(Unicode) ရေကန်ထဲ မှ ချစ်ဇာတ်လမ်း- 7 (အချစ်စစ်၏တည်နေရာ)

1.1K 13 0
                                    

(Unicode)


ရေကန်ထဲ မှ ချစ်ဇာတ်လမ်း- 7 (အချစ်စစ်၏တည်နေရာ)

ဝသုန်နှင့်အတုလ


ဝသုန်သည် သီချင်းအတွက် သရုပ်ဆောင်ပြီးသည်နှင့် မိုးစက်ကိုကပ်ကာခွင့်တောင်းပြီး တောင်ကြီးတွင် သူ့ဒယ်ဒီကိုပြုစုနေသည့် အတုလထံကို အကြောင်းမကြားပဲ အံ့သြစေရန် တိတ်တိတ်လေးတက်လာခဲ့သည်။ ခုဆိုလျှင် ဝသုန်နှင့်အတုလကို စနေထွဋ်ခေါင်လည်း အသိမှတ်ပြုကာ တရားဝင်ခွင့်ပြုထားသဖြင့် ဝသုန်လည်း အလုပ်အားလျှင် အားသလို အတုလရှိသည့် တောင်ကြီးကိုတက်တက်လာခဲ့သည်။

အတုလသည် ဝသုန်ကို အားနာသည်။ သူ့အချစ်ကိုလည်း လေးစားသည်။ သို့သော် မိမိအတွက် ဒယ်ဒီကအရေးကြီးသဖြင့် မာမီနှင့်ပင် စကားအတိုက်ခံများပြီး ဒယ်ဒီ့ကိုပြုစုပေးနေရ သဖြင့် ဝသုန့်ကို ချစ်သူလိုပီပြင်အောင် မနေပေးနိုင်ပေ။ မိမိဆီကို ဝသုန်က အမြဲလာတွေ့နေရသဖြင့် အလုပ်လည်းပျက်မည်ကိုစိုးသည်။ ဒါကြောင့် အလုပ်ကိုဖျက်ပြီးလာလျှင် ချစ်သူအဖြစ်က ပြတ်စဲမည်ဟု တင်းတင်းကျပ်ကျပ်ပြောတော့မှာ အလုပ်ကိုအပြတ်ဖြတ်ပြီးမှ မိမိကိုပြေးပြီးလာတွေ့တတ်သည့် ချစ်သူလေးကို အတုလ တနေ့ထက်တနေ့ပိုပိုချစ် လာမိသည်။

ခု ဝသုန်နောက်ဆုံးထွက်သည့် အခွေအတွက် VCD ကို စင်္ကာပူုတွင်သွားရိုက်နေသဖြင့် မိမိဆီလာမတွေ့ရတာ တစ်လကျော်ကြာသွားလေပြီ။ မိုးစက်လည်း ရန်ကုန်ကို ဆင်းသွားသဖြင့် မြစိမ်းဂေဟာတွင် ဒယ်ဒီ့ကိုပြုစုရင်း မိမိတစ်ယောက်တည်းကျန်နေရစ်သည်။ အိမ်မှာနေသော်လည်း ညနေခင်း သို့မဟုတ် မနက်ခင်း တောင်ပေါ်ကိုလမ်းလျှောက်သွားတိုင်း camcorder လေးတစ်လုံးနှင့် သဘာဝအလှကို မှတ်တမ်းတင်ရင်း မိမိဝါသနာပါသည့် အလုပ်ကို online မှတဆင့် ဆက်လုပ်နေသည်။ ဒယ်ဒီက သူသက်သာလာသည်နှင့် မိမိကို ပြန်လွှတ်သော်လည်း အတုလ လုံးဝမပြန်ပေ။ မိမိကို ဖခင်အရင်းလို ပြုစုပျိုးထောင်ပေးခဲ့သည့် ဒယ်ဒီ့နားမှနေရင်း ဝါသနာပါသည်ကို ဆက်လုပ်နေခဲ့သည်။

