ရေကန်ထဲ မှ ချစ်ဇာတ်လမ်း- 10 (စစ်နတ်ဘုရား၏အချစ်ဥယျာဉ်)
ယွမ်ချုးခန်သည် မနက်စာအတူစားပြီးနောက် အထုပ်ပိုးပြင်နေသည့် ဆူမီရာကိုမေးလိုက်သည်။
"ဆူမီရာ... မင်း ဒီနေ့ဘယ်သွားမှာလဲ..."
"တောင်ပေါ်မှာ ဆေးမြစ်သွားတူးမလို့။ ဆေးပညာသင်တဲ့သူတွေကို ဆေးပင် ဆေးမြစ်ကို ဘယ်လိုတူးရတယ်၊ ဘယ်လိုခူးရတယ်ဆိုတာ လက်တွေ့သင်ပေးမလို့။ မင်း မလိုက်ခဲ့ပါနဲ့။ ပင်ပန်းလိမ့်မယ်။နန်းတော်ထဲ နေရစ်ခဲ့လေကွာ။ "
ယွမ်ချူးခန်က အကျယ်ကြီးညည်းညူကာ ပူဆာလိုက်သည်။
"ဟာ... ငါက နန်းတော်ထဲ ယောင်ချာချာ ဘာလုပ်ရမှာတုန်း။ ပြီးတော့ ဟိုလူကြီး တိုလူအီရောက်နေတယ်မလား။ မတော်လို့ငါ့ကိုတွေ့သွားရင် မင်း ကွိခနဲနေလိမ့်မယ်။ ဒါကြောင့် လွတ်လွတ်ကျွတ်ကျွတ် တောထဲပဲလိုက်ခဲ့မယ်..."
"ပြောမရလဲ လိုက်ခဲ့ကွာ။ ကြိုပြောထားမယ် တောင်ပေါ်အားလုံး လမ်းလျှောက်တက်မှာ..."
ဆူမီရာသည် သူပြောသည်ကိုကြားသော် ခေါ်ခဲရန်ဆုံးဖြတ်လိုက်သည်။ ပြီးတော့ သတိတော့ပေးလိုက်သည်.။ ယွမ်ချူးခန်ကလည်း အာမခံလိုက်သည်။
"မင်းတောင်လျှောက်နိုင်တာ ငါက ဘာလို့မလျှောက်နိုင်ရမှာလဲ.... လိုက်တယ်ကွာ...."
တောင်ခြေထိ မြင်းနဲ့လာပြီးတောင်ပေါ်ကို တက်ကာ တလမ်းလုံးဆေးမြစ်ခုးကြသည်။ ယွမ်ချူးခန်က ကလေးလို ပျော်ပြီးတွေ့သမျှ လှရင်ခူးလာပြီး ဆူမီရာကို လာပြသည်။
"ဟေး...ကြည့်စမ်း...ဒီမှိုက ဆေးဘက်ဝင်တယ်ထင်တယ်..."
"မ၀င်ဘူး... လျှောက်နူတ်ပြီး ငါ့ကိုလာပြမနေနဲ့။ ငါ့တပည့်တွေကို သင်ပြနေတာ.. မင်းဖာသာ ဟိုဘက်မှာ အေးဆေးနေကွာ..."
ဆူမီရာသည် အရောင်တောက်နေသည့်မှိုကိုကြည့်ပြီး ယွမ်ချူးခန်ကို ဆူလိုက်သည်။
"မင်း ငါ့ကို ပစ်ထားတယ်ကွာ... ဆူမီရာ... ငါ့ကို နည်းနည်းတော့ အဖက်လုပ်ပါဦး..."
ESTÁS LEYENDO
Love Stories
Historia Cortaချစ်ဇာတ်လမ်းများစုစည်းမှု ကိုနှင်းထန်+ မိုးစက် သီဟစော+ဝေယံအောင် သူရိန်+ ကိုကို သတိုးအောင်+ငွေစင် မင်းသတိုး+နွေဦး ထိမိုယွမ်+စာဂီရိ တင်တက်ရင်+ကမာအာဇမာန် တင်မော်ရင်+ဟေဇယ် သူတို့တွေရဲ့ အချစ်ခန်းများသီးသန့်စုစည်းမှု။