကြည့်လာသည့် Krist… သူ နာကျင်မှုကြောင့် မျက်နှာရှုံ့သွားခဲ့ရသည်။
“မင်း… ပျော်နေနိုင်သေးတယ် ဟုတ်လား…”
ထိုကောင်လေး၏ အသံထဲတွင် ဒေါသဟုသည့် ခံစားချက်ငွေ့ငွေ့ကိုသူ ခံစားမိသလို။ ဒဏ်ရာများနှင့်သူများကို ညှာတာရိုးထုံးစံသည် Yakuza များ၏ စိတ်နှလုံးတွင် ရှိဟန်မတူ။ သူ့ ဖူးယောင်စုတ်ပြတ်နေဆဲဖြစ်နိုင်သော မျက်နှာကို Krist အားဖြင့် ထပ်လွှဲရိုက်လာခဲ့တော့ သူ့မျက်နှာတစ်ဖက်သို့ လည်သွားခဲ့ရသည်။