ယခုလည်း ဆောင်းဦးပေါက်ချိန်ဖြစ်လို့ မြစိမ်းတောင်ပေါ်တွင် မနက်တိုင်းမြူနှင်းများကျစပြုနေပြီ။ ဒယ်ဒီက စိတ်မချသဖြင့် မနက်အရမ်းစောစော တောင်ပေါ်လာခွင့်မရပဲ နေထွက်ပြီဆိုမှ တောင်ပေါ်ကိုတက်လာရသည်။ လေကောင်းလေသန့်ရှုရင်း မနက်ခင်း၏တောက်ပသည့် နေရောင်အောက်မှ နေကြာရိုင်းများ၏ အလှကို မှတ်တမ်းတင်သည်။ လမ်းတလျှောက် မြက်ခင်းပေါ်တင်နေသည့် နှင်းစက်လေးကို နေရောင်ထိုးနေသည့် ရှုထောင့်ကလှလျှင် သေချာရိုက်ယူသည်။ တလမ်းလုံး ကုန်းကွလိုက်နှင့် လုပ်နေသည့်မိမိကို မြစိမ်းတောင်တဝိုက်မှ လူများက ရိုးလို့နေပြီ။

တောင်ပေါ်က ဘုရားကိုရောက်တော့ အဝေးမှရှုခင်းကိုငေးကြည့်ရင်း အတုလ သူ့ကို ထူးထူးခြားခြားလွမ်းလို့နေသည်။ သူ မိမိကို မဆက်သွယ်တာ ၂ ရက်ရှိပြီ။ သူအလုပ်ကို စိတ်ဖြောင့်ဖြောင့်လုပ်နိုင်ရန် အတုလဘက်က ဘယ်တော့မှ စပြီးဖုန်းဆက်လေ့မရှိပေ။ ယခုလည်း တောင်ပေါ်မှရှုခင်းကို ငေးကြည့်ရင်း တယောက်တည်း တိတ်တိတ်လေးလွမ်းနေသည်။ ယခင်ကလည်း အတုလက တစ်ဦးတည်းသောသားဖြစ်ပြီး မိမိခံစားချက်ကိုဖော်ပြလေ့သိပ်မရှိသဖြင့် အများအမြင်တွင် အေးတိအေးစက်နှင့် ခံစားချက်မရှိသူဟု ထင်တတ်သည်ကို အတုလ ထူးပြီးမရှင်းတော့ပေ။ သို့သော် ဝသုန်လည်း မိမိကို ထိုသို့များထင်နေသလားဟု တွေးကာမိနေသည်။ မချစ်သလိုနှင့် ဝသုန့်ကို မိမိချစ်သွားခဲ့မိသည်ကိုတွေးကာ အိပ်မက်လိုထင်နေမိသည်။

ဒီကောင်လေးကို ချစ်သွားမိသည့်နောက်ပိုင်း အတုလ စိတ်ချမ်းသာရသည်။ အနုပညာသမားချင်းမို့ အတွေးခေါ်တူလို့ထင်သည်။ သူကလည်း အနုပညာကို မြတ်နိုးသူ။ မိမိလည်း အနုပညာကို ဖန်တီးရတာချစ်တဲ့သူဆိုတော့ မိမိနှင့်ဝသုန်တို့ အတော်လေးကို လေပေးဖြောင့်ကြသည်။ ဝသုန်လာတိုင်း မိမိတို့အများဆုံးပြောဖြစ်သည်က သရုပ်ဆောင်အကြောင်း၊ အနုပညာနဲ့ပတ်သတ်သည့် ဖန်တီးမှုများ၊ ရိုက်ကွင်းမှာ အခက်ခဲများ။ အနုပညာသည်အချင်းချင်း လူမှုဆက်ဆံရေး၊ ပရိတ်သတ်နှင့် ဆက်ဆံရေး။ နောက်ပိုင်း မိမိတို့ဖန်တီးချင်သည့် အနုပညာအကြောင်း။ ကြာတော့ ဒယ်ဒီကတောင်ပြောယူရသည်။

"မင်းတို့က သူငယ်ချင်းလား။ ချစ်သူလား"

"သူငယ်ချင်းချစ်သူ..."

