ငါးနှစ်အကြာ…
ထိုင်းနိုင်ငံ ချူလာချွန်ကလောင်စစ်တက္ကသိုလ်၊ တော်ဝင်သက်တော်စောင့်များ၏ လေ့ကျင့်ရေးကွင်း…
“ဝိုး… Sing မင်းက တစ်နေ့ထက်တစ်နေ့အိုစာနေသလိုပဲ… ငါနဲ့ မင်းမတွေ့တာ လပိုင်းလောက်ပဲ ရှိဦးမယ်ထင်တယ်… ဟိုတစ်ခါကပဲ မင်းသမီးခိုင်းတာကို ငါတို့လုပ်ထားတာလေ…”
Newwie စကားကြောင့် Ouijun ကြိတ်ရယ်လာသည်ကို Singto မျက်ထောင့်ဖြင့် လှမ်းကြည့်လိုက်မိသည်။ အချိန်တို့သည် ကုန်လွန်ခြင်းမြန်လွန်းခဲ့သည်။ ငါးနှစ်ပင် ကြာမြင့်သွားခဲ့ပြီ။ သူ့အသက် ၂၂ နှစ်၊ မင်းသမီးအသက် ၁၆ နှစ်၊ ထိုငါးနှစ်အတွင်းတွင် သူသည် Newwie ကို မင်းသမီး၏ သက်တောင်စောင့်တစ်ဦး ဖြစ်လာအောင် လုပ်ဆောင်နိုင်ခဲ့သည်။ Newwie ၏ Computer System များကို ကျွမ်းဝင်မှုသည် မင်းသမီးအား များစွာ အထောက်အကူပေးခဲ့သည်။ ယခုငါးနှစ်တာအတွင် ထိုင်းနိုင်ငံ၏ နိုင်ငံရေးသည် တည်ငြိမ်မယောင်နှင့် မတည်ငြိမ်။ နန်းတွင်းတွင် အားပြိုင်မှုများရှိနေခဲ့သည်။
အဓိကက မင်းသား Aroon နှင့် မင်းသမီး Achara… နန်းတွင်းစည်းကမ်းအရ… သမီးမိန်းကလေးသည်နန်းတက်ခွင့်မရှိသော်လည်း မျှတပြီး တိုင်းသူပြည်သူများ၏ ချစ်မြတ်နိုးခြင်းကို ခံရသည့် မင်းသမီးအား ထောက်ခံသူ အများအပြားရှိနေခဲ့သည်။ ထိုအချက်က မင်းသား Aroon အား ဒေါသထွက်စေသည့် ကိစ္စ… မင်းသမီး Achara သည်လည်း မင်းသား Aroon နှင့် သင့်မြတ်သော ဆက်ဆံရေးမရှိ။ မင်းသား Aroon ကြောင့် သူမ မိခင်သည် နန်းတွင်းမှ နှင်ထုတ်ခံရကာ မထင်မရှားဖြင့် သေဆုံးခဲ့ရသည်ကို မင်းသမီးသည် ခွင့်လွှတ်နိုင်ခြင်းမရှိ။ ထို့အတွက် မင်းသမီးသည် မင်းသား Aroon နှင့် ထိပ်တိုက်တွေ့ခြင်းအမှုတို့ကို လုပ်လေ့ရှိသည်။ ဒါက ယခင်ဘဝ၏ အဖြစ်များနှင့်တူညီသော အဖြစ်များ။
Singto ထို ငါးနှစ်အတွင်းတွင် နားလည်ခဲ့သည်က သူနှင့်ပတ်သက်သည့် ကိစ္စအချို့သာ သူ့လုပ်ရပ်များကြောင့်ပြောင်းလဲသော်လည်း သူနှင့်မသက်ဆိုင်သည့် ကိစ္စများက မပြောင်းလဲ။ မင်းသား Aroon နှင့် မင်းသမီး Achara ၏ ဆက်ဆံရေးသည် ယခင်ဘဝအတိုင်း သူ မည်သို့မျှ ပြောင်းလဲနိုင်ခြင်းမရှိခဲ့။ သူ အတတ်နိုင်ဆုံး ထိုအဖြစ်အပျက် မဖြစ်လာအောင် ကြိုးစားခဲ့သော်လည်း အခြားသော နည်းများဖြင့် ဖြစ်သွားခဲ့သည်။ ထို့အတွက် အချို့သော ကံတရားများကို သူ ပြောင်းလဲနိုင်ခြင်း မရှိသည်ကို သူ နားလည်လာမိသည်။