(Unicode) ရေကန်ထဲမှ ချစ်ဇာတ်လမ်း- 6 (ပန်းပွင့်သတိုးသမီး)

1.2K 16 0
                                    

(Unicode)

ရေကန်ထဲမှ ချစ်ဇာတ်လမ်း- 6 (ပန်းပွင့်သတိုးသမီး)


စာဂိရိသည် မောင်တော်ထိမိုယွမ်ပြန်လာမည့်ကိုစောင့်မျှော်နေမိသည်။ ယခုမြောက်ပိုင်း မွန်ဂိုပြည်တွင် မင်းပြောင်းမင်းလွဲဖြစ်ပြီး စစ်ဘုရင် တင်တက်ရင်က ယခင်မင်းကြီး တေးဟာခန်၏သမီး ချူးချူးကို ဘုရင်မအဖြစ်ထီးနန်းလွှဲပေးလိုက်သဖြင့် မဟာမိတ်ပြုထားသည့် နိုင်ငံအားလုံးကို ဆင့်ခေါ်ကာ နန်းတက်ပွဲနှင့်အတူ ဆက်လက်သစ္စာခံကြောင်း ပြသစေသည်။ ပထမ စာဂိရိ လိုက်မည်လုပ်ပြီးမှာ ထိမိုယွမ်က အတိုင်းတိုင်းအပြည်ပြည်မှ ဘုရင်များ မိမိချစ်မယားလေးကို ငမ်းကြောထူ တဏှာရူးမည်စိုးသဖြင့် အကြောင်းအမျိုးမျိုးပြကာ ထားရစ်ခဲ့သည်။

စာဂိရိက မောင်တော့်ကို စောင့်မျှော်ရင်း တနေ့ပြီးတနေ့လွန်ခဲ့သည်။ ပထမပိုင်းက စာသင်သည်ကို ဆရာနိုရုန်းနှင့်ဆက်လုပ်နေသော်လည်း ဆယ်ရက်ကျော်တော့ စာဂိရိ မရတော့ပေ။ ညညဆိုလျှင် မောင်တော်မရှိသည့် အိပ်ယာက အေးစက်လွန်းလှသည်။ နေ့ခင်းတွင် မောင်တော်ခွံမကျွေးသည့် ဟင်းများက အရသာကင်းမဲ့နေသည်။ ပိုဆိုးတာက နေရာတိုင်းမောင်တော့်ကို မြင်ယောင်နေမိသည်။ စားလည်းမောင်တော်၊ အိပ်လည်းမောင်တော်။ တကိုယ်ရည်ညများကို မောင်တော်မပါပဲ ဖြတ်သန်းရတာ စာဂိရိအတွက် ငရဲတမျှခံစားရသည်။

ထိမိုယွမ်သည် ညီလာခံမှအပြန် ညီတော်ကို သတိရသဖြင့် ဝင်တွေ့တော့ စာလည်းမဖတ်။ အိပ်ရေးပျက်သည့် မျက်လုံးနှင့် ပိန်ကျသွားသည်ကိုတွေ့တော့ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"အဲ့ဒါက ဘယ်လိုဖြစ်နေတာလဲ စာဂိရိ... မျက်တွင်းတွေ ဒီလောက်ဟောက်နေတာ မအိပ်ဘူးလား။"

"အိပ်ပါတယ် နောင်တော်ရ..."

"ဒါဆို ဒီမျက်တွင်းတွေက ဘာကြောင့်ချိုင့်နေတာလဲ.. ပြီးတော့ မင်းစာလည်း လာမသင်တော့ဘူးလို့ နိုရုန်းပြောတယ်။ မင်းဘာလုပ်နေတာလဲ စာဂိရိ ။ မြင်းစီးလေ့ကျင့်တာလည်း မလုပ်တော့ဘူး။ အရင်ကတော့ မြင်းစီးချင်လှချည်ရဲ့ဆို။ မင်း မြင်းစီးခွင့်ရအောင် ထိမိုယွမ်နဲ့ နောင်တော် ဘယ်လောက်တောင်ကြိုးစားပေးခဲ့ရလဲ။ တနန်းတော်လုံးက ရှေးရိုးစွဲ အမတ်တွေကို တော်လှန်ပြီး မင်းကို မြင်းစီးခွင့်ရအောင် လုပ်ထားတာ။ အခုက တန်ဖိုးမထားတာလား။ ဘာလဲ။ မိန်းကလေး ပီသသွားချင်တာလား။ "

"နောင်တော်... မဟုတ်ဘူး.."

