(Unicode)
ရေကန်ထဲ မှ ချစ်ဇာတ်လမ်း- 9 (သန်းခေါင်ယံချစ်သူ)
"နွေဦး...နွေဦး..."
"ကဝေကြီး...ခင်ဗျားလား...ခင်ဗျား ဘယ်မှာလဲ..."
"ဒီမှာလေ.... ကိုယ် ဒီနားမှာ..."
"ဟင့်အင်း...ခင်ဗျားကို မမြင်ရဘူး... ခင်ဗျား မှော်အစွမ်းနဲ့ ကိုယ်ရောင်ဖျောက်ထားတာလား..."
"မဖျောက်ဘူး။ ကိုယ်မင်းရှေ့က ရေကန်ထဲမှာ... ရေပူစမ်းလေးထဲမှာ...."
"မမြင်ရဘူး...ဘာရေပူစမ်းမှ မရှိဘူး။ ကျွန်တော်ရပ်နေတဲ့နေရာက သစ်တောထဲမှာ။ ကျွန်တော့်ဘေးမှာ သစ်ပင်တွေချည်းပဲ ... ခင်ဗျား ကျွန်တော့်ဆီကိုလာပါ။ အခုလာခဲ့ပါ။"
"ကိုယ်လာလို့မရဘူး... မင်း ကိုယ့်ကိုလာရှာမှရမယ်... ကိုယ့်ဆီကိုလာခဲ့ပါ။ ကိုယ့်ကို မင်းကလွဲပြီး ပြန်ခေါ်လို့မရဘူး။"
"ခင်ဗျား ဘယ်နေရာမှ ရှိနေတာလဲ..."
"ကိုယ်က ကိုယ့်စိတ်ဝိဉာဉ်နယ်မြေထဲမှာ ပိတ်မိနေတယ်...မင်းရဲ့မြတ်နိုးရပါသော ချစ်သူဟောင်းဆီမှာ မေးလိုက်ပါ။ ကိုယ်မင်းကို စောင့်နေမယ်..."
နွေဦးသည် အကိုစိုင်းမာန်အလစ် အကိုဇော်ကို သွားတွေ့ကာ အကျိုးကြောင်းပြောလိုက်သည်။ အကိုဇော်က မယုံကြည်သဖြင့် မိမိနှင့်သူအတူခွဲခဲ့သည့် ကေ့စ်များကို ပြန်ပြောပြတော့မှ မေဘရဏီကို ခေါ်ပေးတော့သည်။ မေဘရဏီနှင့်အတူ အခြားသောမှော်ပညာရှင်များက ကိုသူရကိုယ်ထဲ ဝင်နေသော မိမိဝိဉာဉ်ကို သေချာစစ်ဆေးပြီးနောက် လက်ခံပြီး မဟာမြိုင်တောကို ခေါ်လာခဲ့သည်။ မဟာမြိုင်တွင် မိမိကိုယ်ထဲရောက်နေသော ကိုသူရဝိဉာဉ်နှင့် ကိုသူရကိုယ်ထဲ ဝင်နေသော နွေဦးဝိဉာဉ်နှစ်ဦး ဆုံမိတော့သည်။
"အကို... ကဝေကြီးရဲ့ ဝိဉာဉ်နယ်မြေကို အကိုဝင်လို့ရတယ် မဟုတ်လား။ သူဘာလုပ်နေလဲ ကျွန်တော့်ကိုပြောပြပါ။ ပြီးတော့ ကျွန်တော့်ကို သူ့ဆီခေါ်သွားပေးပါ..."
"မရဘူး နွေဦး။ မင်းနဲ့ငါ ကိုယ်ခန္ဓာချင်းပြန်ပြောင်းလို့ရမှာ မင်းနဲ့သူ့ကိုချိတ်ဆက်ပြီး ဝိဉာဉ်နယ်မြေကို ခေါ်သွားလို့ရမှာ.. အခု မင်းက ငါ့ကိုယ်ထဲဆိုတော့ လုပ်မရဘူးတဲ့ကွ.."
