ရေကန်ထဲ မှ ချစ်ဇာတ်လမ်း- 2 (အပြာရောင် အချစ်ညများ)

18.5K 448 124
                                    


ရေကန်ထဲ မှ ချစ်ဇာတ်လမ်း- 2 (အပြာရောင် အချစ်ညများ)

ကျွန်တော် ချစ်တဲ့အကိုနဲ့အတူတူနေလာတာ ဘာလိုလိုနဲ့ တစ်နှစ်တောင်ကြာလာခဲ့ပြီ။ သူ့အချစ်၊ သူ့အကြင်နာတွေက ကျွန်တော့်ကို ဘယ်တော့မှ ငြ်ီးငွေ့မသွားစေခဲ့ဘူး။ စီးပွားရေးကို ဇောက်ချလုပ်တတ်သလို အချစ်ရေးလည်း ဘာဇွဲကောင်းသလဲ မမေးနဲ့။ သူနဲ့နေရင် တနေ့ နှစ်ကြိမ်ဆိုတာတော့ ပုံမှန်မှတ်လိုက်ပေတော့။ သူအလုပ် ပိတ်တဲ့ရက်မျိုးဆို သုံးလေးကြိမ်လည်းဖြစ်သွားနိုင်တာပဲ။

မလုပ်နဲ့ဆိုတာ မရဘူး။ သူပြောနေတာ ဘာတဲ့။ မနက်ဖြန်ဆိုတာ မစဉ်းစားပဲ ချစ်တယ်။ ဒါကြောင့် ဒီနေ့ အားလုံးချစ်မယ်။ နေ့ဖို့ညစာ ချန်မထားဘူးက ပါသေးတယ်။ အလကား။ သူလိုချင်တာ ရဖို့ ပါးစပ်က ပေါက်ကရလျှောက်ပြောနေတာ။ ဒါပေမယ့် ကျွန်တော်ခွင့်မပြုရင်တော့ ဘယ်တော့မှ အတင်းအကျပ်တော့ မလုပ်ရှာဘူးဗျာ။ အဲ့ဒီတော့ ကျွန်တော်လည်း ဆူဆူပူပူနဲ့ငြင်းသလိုနဲ့ ခွင့်ပြုရတာပဲပေါ့။ ဘာကြောင့်လဲ ဆိုတော့ သူ့ကိုချစ်တာကိုးဗျာ။ သူ့ရဲ့ယောက်ျားပီသတဲ့ စိတ်ဓါတ်ကိုချစ်တယ်။ သူ့မိသားစုကို ခင်တွယ်တဲ့စိတ်ဓါတ်ကိုလေးစားတယ်။ တချို့ယောကျာ်းတွေလို ချစ်ပြီးပစ်ထားတဲ့ လူစားမျိုးထဲ ကိုသီဟစော မပါဘူး။

လူတစ်ယောက်ကို ရုပ်ရည်ကြောင့်၊ ငွေကြေးကြောင့်၊ အာဏာကြောင့် ချစ်မိတာထက် စိတ်ထားလေးကြောင့် ချစ်မိတာ၊ ခံယူချက်လေးကြောင့် ချစ်မိတာက ဘယ်လောက်လေးနက်တယ်ဆိုတာ ကြုံဖူးသူတိုင်းသိပါလိမ့်မယ်ဗျာ။ ကိုယ့်အချစ်၊ ကိုယ့်စိတ်ဝိဥာဉ် အားလုံးကို ပုံပြီး လူတစ်ယောက်ကို ချစ်ခွင့်ဆိုတာ အရမ်းကို ကံကောင်းတယ်ဆိုတာ ကျွန်တော် ပိုပိုသိလာတယ်။ အကို့ကို ဂျပန်မှာ လက်ခံလိုက်ပြီးကတည်းက ကျွန်တော့် အသည်းနှလုံးရဲ့ အနက်ရှိုင်းဆုံးနေရာမှာ အကို့ပေါ်ထားတဲ့ အချစ်က အမြစ်တွယ်ပြီး နေ့စဉ်နဲ့အမျှ အချစ်သစ်ပင်က ကြီးထွားနေတယ်။ သူနဲ့ခွဲရတဲ့အချိန်တွေ ကျွန်တော် အလွမ်းကိုအဖော်ပြုရင်း ရှင်သန်နေခဲ့တယ်။ လွမ်းတယ်။ နာကျင်စွာနဲ့ ဆက်ချစ်နေပြီး လွမ်းတယ်။

Love StoriesWhere stories live. Discover now