"မဟုတ်ရင် ဘာဖြစ်တာလဲ ပြောစမ်း.. ဟင် မင်းကိုကြည့်ရတာ အတော် စိတ်ပျက်ဖို့ကောင်းတယ်။ အအိပ်မမှန်၊ အစားမမှန်၊ လင်ပူမိနေတဲ့ရုပ်နဲ့။"

တင်ဂီရိ၏ မညှာမတာအပြောကြောင့် ငိုချင်လျက် လက်တို့ဖြစ်ကာ မျက်ရည်ပေါက်ကြီးများ ကျဆင်းလာပြီး ပြောခဲ့သည်။

"ဟုတ်တယ်...ဟီး...ဟီး... မောင်တော့်ကိုလွမ်းလို့ ကျွန်တော် မအိပ်နိုင် မစားနိုင်ဖြစ်နေတာ... အဲ့ဒါကို နောင်တော်က ပစ်ထားတယ်။ နည်းနည်းမှလာမကြည့်ဘူး။ ဆရာနိုရုန်းလည်း အားမပေးဘူး။ ခုဆို မောင်တော်သွားတာ ၁၀ ရက်ကျော်ပြီ။ ဘာသတင်းမှာ မကြားဘူး။ ဟိုဘုရင်မချူးချုးက မောင်တော့်ကို ပြန်မလွှတ်တာများလား။ ဒါမှမဟုတ် အခြားမွန်ဂိုမင်းသမီးကို သဘောကျလို့ ပြန်မလာတာလား. မသိဘူး...ဟီး..ဟီး..."

စာဂိရိသည် မအောင့်နိုင်သည့် အဆုံးအော်ပြီး ငိုပစ်လိုက်တော့သည်။ တင်ဂီရိသည် ညီဖြစ်သူ၏ စိတ်ထဲ ပွင့်ထွက်လာအောင် တမင်ပြောလိုက်တာ ဖြစ်ပြီး ငိုနေသော ညီလေးကို ရင်ခွင်ထဲ ပွေ့ဖက်ထားကာ ကျောပြင်လေးကို ပွတ်ပေးနေသည်။

"စာဂိရိလေး ငိုလိုက်။ နောင်တော် ရှိတယ်။ "

"နောင်တော်လည်း အလကားပဲ။ ပင်းပင်းနဲ့ကလေးနားပဲ ကပ်နေတယ်။ စာဂိရိကို အရင်လိုဂရုမစိုက်ဘူး။ ပစ်ထားတယ်။ ပြီးတော့ အဆောင်ကိုလာပြီး အော်ဆူတယ်။ မောင်တော်လာရင် တိုင်ပြောမယ်။ မောင်တော်မရှိတာနဲ့ ဘယ်သူမှ စာဂိရိကို ဂရုမစိုက်ဘူးလို့..."

တင်ဂီရိသည် ရယ်ချင်ရိပ်နှင့် ညီတော်လေး၏ မျက်ရည်များကို သုတ်ပေးပြီး ပြောလိုက်သည်။

"ကိုယ့်ဖာသာ လင်ပူမိပြီး ညီလာခံမတက်တာ ဘယ်သူလဲ။ တညလုံး မအိပ်ပဲ မိုးလင်းခါနီးမှာ အိပ်သွားတာ ဘယ်သူလဲ။ အဲ့ချိန် ပင်းပင်းက အမြဲလာလာကြည့်ပေးတာမသိဘူး မလား။ နိုရုန်းလာခေါ်ရင် ထွက်ပြေးနေတာ ဘယ်သူလဲ..."

"မောင်တော့်သတင်းဘာကြားသေးလဲ နောင်တော်..."

စာဂိရိက အားလုံးမှန်နေသဖြင့် မျက်ရည်ကိုသုတ်ကာ သိလိုသည်ကို မေးလိုက်သည်။

"အေး.......ကြားတယ်..."

