Part - 7

2K 335 41
                                    

“Kit… သား… သားက ဘာဆိုတာမေ့ပစ်ရမယ်…”

သူ့နားထဲသေနတ်သံတစ်ချက်ကြားလိုက်ရပြီး သူ့ရှေ့တွင် လဲကျသွားသူတစ်ဦး။

“Krist Sama ကျွန်တော်တို့တည်းရမဲ့နေရာရောက်ပါပြီ…”

“အင်း…”

သူမျက်လုံးများဖွင့်လိုက်မိသည်။ ထိုင်းနိုင်ငံ။ သူ့မွေးရပ်မြေ။ သူ့မျက်လုံးထဲတွင် အိပ်မက်ဟောင်းတစ်ခု။ သူ ထိုမွေးရပ်မြေသို့ ပြန်လာရခြင်းကြောင့် ထိုသို့သော အိပ်မက်ကို မြင်မက်လာသည်လား သူ မပြောတတ်။ အတိတ်မှ မှတ်ဥာဏ်အချို့က သူ ဘယ်တော့မှ ပြန်မတွေးသည့် အရာတစ်ခု။

“သန်ဘက်ခါညနေမှာ ကျွန်တော်တို့ မင်းသား Aroon နဲ့တွေ့ဖို့ချိန်းဆိုထားပါတယ်…”

“အင်း…”

“နောက်ပြီး Krist Sama အတွက် အချိန်တစ်ရက်ရတယ်လို့ Reiji Sama ကမှာလိုက်ပါတယ်…”

Krist မျက်နှာထက်တွင် ကျေနပ်ပြုံးတစ်ခု။ သူ Keiji အား အသာခေါင်းညိတ်ပြလိုက်မိသည်။ သူ နေရာမည့် အခန်းထိ လိုက်ပို့ပြီးသည်နှင့် သူ့အား ရိုကျိုးစွာ နှုတ်ဆက်သွားသည့် Keiji ထွက်သွားသည်နှင့် သူ ကုတင်ပေါ်ပစ်လှဲချလိုက်မိသည်။ သူ့ မှတ်ဥာဏ်ထောင့်တစ်နေရာမှ ထွက်ပေါ်လာသော အတိတ်ဆိုးကို သူ ပြန်တွေးလိုက်မိသည်။

“Mae!!! Mae!!! Por… Mae က…”

မျက်ရည်များစီးကျလာသော ကလေးငယ်တစ်ဦး… ကူကယ်ရာမဲ့စွာ သူ ငိုနေခဲ့သည်။ ထိုကလေးငယ်ကို တင်းကြပ်စွာ ထွေးပွေ့ထားသည့် လူကြီးတစ်ဦး။ အခြားနိုင်ငံတစ်ခုတွင် ခိုကိုးရာမဲ့နေခဲ့သော မိသားစုတစ်ခု။ သူတို့နောက်တွင်တော့ Yakuza များ… ဂျပန်လိုပြောနေကြသည့် စကားတို့ကို သူ တစ်လုံးမှ နားမလည်သော်လည်း သူ့ဖခင်က သူ့အား စကားတို့တတွတ်တွတ်မှာနေသည်ကို ကြည့်ရင်းဖြင့် သူ့ဘဝသည် ထို အမှိုက်ပစ်သည့် လမ်းကြားထဲတွင် အဆုံးသတ်ရမည်ကို တွေးမိပြီး ထိုကလေးငယ်သည် အံတင်းတင်းကြိတ်နေမိသည်။ သူ့မိသားစုသည်… သူ့ အတွေးမဆုံးခဲ့ သေနတ်သံတစ်ချက်နှင့်အတူ သူ့ကိုဖက်ထားသည့် သူ့ဖခင်၏လက်တို့ပြေလျော့သွားပြီး သူ့ပေါ်လဲကျသွားခဲ့သည်။ သူ့ရှေ့မှ သူ့ကိုပါ သတ်တော့မည့်သူများကို စူးရဲစွာ သူကြည့်လိုက်မိသည်။

Odium(fanfic)Where stories live. Discover now