"မဘရဏီ ကျွန်တော်တို့ သူ့ကိုနိုးမယ့် နည်းမရှိတော့ဘူးလား။ သူ့ဝိဉာဉ်က အထဲမှာနေတာ အရမ်းကြာသွားရင် အိပ်ပျော်သွားတော့မယ်။ ဒါဆို အောက်လမ်းမှော်ပညာက သူ့ကိုလွှမ်းခြုံသွားပြီး မကောင်းဆိုးဝါးတစ်ယောက်အဖြစ်ကို ကူးပြောင်းသွားလိမ့််မယ်.."
"မင်းနဲ့သူ့ရဲ့ချိတ်ဆက်မှုကို ဖြတ်တောက်လိုက်ရင် သူမကောင်းဆိုးဝါးအဖြစ်တော့ ပြောင်းမသွားနိုင်ဘူး။ ဒါပေမယ့်... မင်း သေသွားလိမ့်မယ်... အရှင်သတိုးက ဒီလိုအဖြစ်ခံမှာ မဟုတ်လို့ ဘိုးဘိုးတို့က မင်းလည်းအသက်ရှင်နိုင်မည့်နည်းကို တိုင်ပင်နေကြတယ်။"
"နည်းတစ်နည်းတော့ရှိတယ်။ နွေဦးနဲ့ မောင်သူရတို့ နှစ်ယောက်ပေါင်းပြီးလုပ်ရမယ်... ။ နွေဦးက အပြင်မှာ မင်းသတိုးကို တောက်လျှောက် သူနဲ့မင်းရဲ့အရင်းဆုံးပြောဆိုနေကျအရာကို ပြောပြနေရမယ်။ မောင်သူရက မင်းသတိုးရဲ့ စိတ်ဝိဉာဉ်နယ်မြေကိုသွားပြီး နိုးရမယ်.. နှစ်ယောက်ပေါင်းလုပ်ရင် မင်းသတိုးနိုးလာနိုင်တယ်."
"ကျွန်တော်လုပ်ပါ့မယ် ဘိုးဘိုး.."
"ကျွန်တော်လည်း လုပ်ပါ့မယ်..."
နွေဦးနှင့် ကိုသူရ တပြိုင်တည်းပြောလိုက်မိသည်။ မေဘရဏီက သူတို့နှစ်ဦးကိုလုပ်ရမည့် တာဝန်ကိုရှင်းပြသည်။
"အရှင်မင်းသတိုးကို ရေပူစမ်းထဲထည့်ထားရမယ်..ဘာကြောင့်လဲဆိုတော့ အရှင်ကနွေဦးကို ဆက်သွယ်ပြောလာတဲ့အထဲ သူက ရေပူစမ်းလို့ပြောတယ်ဆိုတော့ ရေပူစမ်းက အရှင့်ကို အမြန်ဆုံးနိုးလာစေလိမ့်မယ်။ ရေကန်ထဲမှာ ခါတိုင်း နွေဦးနဲ့အရှင်မင်းသတိုးအတူရှိတိုင်းနေနေကျအတိုင်းနေပေးပါ။ အရှင့်နားနားကပ်ပြီး ခါတိုင်းလို့ပြောပေးပါ။ ကိုသူရက ရေပူစမ်းထဲဆင်းပြီး အရှင်မင်းသတိုးရဲ့လက်ကိုကိုင်ပြီး အာရုံပြုထားပါ။ ကျွန်မတို့က ခပ်လှမ်းလှမ်းကနေပြီး မှော်ပညာနဲ့ အရှင့်ရဲ့စိတ်ဝိဉာဉ်နယ်မြေထဲ ကိုသူရကိုပို့ပေးမယ်။ စိတ်ဝိဉာဉ် နယ်မြေထဲမှာ ကိုသူရက အရှင်မင်းသတိုးကို ရေပူစမ်းထဲမှာတွေ့ရင် ဆင်းပြီး သူ့ကိုပြန်လာဖို့ပြောပေးပါ။"
"ကျွန်တော်ကပါ ရေပူစမ်းထဲ ဆင်းဖို့လိုလို့လားဗျ။ သူတို့ချစ်သူနှစ်ယောက်ထဲဆင်းရုံနဲ့မရဘူးလား။"
ကိုသူရ ထိတ်လန့်ပြီး မေးလိုက်သည်။
"ကိုသူရက စိတ်ဝိဉာဉ်နယ်မြေထဲက ရေပူထဲလည်းဆင်းရမှာဆိုတော့ အရှင့်အသားကို ထိထားမှ ဆင်းလို့ရမှာမို့ပါ..."
