ရေကန်ထဲ မှ ချစ်ဇာတ်လမ်း- 14 (ချစ်ခြင်း၏သံစဉ်)အဲလက်စ်+သီအို

4.3K 102 5
                                    

ရေကန်ထဲ မှ ချစ်ဇာတ်လမ်း- 14 (ချစ်ခြင်း၏သံစဉ်)

အဲလက်စ်+သီအို

အဲလက်စ်သည် မိမိတို့ သားအမိကိုစွန့်ပစ်သွားသည့် ဖခင်ရင်းကို သိပြီးနောက် လက်တုန့်ပြန်ရန် နီကိုးလ်ကို ပြန်ပေးဆွဲခဲ့သော်လည်း မအောင်မြင်ပဲ ရဲလက်တွင်မိကာ ကံကောင်းထောက်မသဖြင့် ထောင်မကျပဲ ဖခင်ဖြစ်သူ၏ ကယ်တင်ခြင်းကြောင့် လွတ်မြောက်လာခဲ့သည်။ အဲလက်စ်သည် ထိုသို့ကယ်မပေးသည့်အတွက် ဂျက်စပါကို ကျေးဇူးမတင်မိပါ။ နီကိုးကို ထပ်ပြီး ဒုက္ခပေးမည်စိုးသောကြောင့် မိမိကို ကယ်တင်လိုက်ခြင်းဖြစ်သည်ကို သိသည်။ ဒါကြောင့် လောလောဆည် ဖခင်ရင်း၏ သြဇာအရှိန်ဝါအောက် နီကိုးနားကို ထပ်ကပ်ခွင့်မရတော့သဖြင့် အဲလက်စ် ဖခင်စီစဉ်ပေးသည့်အတိုင်း ဝေးလံသည့် မြို့ကို ထွက်ခွာရန်ပြင်ဆင်ရတော့သည်။

ဖခင်က မိမိအတွက် လုပ်ငန်းတခုကို ထူထောင်ပေးထားသဖြင့် ထိုလုပ်ငန်းကို လုပ်ကိုင်ရင်း အခွင့်လန်းစောင့်ရန် ဆုံးဖြတ်လိုက်သည်။ မိမိဇာတိမြို့ကို မပြန်ခင် သီအိုထံ ခဏလာခဲ့သည်။ သီအိုက မိမိကို ဘာအကျိုးမှမလိုပဲ ကူညီပေးဖူးသည့် တယောက်တည်းသော သူငယ်ချင်းဖြစ်သည်။ ပြီးတော့ မိမိကို နားလည်ပေးနိုင်တာ သီအို တစ်ယောက်တည်းရှိသည်။ နားလည်ပေးသည် ဆိုပေမယ့် နီကိုးကို ထိခိုက်အောင် လုပ်သည်ကိုတော့ ခွင့်ပြုမည် မဟုတ်ပေ။ ယခုဖြစ်သွားတာနဲ့ပတ်သတ်ပြီး သားတစ်ယောက်က ဖခင်ကို မုန်းတီးကာ ကလဲ့စားချေရန် ကြံမိကြံရာ လုပ်ခဲ့သူအဖြစ် သီအိုက မိမိကို ခွင့်လွှတ်ပေးသည်။ ဒီအချက်ကြောင့် သီအိုဆီကို အဲလက်စ် ပြန်လာခွင့်ရှိခြင်းဖြစ်သည်။

"သီအို...မနက်ဖြန် ငါ့ ဇာတိမြို့ကို ပြန်တော့မယ်။ မင်းကို ငါ လာနူတ်ဆက်တာ..."

သီအိုသည် ညှိုးငယ်စွာဖြင့် မိမိအခန်းရှေ့တွင်ရပ်ကာ နူတ်ဆက်နေသည့် အဲလက်စ်ကို တချက်ကြည့်ကာ အခန်းတံခါးကို ဖွင့်ပေးလိုက်သည်။ အဲလက်စ် အခန်းထဲကို ၀င်လာစဉ် ပါလာသည့် အရက်ပုလင်းကို မြှောက်ပြကာ ပြောလိုက်သည်။

Love StoriesWhere stories live. Discover now