ဒီလိုဖြေလိုက်တိုင်း နှစ်ယောက်လုံး သဘောကျကာ ဟက်ဟက်ပက်ပက် ရယ်မောခဲ့ဖူးသည်။

"လွမ်းတယ် ဝသုန်... မင်း ဘယ်ကိုရောက်နေလဲ။ ဘယ်မင်းသမီးနဲ့တွဲပြီး ရိုက်နေလဲ.."

"ဒီမင်းသားနဲ့တွဲပြီးရိုက်နေတာ..."

အနောက်နားက ကပ်ပြီးတိုးတိုးလေးထွက်လာသည့် ချစ်သူ့အသံကိုကြားတော့ အတုလ ဟန်မဆောင်နိုင်အောင် ဝမ်းသာသွားပြီး လှည့်ကာ အားပါးတရဖက်ကာ ပြောလိုက်သည်။

"ဝသုန်...ဝသုန်ရာ...ငါ မင်းကိုလွမ်းနေတာ...မင်း လာမယ်ဆို ငါ့ကိုဘာလို့ကြိုမပြောတာလဲ။ မင်းကို အရမ်းသတိရနေတာ..."

ဝသုန်သည် အတုလ၏ ဟန်ဆောင်မှုကင်းသည့်စကားကိုကြားသော် ပါးစပ်ကြီးဖြဲနေအောင် ရယ်လိုက်ပြီး အတုလကိုဝေ့ယမ်းကာ ပြောလိုက်သည်။

"ဟား...ပျော်လိုက်တာ အတုလရာ။ မင်းကိုလည်း ငါအရမ်းလွမ်းနေတာ။ မင်းကို အံ့သြစေချင်လို့ တိတ်တိတ်လေးလာခဲ့တာ။ ငါကပဲ မင်းကိုလွမ်းနေတယ်ထင်တာ.. "

ထိုစကားကြောင့် အတုလ စိတ်မကောင်းဖြစ်သွားပြီး ဝသုန့်ကိုကြည့်ကာ မေးလိုက်သည်။

"ငါ.. မင်းကို တကယ်မချစ်ဘူးလို့ မင်းထင်နေတောပေါ့ ဟုတ်လား..."

"မထင်ပါဘူးဗျာ။ ခင်ဗျားလေးက ခံစားချက်ကို ရင်ထဲပဲထားတတ်မှန်းသိသားပဲ။ ကိုယ့်ချစ်သူကို ချစ်ကြောင်းလည်း သိပ်မပြော၊ လွမ်းတယ်လည်း မချွဲ။ အားရင် စာအုပ်ထဲပဲ ချရေးတတ်တာကို သိပါ့ဗျာ။ တမင်မေးတာ..သိရဲ့လား ငါ့ ချစ်သူလေးရ..."

"ကြည့်စမ်း.. မင်းက ငါ့ ဒိုင်ယာရီကို ခိုးဖတ်ထားတယ်ပေါ့... အကျင့်မကောင်းတဲ့ကောင်..."

"အေးပေါ့ကွ။ ခဗျားလေးလို မြိုသိပ်တတ်တဲ့သူဆို အဲ့လို ခိုးကြည့်သင့်ကြည့်ရမယ်... ကိုယ့်ကို ချစ်တယ် လွမ်းတယ်ပြောရင် ကိုယ်က မင်းကို ပိုချစ်သွုားမှာစိုးလို့လား အတုလ။"

ဝသုန့်စကားကြောင့် အတုလ၏ မျက်နှာတခုလုံးပူလာသလို ခံစားလိုက်ရပြီး မျက်နှာလွှဲကာ ပြောလိုက်သည်။

"အေး..ဟုတ်တယ်.. မင်းကလွယ်တာ မဟုတ်ဘူး။ အိမ်ပြန်ကြစို့၊ မင်းခုမှ ကားပေါ်က ဆင်းလာတာ မလား။ မနက်စာ အတူတူစားကြမယ်.."

