“ဘာလို့ Pawn တွေက ကြောက်ဖို့ကောင်းတယ်လို့ ငါ ပြောလဲသိလား…”
သူငယ်စဉ်က Shogi ဆိုသည်ကို စတင်သိခဲ့ချိန်က Reiji ပြောဖူးသည်ကို အမှတ်ရလိုက်မိခဲ့သည်။ Reiji သည် mind game များကို စွဲလန်းနှစ်ခြိုက်သူ။ ထိုထဲတွင် သူ အနှစ်သက်ဆုံးက Shogi… Krist သူ Shogi အား စိတ်ဝင်စားလာမိခြင်းက Reiji ကြောင့်…
“Pawn တွေက အရှေ့ကိုပဲ တက်ခွင့်ရှိတယ်… တစ်လှမ်းချင်းတစ်လှမ်းချင်း… သူတို့မှာ သူတို့ကိုယ်သူတို့ စတေးပြီးပဲ အရှေ့ကို တက်ခွင့်ရှိတယ်… နောက်တစ်ခုက… သူတို့က Promote ဖြစ်နိုင်တယ်…”
သူ ထိုစကားတို့ကို အမှတ်ရလိုက်မိသည်။ Singto… ထိုသူကို သူ Pawn တစ်ကောင်ဟု ထင်မှတ်ထားခဲ့သည်။ သူ ထိုသူကို သိပ်အရေးမစိုက်ခဲ့။ သူ ထိုသူ၏ မျက်လုံးများထဲစိုက်ကြည့်လိုက်မိသည်။ Singto ၏ ချစ်ခြင်း။ ထိုချစ်ခြင်းသည် သူ့အား လွှမ်းမိုးသွားခဲ့ပြီ။ ထိုသူသည် Pawn တစ်ကောင်မဟုတ်တော့… ထိုသူသည် Gold General ဖြစ်နေခဲ့ပြီ။ သူ ဘာကြောင့် ထိုသူ၏ တစ်လှမ်းချင်းသူ့စိတ်ထဲဝင်ရောက်နေရာယူနေခြင်းကို သတိမထားမိပါလိမ့်။
“ငါ မင်းကို သတ်လိုက်ရမှာ… အစောကတည်းက”
သူ ထိုစကားကိုသာ အေးစက်စွာပြောလာခဲ့သည်။ Singto မျက်နှာထက်တွင် အပြုံးတစ်ခု။ ထိုအပြုံးက သူ့အကြောက်တရားများကို မြင်နေနိုင်သည့်ဆိုသည့် ပုံစံမျိုး။
“အခုရော…”
သူ့အား ငေးစိုက်ကြည့်ရင်းပြောလာသည့် Singto… ဒီလူက! သူစိတ်ထဲတွင် ဆဲရေးလိုက်မိသည်။ သူ ရင်ဘတ်ထဲတွင်လည်းစူးအောင့်လာသလို ခံစားလိုက်ရသည်။ မည်သို့သော သူက မိမိကို သတ်မည်ဟု ပြောနေသော… မိမိကို တကယ်လည်း မသေရုံတမယ် လုပ်ထားသော သူတစ်ဦးကို ထိုသို့ ချစ်ခြင်းတို့ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် ကြည့်နေနိုင်သည်လဲ။ သူ အံကြိတ်လိုက်မိသည်။ ထို Singto သည် ရူးနေသည်။ ထိုသူသည် သူ့ကိုချစ်လွန်း၍ရူးနေသည်။
“မင်းက… ငါ့ဘေးမှာ နေမယ်လို့ပဲ ပြောနေတာမဟုတ်လား…”
“အင်း…ငါက မင်းဘေးမှာ နေခွင့်ရမှာလား…”