ရေကန်ထဲ မှ ချစ်ဇာတ်လမ်း- 12(စစ်နတ်ဘုရား၏အချစ်ဥယျာဉ်)

4.7K 165 17
                                    


ရေကန်ထဲ မှ ချစ်ဇာတ်လမ်း- 12 (စစ်နတ်ဘုရား၏အချစ်ဥယျာဉ်)

ချူလူလူသည် ကန်ထဲတွင် ရုမာသီ တယောက်တည်း လရောင်အောက် ရေစိမ်ရင်း သူ့မျိုးဆက်ကို အလဟသဖြစ်အောင်လုပ်သည်ကို မြင်ပြီးကတည်းက ရေကန်ဘက်ကို ခြေဦးပင်မလှည့်တော့ပေ။ ယောကျာ်းလေးသဘာဝ လိင်စိတ်ကိုဖြေဖြောက်သည်က မထူးဆန်းသော်လည်း သူလုပ်သည်ကို မိမိမြင်ကြောင်း သိလျှင် မျက်နှာပူသွားမည်ကို တွေးမိကာ မိမိအဆောင်တွင်ရေချိုးရန်ဆုံးဖြတ်လိုက်သည်။ သို့သော် နောင်တော်နှင့် တဆောင်တည်းတည်းခိုသည်ဖြစ်လို့ နောင်တော်တိုလုအီနှင့် ရေချိုးချိန်တိုက်နေမည်ကို မေ့နေမိသည်။

ချူလူလူသည် ရေကန်ထဲစိမ်ရင်း ကန်ဘောင်ကိုမှီကာ မျက်လုံးမှိတ်လို့ ဇိမ်ခံနေစဉ် ရေချိုးဆောင်ထဲ လူဝင်လာသံကိုကြားသော် အခြွေရံထင်ပြီး ပြောလိုက်သည်။

"ငါ့အတွက် ၀ိုင်အေးအေး တခွက်ယူခဲ့ဦးဟေ့...."

မိမိပါးပြင်ကို ထိလာသည့် ၀ိုင်အိုး၏ အေးစိမ့်သောအတွေ့ကြောင့် တခုခုမှားနေသည်ကို သိကာ မျက်လုံးဖွင့်ကြည့်လိုက်တော့ နောင်တော်တိုလုအီက ကန်ဘောင်နံဘေးတွင် ကုန်းကာ မိမိပါးကို ၀ိုင်အရက်အိုးနှင့် ထိကပ်နေသည်ကို တွေ့လိုက်ရသည်။

"အာ...နောင်တော်... ဘယ်တုန်းက ရောက်နေတာလဲ..."

"ခုနကလေ... မင်းက ၀ိုင်သောက်ချင်တယ်ဆိုလို့ နောင်တော် ယူလာပေးတာ..."

ချူလူလူက ရယ်မောကာ ၀ိုင်အိုးကို လှမ်းယူကာ မော့ရင်း ပြောလိုက်သည်။

"နောင်တော်က အသံမှမပြုတာ။ ကျွန်တော်က အခြွေရံလေးမှတ်လို့ ခိုင်းလိုက်တာ... နောင်တော် ရေချိုးမလို့လား..."

"မင်း နဲ့ အတူ ရေစိမ်ရင်း စကားပြောချင်လို့.... "

နောင်တော် တိုလုအီက ရေကန်ထဲ ဆင်းလာပြီး ချူလူလူနှင့် အနီးရှိ ကန်နံရံကိုမှီကာ ရေစိမ်သည်။ ချူလူလူသည် နောင်တော်၏ ကြံ့ခိုင်ဖြူဖွေးသော ကိုယ်ကို ကြည့်ကာ ဟိုတနေ့ညက လရောင်အောက်တွင်တွေ့သည့် ကျွန်းသားဘုရင်၏ ကိုယ်ကို သတိရသွားသည်။ ပြီးတော့ မိမိကိုယ်ကို ပြန်ငုံ့ကြည့်ကာ နှာခေါင်းရှုံ့ချင်သလိုဖြစ်မိသည်။

Love StoriesWhere stories live. Discover now