ဝသုန်က အတုလ၏ ပုခုံးကိုဖက်ကာ မြစိမ်းတောင်ပေါ်က အတူဆင်းလာပြီးပြောလိုက်သည်။

"ကိုယ်က ဟိုကရောက်ရောက်ချင်း ကားမှီသေးတာနဲ့ ချက်ချင်းကားကွင်းကို မောင်းခိုင်းပြီး တွေ့ရာကားပေါ်တက်လိုက်လာတာ။ မနက် လေယာဉ်ချိန်ကိုတောင် မစောင့်နိုင်တော့ဘူးဗျ။ သိလား။ တကိုယ်လုံးကိုညောင်းကိုက်နေတာပဲ.."

အတုလသည် ဝသုန့်စကားကြောင့် စိတ်မကောင်းဖြစ်သွားပြီး ပြောလိုက်သည်။

"မင်းကလည်းကွာ။ နည်းနည်းစောင့်လိုက်ရင်ပြီးတာကို။ ငါက ထွက်မပြေးပါဘူး။ နောက်ခါ လေယာဉ်နဲ့ပဲ လာခဲ့။ ကားစီးလာတာ ပင်ပန်းတယ်။"

"မွဲသွားမှာပေါ့..လေယာဉ်ခ ဈေးကြီးတယ်ကွ။ ငါက မင်းလို သူဌေးမဟုတ်ဘူး။ ကိုယ့်ချစ်သူကိုတွေ့ချင်လွန်းလို့ လာနေတာ..."

အတုလက စိတ်နည်းနည်းတိုသလို၊ စိတ်မကောင်းဖြစ်သွားပြီး ဝသုန်ကိုကြည့်ကာ ပြောလိုက်သည်။

"ဒါကြောင့် ငါက မင်းကို လာလာမတွေ့နဲ့လို့ပြောတာပေါ့။ နောက်ခါ မလာခဲ့နဲ့။ ငါ ရန်ကုန်ကို ပြန်လာမှတွေ့ကြမယ်..."

"အာ... အတုလကလည်း။ ငါက စတာပါ။ မင်းကို တွေ့ဖို့ အဲ့လောက်ကို မှုစရာလား။ မင်းလည်းငါ့ကိုလွမ်းနေတာကို ငါသိတာပေါ့။ "

"လဲသေလိုက်လေ။ မင်းကို ဘယ်သူကလွမ်းနေလို့လဲ။ အားအားယားယား။ ငါ့ဖာသာတောင် အချိန်မလောက်ဘူး။"

"ဟေ..ခုနက လွမ်းတယ် လို့ပြောနေတာ ဘယ်သူလဲကွ.."

ဝသုန်က အတုလ၏ ပုခုံးကို မိမိဘက်ဆွဲယူကာ နားနားကပ်ပြီးမေးလိုက်သည်။ လမ်းတလျှောက်လုံး ကြည့်ကောင်းသည့် လူငယ်နှစ်ဦး ဖက်ပြီး အရမ်းကို ရင်းနှီးသည့်ပုံနှင့် စကားပြောသွားသည်ကိုတွေ့သော် သိသိသာသာကိုငေးမောကြည့်နေမိသည်။ အတုလက တွေ့သော် ဝသုန့်ကိုမှတ်မိသွားမည်စိုးသဖြင့် တွန်းကာပြောလိုက်သည်။

"ဟေ့ကောင်... မင်း အခွက်ကြီး ဂျာနယ်ထဲပါသွားစေချင်လို့လား။ ဝေးဝေးဖယ်စမ်း.."

"ဖယ်စရာလား။ ပါလည်း ငါတရားဝင်ဖွင့်ပြောပြီး မင်းကိုတွဲမှာပေါ့ကွ.."

