Part - 13

1.9K 322 176
                                    

“Krist ငါ မင်းကို လက်ဆောင်တစ်ခုပေးစရာရှိတယ်…”

Dae စကားကြောင့် Krist သူ့လက်ထဲမှ စာရင်းဇယားများကို ကိုင်နေရင်းမှ မျက်မှောင်ကြုတ်လိုက်မိသည်။ သူတို့ မင်းသားနှင့်တွေ့ပြီး ရက်အတန်ကြာသည်အထိ တစ်ဖက်မှ မလှုပ်ရှားသရွေ့ငြိမ်သက်နေကြခြင်း။ ယခု Dae ကိုယ်တိုင် သူ့နေရာထိ ရောက်လာပြီး ထိုစကားကို ပြောလာသည့်အတွက် သူ မျက်မှောင်ကြုတ်နေမိသည်။ သူဆိုသည်က သူ့ အလုပ်များအတွက် မဟုတ်လျှင် မည်သည့်အရာကိုမှ စိတ်ဝင်စားခြင်းမရှိ။

စိတ်ဝင်စားခြင်းကို Zero အဆင့်သာပြသော Krist ပုံစံကိုကြည့်ပြီး Dae ရယ်လိုက်မိသည်။ ထင်တော့ထင်သား ထို Krist သည် သူ့မွေးစားအဖေကိုမှ လွဲလျှင် မည်သူတစ်ဦးအပေါ်မှ စိတ်ခံစားချက်ပြတတ်သူမဟုတ်။ ထို့အတူ ထိုမွေးစားအဖေဖြစ်သူသည်လည်း Krist ကို ယုံကြည်အားထားလွန်းသည်။ သူတို့နှစ်ဦး တွေ့ဆုံပုံက သမာရိုးကျသာ။ သူ့ဖခင်သည် Reiji Tsukasa နှင့်အစောကတည်းက ပတ်သက်မှုရှိသဖြင့် တစ်ရက်သူ့အား ခေါ်သွားရာတွင် သူ Krist နှင့်ဆုံတွေ့ခဲ့ခြင်း။ သူ့ထက် တစ်နှစ်ကျော်ကျော်မျှသာ အသက်ကြီးသော Krist ကို သူ မြင်မြင်ချင်းပင် နှစ်သက်သွားခဲ့သည်။

ထိုကောင်လေးက Reiji Tsukasa ၏ သားတဲ့။ သူ မည်သို့မျှမယုံနိုင်ခဲ့။ သူထင်သည်က သူ့ထက်ပင် ငယ်နိုင်သည်ပေါ့။ Reiji Tsukasa အသက်ကလည်း ဘယ်လောက်မှပင် မရှိသေးပဲကိုး။ သို့သော် ထို Krist သည် Reiji Tsukasa ၏ ယုံကြည်အားထားရသော လူတစ်ယောက်ဆိုသည်ကို သူ တစ်စထက်တစ်စ သိမြင်လာခဲ့ရသည်။ Krist သည် သူ့အား သူတို့မိခင်ဘာသာစကားအား ကျွမ်းကျင်စွာ မပြောလာခင်အချိန်ထိ သူ Krist အား ဂျပန်လူမျိုးဟုပင် ထင်ခဲ့သည်။

Krist ၏ Identity ကို သူဖြစ်သည့်နည်းဖြင့် စုံစမ်းခဲ့သော်လည်း ထိုသူတို့သည် သူ့ထံ ပြန်မလာနိုင်ခဲ့။ Krist သည်လည်း သူစုံစမ်းခြင်းမှန်း သိသည့်အတွက် သူ့အား မည်သည့်တုံ့ပြန်မှုကိုမှ မပေးခဲ့ဆိုသည်ကို သူ ရိပ်မိလာသဖြင့် သူ့ဘက်မှ အလွန်မဖြစ်စေရန် သူ စုံစမ်းခြင်းအမှုကို စွန့်လွှတ်လိုက်ခဲ့သည်။

“ငါ အလုပ်များနေတယ် Dae…”

Krist မျက်လုံးတစ်ချက်သာ လှန်ကြည့်လိုက်ပြီး သူ့အာရုံတို့ကို သူ့ အလုပ်များတွင်ပင် စုစည်းလိုက်ခဲ့သည်။ အခြားတစ်ဖက်မှ လှုပ်ရှားမှုက သူ့လုပ်ငန်းများကို သေးငယ်သော ထိခိုက်မှုများကို ပေးသဖြင့် သူ့စိတ်တို့သည် အလိုမကျနိုင်ခဲ့။ သူ့အား ထိပ်တိုက်ရင်ဆိုင်လာသူများကို သူ မနှစ်မြို့။ အထူးသဖြင့် ထိုရင်ဆိုင်လာရသူများက သူ့အတွက်အချိန်ကုန်ခံလိုက်ရရုံသာဖြင့် ပျောက်ကွယ်သွားမည့်သူမျိုး ဖြစ်နေခြင်းကို သူ ပိုပြီးမနှစ်မြို့။ သူ့အချိန်များကျု ဘာမဟုတ်သည့် ပမွှားလေးများအတွက် ကုန်လွန်ရခြင်းအား သူ အမုန်းတီးဆုံး။

Odium(fanfic)Where stories live. Discover now