ရေကန်ထဲတွင် မဟာမြိုင်၏အရှင်သခင် မင်းသတိုးကို တင်ပျဉ်ခွေနေထားဖြင့် ကန်ဘောင်ကိုမှီထိုင်နေစေပြီး နွေဦးနှင့် သူရက တဖက်စီ လက်ကိုဆွဲထားရသည်။ သုံးဦးလုံး အောက်ပိုင်းကို အရှက်လုံအောင်ဝတ်ထားသည်ကလွဲလျှင်အပေါ် ဗလာဖြင့် အငွေ့တထောင်းထောင်းထနေသည့် ရေပူစမ်းလေးထဲရောက်နေသည်။ မှော်လောကမှ ရေပူစမ်းဖြစ်လို့ထင်သည်။ လတ်ဆတ်သည့် မွှေးရနံ့ဖြင့်ထုံသင်းနေပြီး ကိုသူရမျက်လုံးကို မှိတ်လိုက်သည်နှင့် အလွယ်တကူပင် နေရာတိုင်းအဖြူရောင်အခိုးငွေ့များဖြင့်ပိတ်နေသည့် ဝိဉာဉ်နယ်မြေရေပူစမ်းထဲ ရောက်ရှိသွားခဲ့သည်။ မိမိနံဘေးကိုကြည့်လိုက်တော့ ကဝေကြီး မင်းသတိုးကို မိမိကိုယ်ကိုစိုက်ကြည့်လျက်တွေ့လိုက်ရသည်။ ခါတိုင်းလို မိမိကို လျစ်လျူရှုထားတာမျိုး မဟုတ်သည့်
တောက်ပသည့် မျက်ဝန်းနှင့်စိုက်ကြည့်ခံလိုက်ရစဉ် ကိုသူရ တံတွေးမြိုချလိုက်မိသည်။ သူ့အကြည့်ထဲတွင်တပ်မက်ချင်းပြင်းပြသည့် အရိပ်ကိုတွေ့ရသည်။ မိမိတကိုယ်လုံးကို ဝါးစားမတတ်ကြည့်နေသဖြင့် မိမိကိုကြည့်တာ မဟုတ်ပဲ နွေဦး၏ကိုယ်ကိုကြည့်နေမှန်းသိလျက်နှင့် သူရ နေရနည်းနည်းခက်လာသည်။ တကယ်ဆိုလျှင် မိမိကသာ ကောင်လေးချောချောလေးများ၏ ကိုယ်ကို ဒီ်လိုတပ်မက်စွာကြည့်ခဲ့တာ မဟုတ်လား။ မိမိအကြည့်ခံရသည့်အလှည့်ရောက်တော့ တကိုယ်လုံးရှိန်းဖိန်းဖိန်းတော့ ဖြစ်လာသည်။ ပြီးတော့ ဒီလူ၏ အဖိုစွမ်းအားက မိမိမယှဉ်နိုင်လောက်အောင် ပြင်းထန်ကာ သူ့ကိုယ်မှသံလိုက်လို မိမိကို ညှို့ငင်နေသည်။
"နွေဦး..."
ရေစိုနေသည့် သူ့ရင်အုပ်ကြီးများကို ထိကိုင်ကြည့်ချင်လာသလို နီမြန်းနေသည့် သူ့နူတ်ခမ်းကို မြည်းကြည့်ချင်လာသလို၊ ပြီးတော့ သူ့နားကို ကပ်မိမှန်းမသိ တရွေ့ရွေ့ကပ်လာမိသည်။ အနားကိုရောက်တော့ သူက မိမိကိုသိုင်းဖက်ပြီး လည်ပင်းကို ခပ်ပြင်းပြင်းစုပ်လိုက်ပြီး ကိုက်လိုက်သည်။
"အ..."
"မင်း နွေဦး မဟုတ်ဘူး။ ဒါပေမယ့် မင်းကိုယ်က နွေဦးအနံ့ရနေတယ်။ နွေဦးရဲ့အသံတွေ ကျူပ်နားထဲကြားနေရတယ်.. မင်း ဘယ်သူလဲ..."