"ငါက သဘောတူမယ်တဲ့လား။ မင်း နာမည်ပျက်မယ့် အဖြစ်ကို ငါလုံး၀ ခွင့်မပြုနိုင်ဘူး။"

အတုလ ခါးသီးစွာငြင်းသည်။ မိမိနှင့်ချစ်သည့်အတွက် ဝသုန် ထိခိုက်မည်ကို လက်မခံနိုင်ပေ။ ယခုအချိန်တွင် အတော်များများက လိင်တူချစ်သူကို လက်ခံလာကြပြီဆိုသော်လည်း အနုပညာအသိုင်းဝိုင်းတွင်သူ စကားတင်းဆိုစရာဖြစ်မည်ကို မိမိလက်မခံနိုင်ပါ။

ဝသုန်က အတုလ၏ လက်ကိုတင်းကျပ်စွာ ဆုပ်ကိုင်ကာ လေးလေးနက်နက်ပြောလိုက်သည်။

"ငါ့ရဲ့မနက်ဖြန်တိုင်းမှာ မင်းပါတယ် အတုလ။ မင်းကို ငါစိတ်ပျော်ရုံချစ်ခဲ့တာ မဟုတ်ဘူး။ ပျော်ရင်တွဲမယ်။ မပျော်ရင် ၊စိတ်ညစ်လာရင်၊ပျင်းရင်၊ ငါ့အကျိုးကို ထိခိုက်လာရင် ဖြတ်ပစ်လိုက်မယ် ဆိုတဲ့ထဲ ငါမပါဘူး။ အသက်တွေကြီးသွားတဲ့အထိ၊ ဆံပင်တွေဖြူသွားတဲ့အထိ၊ အသားရေတွေတွန့်လာတဲ့အချိန်ထိ မင်းကို ငါအဖော်ပြုပေးချင်လို့၊ ချစ်ချင်လို့ မင်းကို ငါဖွင့်ပြောခဲ့တာ။ ငါတို့ဘဝကို ငါတို့ပဲပိုင်တယ်။ သူများသားမယားကို လွန်ကျူးနေတာမဟုတ်ဘူး။ ကံငါးပါးကို ချိုးဖောက်နေတာ မဟုတ်ဘူး။ လွတ်လပ်တဲ့လူသားတစ်ယောက်က အခြား လွတ်လပ်တဲ့လူသားကို ချစ်လို့လက်တွဲတာ။ ဘယ်သူ့အမြင်ကြောင့်မှ မင်းလက်ကို ငါလွှတ်မှာမဟုတ်ဘူး အတုလ။ အေး.. သေမင်းခွဲတဲ့ တနေ့မှပဲမင်းလက်ကို ငါလွှတ်မယ်..။ ငါ စကားကုန်ပြောပြီးပြီ။ အခြား သောက်ရေးမပါတဲ့စကားတွေနဲ့ နှစ်ယောက်ရဲ့အပျော်ကို ဖျက်ဆီးမယ် မကြံနဲ့။ မင်းကို ငါခွင့်မလွှတ်ဘူး။"

"ဒါပေမယ့် ငါ့ကြောင့် မင်းတက်လမ်းတွေ ပိတ်သွားမယ်။ မင်းဝါသနာပါတာတွေ မလုပ်ရတော့ဘူးဆိုရင် ငါပျော်နေမယ်လို့ မင်းထင်လား ဝသုန်.."

"ငါ့တက်လမ်းက ပိတ်စရာ မရှိဘူး။ company ထဲပါထားတဲ့ ရှယ်ယာတွေက အမြတ်တွေရနေတယ်။ ပြီးတော့ ငါ့ဝါသနာက သီချင်းဆိုတာ။ ဘယ်နေရာမှာ ဆိုနေပါစေ။ သီချင်းဆိုနေရရင် ငါပျော်တယ်။ အခု မင်းရှေ့မှာဆို၇လို့ ငါပိုပျော်တယ်။ ကဲ .ဘာပြောချင်သေးတာလဲ။ ငါတို့က ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်တယ်။ ဘယ်သူ့ကိုမှ အကျိုးယုတ်အောင်မလုပ်ဘူး။ ငါတို့ရဲ့ချစ်ခြင်းက အပြစ်ကင်းတယ်။ ဒါကြောင့် ဘယ်သူ့အမြင်ကိုမှ ငါဂရုမစိုက်ဘူး။ "

အတုလသည် ဝသုန်၏ ပြတ်သားသည့်စကားကြောင့် ပြုံးသွားခဲ့သည်။ တကယ်လည်း အပျော်များက တကိုယ်လုံးကို ပျံ့နှံ့သွားအောင်ကို ခံစားရသည်။ အတုလ ရုတ်တရက် လမ်းလျှောက်ရာမှ ရပ်ကာ ဝသုန့်ကိုဖက်လိုက်ပြီးပြောလိုက်သည်။

"မင်းက အရမ်းကို သတ္တိရှိတယ်။ ဒါကြောင့် မင်းချစ်ရဲတာ။ မင်းရဲ့အချစ်ကိုရတာ ငါအရမ်းကံကောင်းတယ် ဝသုန်.."

