Part - 24

1.7K 277 52
                                    

Keiji သက်ပြင်းချလိုက်မိသည်။ သူ ရောက်နေသည့်နေရာ... သူ့လက်တို့အား ကြိုးဖြင့် တုတ်နှောင်ထားသလို သူ့ခြေတို့သည်လည်း ပူးကပ်တုတ်နှောင်ခံထားရသည်။ သူ့အား မခိုးမခန့်ကြည့်နေခဲ့သည့် သူများ။ Shao Lin သည် အခန်းထဲတွင်ရှိမနေ။ သူ အခြေအနေကို အကဲခတ်နေမိသည်။ ထိုသို့သော အနေအထားမျိုး သူ ကြုံတွေ့ရသည်မှာ ဘယ်နှစ်ကြိမ်မြောက်လဲ။ သူ့အား Reiji ၏ အနီးကပ်လူယုံမို့ ဖမ်းဆီးသည့် သူ မြောက်မြားစွာ ရှိသည်။ အစပထမက Reiji ၏ အကြံကို စိုးရိမ်မိသေးသည်။ Shao Lin ကဲ့သို့သော သူက သူ့အား ဖမ်းဆီးပါ့မလား။ ထိုကောင်လေးက ထွက်ပြေးရန် ကြံစည်နေသည်မဟုတ်လား...

"သူက ဘေးကြပ်နံကြပ်ဖြစ်နေတာ... Umekaze ကလည်း သူ့ကို မကူညီနိုင်သလို... မင်းသားကလည်း လျစ်လျူရှုထားတယ်... အဲ့ဒီအတွက် သူက မင်းကို ဓားစာခံလုပ်လိမ့်မယ်... မဟုတ်ရင် သူ ထွက်လို့မှ အဆင်မပြေတာ... Kit ကလည်း သူနဲ့တွဲတဲ့ ကလေးရဲ့ လူတွေကို ခိုင်းထားတယ်ဆိုတော့...အဖြစ်နိုင်ဆုံးက မင်းပဲ..."

သူ့အား ရင်ခွင်ထဲတွင်ထည့်ကာ သူ့ မျက်နှာအား အသာသပ်ရင်းပြောခဲ့သည့် Reiji... သူ့အား ကြည့်နေခဲ့သည့် ညိုမှောင်သော မျက်ဝန်းများတွင် သူ့ကို အားနာသည့် အရိပ်များ။ အမြဲတစေသူသည် Reiji Tsukasa ၏ လူယုံဖြစ်နေသဖြင့် အခြားသော အဖွဲ့များ၏ မျက်စိကျခြင်းကိုခံရသည်။ သူသည် Reiji Tsukasa ၏ ပျော့ကွက်။ သူသည် Reiji Tsukasa ကို အပိုင်စားရထားသောသူ။ သူ Reiji Tsukasa ကို သူ့အား ပြန်ချစ်လာရန် သူ ဆယ်နှစ်ကျော်လောက် စောင့်မျှော်ခဲ့ရသည်။ ထိုသူ အတွက် သူ ဘာမဆိုလုပ်ရဲသည်။ သူ့အတွေးတို့က အခန်းထဲမှ သူ့အား စောင့်ကြည့်နေသည့် သူနှစ်ယောက်ကြောင့် လက်ရှိအချိန်သို့ ပြန်ရောက်လာခဲ့သည်။

"သူက တကယ်ကြီး Reiji Tsukasa ရဲ့..."

သူ့အား ရိတိတိကြည့်ရင်းပြောလာသည့် သူတစ်ယောက်။ သူ သက်ပြင်းသာချလိုက်မိသည်။ ထိုစကားက အမြဲတမ်း သူကြားနေရသည့်စကား။

"ဒါပေမဲ့ ငါဆိုလည်း..."

သူ့မျက်နှာအား လက်တစ်ဖက်ဖြင့် ကိုင်ရင်း ရိသဲ့သဲ့ကြည့်လာသည့် သူ။ သူ ပေပေတေတေသာ ပြန်ကြည့်နေမိသည်။ ထိုသို့ အကိုင်ခံရခြင်းက သူ့အတွက် သိပ်ထူးဆန်းသည့် ကိစ္စတော့မဟုတ်တော့။

Odium(fanfic)Where stories live. Discover now