“မင်း ဘာဖြစ်နေတာလဲ…”
Singto သူ့အား ပို့ပြီးသည်နှင့် ပြန်ထွက်သွားရန် ပြင်နေသည့် Krist လက်အား သူ ဆွဲလိုက်တော့ သူ့ လက်အား ဆတ်ကနဲ ရုန်းလိုက်သည့် Krist… Singto မျက်မှောင်ကြုတ်ကြည့်လိုက်ခဲ့သည်။
“Krist…”
သူ့အသံက တိုးသဲ့လွန်းနေခဲ့သဖြင့် သူ့အား ပြန်ကြည့်လာသည့် Krist… သူ့အား အေးစက်စွာ ကြည့်နေသည့် Krist ကြောင့် သူ Krist လက်အား ဆွဲမလို ပြုပြီးမှ လက်ပြန်ရုတ်လိုက်ခဲ့သည်။
“မင်း ဘာပြောစရာရှိလဲ…”
အေးစက်ပြတ်သားလွန်းသော အသံ။ ထိုအသံတွင် တစ်ခုခုအား အကြီးအကျယ် အလိုမကျဖြစ်နေသည်ကို Singto ခံစားနေမိခဲ့သည်။ ဘာကြောင့်လဲ၊ သူ ဘာလုပ်မိလို့လဲ၊ Krist နှင့်သူ အဆင်ပြေနေပြီဟု သူ ထင်ခဲ့သည်က မှားနေပြီလား။
“မင်းနောင်တရနေတာလား…”
သူ ခေါင်းငုံ့စဉ်းစားနေရာမှ မေးလိုက်တော့ သူ့အား စူးရဲစွာ ကြည့်လာသည့် မျက်ဝန်းနက်တစ်စုံ။
“ဘာကိုလဲ…”
“ငါ့ကိုမင်းဘေးမှာ ထားမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကို မင်းနောင်တရနေတာလား…”
သူ တည်ငြိမ်စွာ မေးလိုက်တော့ သူ့ပါးတစ်ဖက်သည် ပူကနဲ။ Krist… သူ့လက်ကိုသူ ပြန်ကြည့်လိုက်မိခဲ့သည်။ သူ Singto အား လက်လွှဲရိုက်လိုက်မိသည်။ သူ့လက်တစ်ဖက်ကို အခြားလက်တစ်ဖက်ဖြင့် ခပ်တင်းတင်း ဆုတ်ကိုင်လိုက်ခဲ့သည်။ သူ့ရင်သည် ဆစ်ကနဲ။ ဘာကြောင့် သူ ထိုသူအား နာကျင်အောင် လုပ်မိသည်နှင့် သူ့စိတ်သည်လည်း လိုက်ပါ နာကျင်သွားမိသည်လဲ။
“မင်း… သိထားဖို့က… မင်းက ငါ့ဘေးကလူယုံဆိုတာဟုတ်တယ် Singto… လူယုံဆိုတာက အမည်ခံသက်သက်ပဲဆိုတာ မင်းရောငါရော သိတယ်မဟုတ်လား… တကယ်တမ်းက မင်းကိုယ်မင်း ခွေးတစ်ကောင်ဆိုတာကို မင်းဘယ်တော့မှ မမေ့ပါနဲ့… ခွေးတစ်ကောင်က ကိုယ့်သခင်ကို ဘယ်တော့မှ ပြန်မေးခွန်းမထုတ်ရဘူး…”
သူ့အေးစက်စွာ ပြောလာသည့် စကားကြောင့် သူ့အား ပြန်ကြည့်လာသည့် Singto… ရိုက်မိသည့် လက်အား ခပ်တင်းတင်း ဆုတ်ကိုင်ထားသည့် သူ့လက်ကို အသာဆွဲယူ၍ သူ့လက်ခုံအား မြတ်နိုးစွာ ခပ်ဖွဖွ နမ်းရှိုက်လိုက်ခဲ့ပြီး သူ ရိုက်ထားခဲ့သည့် ပါးပြင်နှင့် သူ့လက်ဖဝါးအား ပွတ်သပ်လာခဲ့သည့် Singto… Krist သူ ခပ်တောင့်တောင့်သာ ရပ်နေမိခဲ့သည်။ ဘာကြောင့် ထို Singto သည် ထိုမျှထိ။ Dae သည် Singto အား မယုံကြည်ရဟု ပြောခဲ့လျက်သားနှင့် ဘာကြောင့် သူ ထိုသူကို ယုံကြည်ချင်နေရသည်လဲ။