"မင်း ငါ့ကိုပြန်ချစ်တာ ငါပိုကံကောင်းတာပါကွာ..ကဲ... အိမ်ပြန်ကြစို့။ မနက်စာ အတူစားမယ်။ ပြီးရင် ရေနွေးစိမ်ပြီး ရေအေးဆေးချိုးချင်တယ်.. မင်းက ငါ့ကို ဂျီးတိုက်ပေးပေါ့ကွာ.."

ဝသုန်က မိုးစက်ပြောပြသည့်ရေချိုးကန်ထဲက ဇာတ်လမ်းကိုကြားပြီး အတုလကို ဉာဏ်ဆင်လိုက်ခြင်းဖြစ်သည်။ ဒါကို ရိုးသားသည့်အတုလက မသိပဲ လက်ခံလိုက်သည်။

အတုလ၏ အခန်းထဲရှိ ရေချိုးခန်းထဲတွင် ရေစိမ်သည့် ကြွေဇလုံကြီးထဲ ရေပူရေအေးစပ်ထည့်ပြီးနောက် ဝသုန်က ခေါ်လိုက်သည်။

"အတုလရေ...ငါ အထဲကိုဝင်တော့မယ်... လာတော့.."

အတုလသည် ဒယ်ဒီ့ကို လိုအပ်တာလုပ်ပေးပြီး အခန်းထဲဝင်လာတော့ ဒင်းက ချက်ချင်းကိုလှမ်းခေါ်တော့သည်။ ဒါနဲ့အတုလလည်း ရေချိုုးခန်းထဲ ဝင်ခဲ့တော့ ရေချိုးဇလုံထဲတွင် စိမ်နေသည့် ဝသုန်ကိုတွေ့လိုက်ရသည်။ အတုလသည် ကြည်လင်ဝင်းမွတ်သည့် လူငယ်လေး၏ အသားအရေကိုငေးကြည့်နေမိသည်။ ရေစက်များက ရင်ဘတ်ပေါ်တွင် စီးကျနေပြီး ဆံပင်များက ရေစိုပြီးအချောင်းအချောင်းနှင့်ကပ်နေသည်။ ဂျပန်ကာတွန်းကားထဲက ဇာတ်ကောင်လေးတွေလို မေးချွန်ချွန်နှင့်အတော့်ကို ချစ်စရာကောင်းသည့် ဝသုန်ကို ကြည့်ပြီး အတုလ အူယားလာခဲ့သည်။ ကန်ဘောင်ပေါ် ထိုင်ပြီး ဆပ်ပြာခရမ်ကို ယူကာ သူ့ကိုယ်ပေါ်ကို လောင်းချလိုက်သည်။ ထို့နောက် သူ့လည်ပင်းများ၊ ရင်ဘတ်များကို ပွတ်တိုက်ပေးရင်း အတုလ အာခေါင်ခြောက်လာခဲ့သည်။

"မင်း မျက်လုံးကြီးက မှိတ်ရင်မှိတ်ထား။ မဟုတ်ရင်လည်း ဟိုဘက်ကိုလှည့်နေကွာ။ ငါ့ကိုစိုက်ကြည့်နေတာ စားမလို ဝါးမလိုပဲ ..."

ဝသုန်က အတုလ၏ နီရောင်သမ်းနေသည့် မျက်နှာကိုကြည့်ကာ ဖြတ်ခနဲထကာ နမ်းလိုက်သည်။ အတုလက ရေထဲကကြွလာသည့် ကိုယ်လုံးနှင့် ဆပ်ပြာမြှုပ်အကာကွယ်မှ လွတ်သွားသည့် သူ့အောက်ပိုင်းကို မြင်လိုက်တော့ မျက်နှာပူသွားသည်။

"ဟာကွာ.. မင်းက ဘာလုပ်တာတုန်း... ဘာလို့ထလာတာလဲ.."