"ခင်ဗျားကျွန်တော့်ကိုလွှတ်တော့လေ။ နွေဦး မဟုတ်တာ သိနေပြီ မဟုတ်လား။"
"ကျူပ်ချစ်သူကိုယ်ထဲ မင်းဝင်ပြီးဘာလုပ်နေတာလဲ.... "
"ကျွန်တော်တို့ အောက်လမ်းနည်းနဲ့ ကိုယ်ချင်းအလဲခံလိုက်ရတယ် ကဝေကြီး။ ခင်ဗျား သတိရလာရင် ပြန်ရအောင်။ နွေဦး ခင်ဗျားကို စောင့်နေတယ်..."
"ကျူပ်ထွက်လို့မရဘူး သူ့ရဲ့အထိတွေ့လိုအပ်နေတယ်။ ကျုပ်ကိုယ်ထဲက စွမ်းအားတွေ ပြန်နိုးလာဖို့သူ့ကိုယ်နဲ့ထိတွေ့ပြီး ချစ်တင်းနှောဖို့လိုတယ်..."
"သူက ခင်ဗျားရဲ့စိတ်ဝိဉာဉ်ထဲ ဝင်လာလို့မရတော့ ဘယ်လိုချစ်တင်းနှောမှာတုန်း။ ခင်ဗျားကြိုးစားပါ။ ခင်ဗျားက မှော်ခေါင်းဆောင်ဆို... နည်းလမ်းရှာနိုင်ပါတယ်.. "
"ခုပြောတဲ့နည်းကသူနဲ့ကျုပ်ရှာထားတဲ့ နည်းပဲ။ သူနဲ့ကျုပ် ကိုယ်ခန္ဓာချင်းချိတ်ဆက်ထားတာ။ ဒါကြောင့် သူ့ကိုယ်နဲ့ကိုယ်လက်နှီးနှောဖို့လိုတယ်..."
"ဒါ..ဒါပေမယ့်...အခု သူ့ကိုယ်ထဲကျွန်တော် ဝင်နေတာလေ....မဖြစ်ဘူး။"
"ဒီတစ်နည်းပဲရှိတော့တယ်။ မင်းက နည်းနည်းမသိချင်ယောင်ဆောင်နေပေ့ါ။ မင်း ဘာမှမဖြစ်ပါဘူး။ ဒါကျုပ်ချစ်သူရဲ့ကိုယ်ပဲ..."
"အာ...ကဝေကြီး..ခင်ဗျား...မလုပ်နဲ့.. အ...."
အပြင်လောကရှိ ရေပူစမ်းထဲတွင် နွေဦးသည် သူ့ကိုယ်ကို ပွတ်သပ်ပြီး နားနားကပ်ကာ အရင်က ရေကန်ထဲသူနှင့်ချစ်တင်းနှောခဲ့သည်ကို တီးတိုးပြောနေသဖြင့် စိတ်ဝိဉာဉ်နယ်မြေထဲမှ မင်းသတိုးက လိင်စိတ်တွေကြွလာပြီး ကိုသူရကိုချက်ချင်း တွေ့ကာ အသိစိတ်ကပ်လာခြင်းဖြစ်သည်။ နွေဦးသည် ကဝေကြီး၏ ကိုယ်ကိုပွတ်သပ်ကိုင်တွယ်ပြီး သူအထိမခံနိုင်သည့်နေရာကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။
"ပြန်လာတော့ ကဝေကြီး..ကျွန်တော် ခင်ဗျားကိုလိုနေပြီ။ ခင်ဗျား ကျွန်တော့်ကို ပစ်မထားဘူးဆို...ကျွန်တော့်ကို လူမှန်နေရာမှန်ပြန်ရောက်အောင်လုပ်ပေးပါဦး...."
နွေဦး၏စိတ်က ကိုသူရ၏ကိုယ်ထဲဝင်နေသဖြင့် ကိုသူရ၏လက်ဖြင့် ကဝေကြီး၏ အငယ်ကောင်ကို ကိုင်တွယ်ပွတ်သပ်နေရသည်ကို အားနာမိသည်။ သို့သော် ကဝေကြီးကို နိုးအောင်လုပ်ဖို့ အရေးကြီးနေသဖြင့် မျက်နှာပူပူနှင့် လုပ်ရတော့သည်။
"နွေဦး...ဆက်လုပ်... အရှင့်စိတ်ဝိဉာဉ်ဆီက တုန့်ပြန်မှုရလာပြီ..."
