ချစ်သူပက်ဖြန်းတဲ့ အတာရေစက်လေးများ အပိုင်း (၁) နှင်းထန်+မိုးစက်

3.7K 130 18
                                    

ချစ်သူပက်ဖြန်းတဲ့အတာရေစက်လေးများ

အပိုင်း(၁) နှင်းထန်+မိုးစက်

 

 

နှင်းထန်သည် မိုးစက်နှင့် အတူနေထိုင်ပြီးနောက်ပထမဆုံး သင်္ကြန်ပွဲကို ကြုံရသဖြင့် ရင်ဝယ်မြူးပျော်နေသည်။ အချစ်သောကောင်လေးနှင့် အတူနှစ်ကူးအချိန်ကို ဖြတ်သန်းချင်သည်။ လိင်တူစုံတွဲပေမယ့် ယောကျာ်းလေးခြင်းပေမယ့် လင်မယားအနေဖြင့်ပထမဆုံးဖြတ်သန်းရမည့် အတာပွဲဖြစ်လို့ နှင်းထန် အားခဲထားလိုက်သည်။ ဒယ်ဒီက ၀န်ထမ်းများကိုရေသဘင်ပွဲလုပ်ပေးပြီး company နှင့် ဆက်စပ်နေသည့် လုပ်ငန်းရှင် အားလုံးကို ဖိတ်ကြားကသင်္ကြန်ပွဲကို ဆင်နွဲစေရင်း လုပ်ငန်းပူးပေါင်းမှုများကိုပါ အောင်မြင်စေချင်သည်။ ထိုတာဝန်ကနှင်းထန်၏ ကိုယ်ပေါ်ပိကျလာတော့ နှင်းထန်လည်း ထို Company ပွဲတွင် မိုးစက်ကို တရားဝင်ပွဲထုတ်ဖို့စီစဉ်ပြီး ချစ်သူလေးကို အသိပေးလိုက်သည်။

 

"ကျွန်တော်က မြစ်ကြီးနားပြန်လို့ စီစဉ်ထားတာအကို..."
"နောက်နှစ်မှ ပြန်ပါကွာ။ ဒီနှစ်က ကိုယ့်ဘေးမှာ နေပြီး ကိုယ့်ကို ကူပေးပါဦးကွာ...နော်မိုးစက်လေး"
"ကျွန်တော့်ကို ကြိုပြောရင် ကျွန်တော် နေပါတယ် အကို။ ဒါပေမယ့် အခု ကျွန်တော့် သူငယ်ချင်းအားလုံးနဲ့မြစ်ကြီးနားမှာ ဆုံဖို့ အားလုံးစီစဉ်ပြီးသားဖြစ်နေလို့ ဒီတစ်နှစ်တော့ ကျွန်တော် သွားပါရစေ။နောက်နှစ်ဆို အကိုဘေးမှာ ကျွန်တော် ကူပေးပါ့မယ်ဗျ...."

မိုးစက်က အားလုံးစီစဉ်ပြီးမှ ကပ်ပြောသည့်ယောကျာ်းဖြစ်သူကို ဖက်ကာ တောင်းပန်လိုက်သည်။ နှင်းထန်သည် မိမိ company ပွဲတွင် မိုးစက်နှင့်တူနှစ်ကိုယ်ယှဉ်တွဲကာ ပျော်မည့်အကြုံ ပျက်ပြားသွားသဖြင့် စိတ်တော့မကြည်ပေ။ ဒါပေမယ့်မိုးစက်လေးကို အချိန်နီးမှ ကပ်ပြောသည့် မိမိအပြစ်ကြောင့် အတင်းအကျပ်တော့ မထားနိုင်ပဲလေသံပျော့နှင့် ထပ်ပြောလိုက်သည်။


"ချာတိတ်က သင်္ကြန် မြစ်ကြီးနားသွားမှာ ကိုယ့်ကို ကြိုမပြောပါဘူး။"
"အာ...ကျွန်တော် လွန်ခဲ့တဲ့ သုံးလကတည်းက ပြောတယ်လေ။ အကိုပဲ သင်္ကြန်ရက် နားချင်နားဆို...။အကိုတောင် လိုက်ဦးမယ် ပြောသေးတယ်။ ဒါကြောင့် မြစ်ကြီးနားကို အကိုပါလိုက်မယ်ဆိုပြီးကျွန်တော် အားလုံး စီစဉ်လိုက်တာ။"

Love StoriesWhere stories live. Discover now