“အင်း…”
Krist သူ Singto အားပြောသင့်မပြောသင့် အတွေးထဲတွင် တွက်ချက်မှုအချို့ ပြုလုပ်ပြီးမှ သူ ခေါင်းညိတ်သဘောတူလိုက်ခဲ့သည်။
“မင်းအနေနဲ့ ဒါကို ဘယ်လိုသုံးသပ်လဲ… ChiChi ပျောက်သွားတဲ့ကိစ္စကို…”
“Hmm…”
Singto အလေးအနက်ထားစဉ်းစားလိုက်မိခဲ့သည်။ Krist အနေနှင့်သူ့အား ယခုလို သူ့အမြင်ကို တောင်းခံမည်ဟု သူ မထင်မိခဲ့။ သူသည် Krist စိတ်ထဲတွင်နေရာတစ်ခုရလာပြီလား။ သူ ထင်ခဲ့သည်က သူ့အား ရင်ဖွင့်ရုံသာ။
“မင်း ပွင့်ပွင့်လင်းလင်းပြောလို့ရတယ်…”
“ဖြစ်နိုင်ချေက နှစ်ခုတော့ရှိတယ်… Reiji Tsukasa က အမှားအယွင်းမလုပ်ဖူးဆိုရင်တော့ ဒါက သူ တမင်လုပ်တာဖြစ်နိုင်တယ်… သူ လိုက်သွားချိန်မှာ မင်းတို့ Yamaguchi အနေနဲ့ တစ်ယောက်မှ သူ့နောက်ကို မလိုက်သွားဘူးဆိုတာက အဓိပ္ပာယ်မှ မရှိတာ ဟုတ်တယ်မလား…”သူ ခေါင်းညိတ်ပြလိုက်ခဲ့သည်။ သူ တွေးနေသည်ကလည်းထိုအတိုင်းပဲမို့ သူ Singto ကိုတောင် နည်းနည်း သဘောကျချင်ချင်ဖြစ်သွားခဲ့သည်။ ထိုကောင်လေးက သူနှင့်အတူ လိုက်နိုင်သားပဲ။
“သူကိုယ်တိုင် Setting တစ်ခုကို ချခဲ့တယ်လို့ ငါတို့သုံးသပ်လို့ရတယ်… ဒါပေမဲ့… သူက လူသားတစ်ယောက်ဆိုတာကိုလည်း ငါတို့မေ့လိုက်လို့မဖြစ်ဘူးလေ… သူ အရမ်းချစ်တဲ့သူတစ်ယောက် တစ်ခုခုဖြစ်ပြီလို့ တစ်ယောက်ယောက်က ပြောခဲ့ရင်ရော… ဒါက ရိုးရှင်းတဲ့ ထောင်ချောက်တစ်ခု ဆိုပေမဲ့…”
Singto သူ Krist မျက်နှာကို တစ်ချက်အရင်အကဲခတ်လိုက်ခဲ့သည်။ သူ စကားဆက်သင့်မသင့် သူ တစ်ချက်အကဲခတ်ပြီးမှသာ သူ ပြောချင်သည့် စကားကို ဆက်လိုက်ခဲ့သည်။
“Keiji က ဘယ်လိုဖြစ်နေတယ်ဆိုတာ မင်းလည်း မြင်တာပဲ… အဲ့ဒီအတွက် တစ်ယောက်ယောက်က Keiji နဲ့ ပတ်သက်ပြီး သတင်းအမှားပေးခဲ့မယ်ဆိုရင်ရော…”
“ChiChi က အဲ့လိုအမှားမျိုးကို လုပ်စရာလား…”
သူ စိတ်ရှုပ်ရှုပ်ဖြင့်ပြောလိုက်တော့ သူ့ကို ကြည့်လာသည့် Singto…