"မင်းက ချစ်စရာကောင်းလွန်းလို့ပါကွာ... "

"ယောကျာ်းလေးတစ်ယောက်ကို ချစ်စရာကောင်းတယ် ပြောစရာလား ငတုံးရ။ ခန့်ညားတယ်လို့သုံး၇တယ်။"

"မင်းက အဟုတ်ကို ချစ်စရာကောင်းတဲ့ဟာ။ ငါမလိမ်ဘူး။ မင်း တကယ့်ကို ချစ်စရာကောင်းတယ်.."

အတုလက ပြိုင်မငြင်းတော့ပဲ ရှက်ရယ်ရယ်နေပြီး သူ့ကိုပြန်ပြောလိုက်သည်။

"မင်းလည်း အရမ်းကိုချောတယ်ကွ။ ကောင်မလေးတွေ သည်းသည်းလှုပ်တာလဲ မပြောနဲ့။"

"ဟင့်အင်း..ငါက မင်းသည်းသည်းလှုပ်တာပဲ လိုချင်တာ..."

"ဟားဟား..လှုပ်မနေဘူး။ ကဲ.. ရပြီမလား..ချိုးတော့... အအေးမိတော့မယ်..."

အတုလက သူ့နူတ်ခမ်းတွေကိုကြည့်လိုက်၊ သူ့ရင်ဘတ်က ရေစိုနေသည့် အဖုလေးကိုကြည့်လိုက်နှင့် တကိုယ်လုံးပူလာပြီး တင်းလာသဖြင့် စကားစဖြတ်ကာ အမြန်ထွက်သွားရန်ကြံလိုက်သည်။ သို့သော ဝသုန်က အတုလ၏ လက်ကို ဆွဲကာ ရေကန်ထဲဆွဲချလိုက်သည်။ အတုလ လန့်သွားသလို ထိတ်ခနဲ သူဘာလုပ်မည်ကို သိကာ ကျိတ်ကာဝမ်းသာသွားခဲ့သည်။

"မင်း ဘာလုပ်တာလဲ ဝသုန်။ လွှတ်စမ်း။ ငါစိုကုန်ပြီ.."

"ဘာလုပ်မယ်ထင်လဲ။ အတူရေချိုးရင်း တင်းနေတာတွေ လျှော့မလို့ပေါ့ကွ..."

"မင်း ဘာပြောတယ်... "

အတုလ သည် ဝသုန့်ကိုရန်တွေ့သော်လည်း စကားသံတို့တိတ်သွားအောင် သူ့အနမ်းမုန်တိုင်းအောက်ကိုကျသွားတော့သည်။ ဝသုန်၏ လက်များက အတုလ၏ ပျော့ကွက်ကို တခါတည်းကိုင်ထားသဖြင့် အတုလ ငြင်းမရအောင်ဖြစ်သွားတော့သည်။ မိမိတင်းနေသည်ကို ဝသုန်သိသွားပြီမလား။ ပြီးတော့ မိမိလက်က စမ်းမိသည့် အတွေ့အရ ဝသုန်ကလည်း မိမိနည်းတူ တင်းနေလေပြီ။ မထူးတော့ပြီမို့ အတုလ င်္အကျီချွတ်လိုက်ပြီး ဝသုန့်ကိုဖက်ကာ အနမ်းစွမ်းရည်ပြိုင်လိုက်တော့သည်။ မကြာခင် ရေချိုးခန်းထဲ ဘောင်ဘင်ခတ်သံနှင့်အတူ လူငယ်နှစ်ဦး၏ ဟန်ချက်ညီသည့် ချစ်ခြင်း၏သံစဉ်တို့ တိတ်တဆိတ်လွှင့်ပျံ့လာတော့သည်။

--------------------------




Love StoriesDonde viven las historias. Descúbrelo ahora