Krist သူ ထို ဂိုထောင်ထဲတွင် လူမည်မျှ ရှိမည်ကို အလျင်အကဲခတ်လိုက်မိသည်။ သူတို့တွင် ပါလာမည့်သူများ။ ဂိုထောင်ထဲရှိ အရေအတွက်သည် သူတို့ထက် လူအရေအတွက် နည်းသော်လည်း… အခြားသူများက တစ်နေရာတွင် ပုန်းခိုနေလောက်သည်ဟု သူ ခန့်မှန်းလိုက်ခဲ့သည်။ ထို့အတွက်အရေအတွက်က မျှခြေတော့ရှိနိုင်သည်။ နောက်တစ်ချက်က သူ့တွင် အရှုံးမရှိ။ သူသည် ယခုသူတို့ဂိုဏ်းကလူအား လာကယ်ခြင်းမဟုတ်။ ထိုသူသည် သူ့တို့ဂိုဏ်းအပေါ်တွင် သစ္စာဖောက်ခြင်း၊ မဖောက်ခြင်းနှင့် ထိုဖြစ်ရပ်ကို ဖန်တီးသူထံ လာရောက်ခြင်း။ ထို့အတွက်… အကယ်၍ ထို အဖမ်းခံထားရသည့် ကောင်လေးသည် သစ္စာဖောက်ဖြစ်နေခဲ့လျှင် သူ ထိုနေရာတွင်ပင် ရှင်းပစ်နိုင်သည်။ ထို့အတွက် သူ့အား အကြပ်ကိုင်လို့ရသည့် အားနည်းချက် ရှိမနေခဲ့။ ထို့အပြင် သူတို့တွင် ဝှက်ဖဲတစ်ခုရှိနေသေးသည်။
ထိုဝှက်ဖဲ၏ အမည်က Dae… ထို Dae သည် သူတစ်ခုခုဖြစ်နေလျှင် လက်ပိုက်ကြည့်နေမည့်ထဲတွင် မပါ။ ဘာကြောင့်လဲ Dae အတွက်သူသည် ထိုကောင်လေး၏ ငြီးငွေ့ဖွယ် ဘဝမှ ဆွဲထုတ်ပေးနိုင်သည့် တစ်ဦးတည်းသော သူဆိုသည်ကို သူ ကောင်းစွာသိသည်။ Dae အတွက်သူသည် ကျောထောက်နောက်ခံကောင်း တစ်ယောက်ဖြစ်သလို သူ့အတွက် Dae သည်လည်း နောက်ခံကောင်းတစ်ယောက်။ သူတို့ဆက်ဆံရေးသည် မိမိကိုယ်ကို သတိထားရမည့် ဆက်ဆံရေးဖြစ်သော်လည်း တစ်ဦးကိုတစ်ဦး အဆုံးအရှုံးခံ၍ မရသည့် ဆက်ဆံရေး။ Dae ၏ လူတစ်ချို့တစ်လေသည် သူတို့ပြဿနာကို တစ်ထောင့်တစ်နေရာမှ စောင့်ကြည့်နေနိုင်သည်။ ယခု ဂိုထောင်ထဲတွင်လည်း ပါဝင်နိုင်သေးသည်။ သူ ထိုသို့ စဉ်းစားလိုက်မိချိန်တွင် သူ့စိတ်ထဲ စိတ်လှုပ်ရှားမှုများဖြင့် ကျေနပ်နေမိသည်။ ထို Dae သည် ဘယ်လောက်များ ဆိုးဝါးလိုက်သည့် အကျင့်လေးကို ပိုင်ဆိုင်ထားသည့် ကောင်လေးလဲ။
ရုတ်တရက် မိမိကိုယ်ကို Krist Tsukasa ဟု ပြောပြီး ဝင်ချလာသည့် ကောင်လေးကြောင့် ဂိုထောင်ထဲရှိသူများ အငိုက်မိကာ ငြိမ်ကျသွားမိကြသည်။ ထိုကောင်လေးနောက်မှ ဝင်လာသည့် လူအုပ်က အထဲရှိ သူများ၏က ကိုယ်စီ သေနတ်များဖြင့် ချိန်ရွယ်လာခဲ့သည်။ Krist မျက်နှာထက်တွင် မဲ့ပြုံးတစ်ခု။ ထွက်လာခဲ့စမ်း! ပုန်းနေတဲ့ကောင်တွေ… သူ ထိုကွယ်လျိုးနေသည့် သူများကို အလျင် ထွက်လာအောင် လုပ်ရမည်။