နွေဦးသည် ကဝေကြီး၏ ကိုယ်ကို မျက်နှာချင်းဆိုင်ဖက်လိုက်ပြီး သူ့လည်ပင်းများကို နမ်းကာလျှာနှင့်လျက်လိုက်သည်။ လက်က သူ့အငယ်ကောင်ကို မလွတ်တမ်းကိုင်ထားပြိး အကောင်းဆုံးလုပ်ပေးနေသည်။
နွေဦး အားကြိုးမာန်တက်လုပ်လေ စိတ်ဝိဉာဉ်နယ်မြေထဲရှိ ရေပူစမ်းကန်ထဲမှ ကိုသူရ ပိုခံရလေဖြစ်သည်။ ကိုသူရသည် မင်းသတိုး၏ လည်ပင်းကို ဖက်ထားပြီး သူ့ကိုယ်ကို ခွထားကာ ပြင်းထန်လွန်းလှသည့် အဖိုစွမ်းအားဒဏ်ကိုကြံ့ကြံ့ခံနေရသည်။ ကိုယ်ခန္ဓာက နွေဦးကိုယ်ဖြစ်သော်လည်း သူအထိတွေ့တိုင်း၊ အနမ်းတိုင်း၊ ချစ်တင်းနှောလို့ဖြစ်လာသည့် ခံစားချက်တိုင်းကို မိမိက ခံစားနေရသဖြင့် ကိုသူရ နောက်ဆုံး မခံနိုင်ပဲ ညည်းနေရသည်။ မိမိညည်းလိုက်သော်လည်း နွေဦး၏အသံထွက်နေသဖြင့် ထိုညည်းသံက ကဝေကြီးကို ပိုပြီးအရှိန်မြှင့်လာစေသည်။ နောက်ဆုံး အချိန်မည်မျှကြာသည်မသိတော့... မိမိဝင်နေသည့် နွေဦး၏ကိုယ်က အထွက်ထိပ်ရောက်သွားပြီးနောက် ကဝေကြီးလည်းပြီးဆုံးသွားတော့သည်။
"နွေဦး..နွေဦး...."
မိမိနားနားကပ်ပြီး နွေဦးအမည်ကိုတမ်းတသံကိုနားထောင်ပြီး ကဝေကြီး နွေဦးကို မည်မျှချစ်မည်ကို သူရခန့်မှန်းမိသည်။ ပတ်ဝန်းကျင်တစ်ခုလုံးအရမ်းကို စူးရှသည့်အဖြူရောင် အလင်းတန်းများလွှမ်းခြုံသွားပြီးနောက် သူရသတိမေ့သလိုဖြစ်သွားသည်။
"ကိုသူရ..ကိုသူရ။"
"နွေဦး... ကိုယ်တို့ပြန်တည့်သွားပြီလား."
မိမိမြင်လိုက်ရသည့် မျက်နှာက နွေဦးမျက်နှာဖြစ်သဖြင့် ကိုသူရဝမ်းသာအားရထကာ မေးလိုက်သည်။
"ဟုတ်ကဲ့.. အကို။ ကူညီပေးတာ ကျေးဇူးတင်ပါတယ်ဗျာ။ ကဝေကြီးလည်း ပြန်သတိရနေပြီ။"
ရေကန်ထဲမှ အဖြစ်ကို နွေဦး သိနေမှန်း ကိုသူရရိပ်မိကာ မျက်နှာများပူထူသွားတော့သည်။
---------------------------------
YOU ARE READING
Love Stories
Short Storyချစ်ဇာတ်လမ်းများစုစည်းမှု ကိုနှင်းထန်+ မိုးစက် သီဟစော+ဝေယံအောင် သူရိန်+ ကိုကို သတိုးအောင်+ငွေစင် မင်းသတိုး+နွေဦး ထိမိုယွမ်+စာဂီရိ တင်တက်ရင်+ကမာအာဇမာန် တင်မော်ရင်+ဟေဇယ် သူတို့တွေရဲ့ အချစ်ခန်းများသီးသန့်စုစည်းမှု။