"ဟင်... ပြန်လာမှာတဲ့လား။ ဘယ်တော့လဲ..."

"မဟုတ်ဘူး။ နောက်တပတ်ကြာမယ်တဲ့..."

ထိုသတင်းကိုကြားသော် စာဂိရိ အားပျော့သွားသည်။ တင်ဂီရိသည် ညီဖြစ်သူကို လှုပ်ခါပြီး မေးလိုက်သည်။

"နောင်တော် မေးတာကိုဖြေစမ်း။ မင်း တကယ်ပဲ မိန်းကလေးစိတ်ပေါက်သွားပြီလား။"

"မပေါက်ပါဘူး နောင်တော်ကလည်း။"

"အေး... မပေါက်တာကောင်းတယ်။ မင်းက ယောကျာ်းလေးဆိုတာ မမေ့နဲ့။ ထိမိုယွမ်က မင်းကို ယောကျာ်းလေးမှန်းသိလျက်နဲ့ ချစ်ခင်စုံမက်ခဲ့တယ်။ မင်းက ညီနောင်လို၊ ချစ်သူလို သူ့ကို အကျိုးပြုနိုင်ရမယ်။ တကယ်ဆို သူ တိုင်းပြည်မှာမရှိတုန်း သူ့ကိုယ်စား မင်းက ပိုပြီးတာဝန်ထမ်းဆောင်သင့်တာ။ အခုတော့ အားနွဲ့တဲ့ မိဖုရားလေးလို နန်းဆောင်ထဲ ပုန်းပြီး ကြေကွဲနေတယ်။ မင်းအစား ငါရှက်တယ် စာဂိရိ။ ထိမိုယွမ်ပြန်လာရင် မင်းအခု ဖြစ်ပျက်နေတာကို မြင်ရင် စိတ်မပျက်ပဲနေမလား။"

နောင်တော့် စကားကြောင့် စာဂိရိ မျက်ရည်တိတ်သွားခဲ့သည်။ ဟုတ်တော့ဟုတ်သား။ မောင်တော့်ကို လွမ်းပြီး ခံစားချက်နောက်ကို မိမိလိုက်နေမိသည် မဟုတ်လား။ မိမိကိုယ်ကို မှန်ထဲကြည့်ကာ စိတ်ပျက်လက်ပျက် သက်ပြင်းရှိုက်မိသည်။

"ကျွန်တော် ခံစားချက်နောက် လိုက်သွားမိပါတယ် နောင်တော်။ ကျွန်တော် မနက်ဖြန်ကစပြီး ပြုပြင်ပါ့မယ်။"

"အေး..အဲ့လိုဖြစ်ရမယ်။ အနည်းဆုံးတော့ ထိမိုယွမ်ပြန်လာချိန် ရှေ့ဆုံးကနေ ကြိုတဲ့ ကင်းထောက်အဖွဲ့မှာ မင်းကို တွေ့ချင်တယ်။ ဒါကြောင့် မင်းကြံ့ခိုင်အောင် ပြန်လေ့ကျင့်ရမယ်..."

နောင်တော်တင်ဂီရိအမိန့်ဖြင့် စာဂိရိ စိတ်ပိုင်းဖြတ်လိုက်သည်။ အစားပြန်စားသည်။ ညအိပ်ပျော်အောင် အိပ်သည်။ မိမိသည် ယောကျာ်းလေးတစ်ဦးဖြစ်သည်။ ချစ်သူကို အထောက်အကူဖြစ်နိုင်သည့် သူဖြစ်အောင် ပြန်လေ့ကျင့်ရန် စိတ်ပိုင်းဖြတ်လိုက်သည်။

ထိမိုယွမ်သည် မွန်ဂိုပြည်မှ ပြန်လာသည့်လမ်းတလျှောက် စာဂိရိကို လွမ်းလွန်းလို့ သေမတတ်ကိုခံစားနေရသည်။ ချစ်သည့် ကောင်လေး။ လိုချင်လွန်းလို့ စစ်ချီပြီးရအောင်ယူထားသည့် ကောင်လေးကို လွမ်းသည်။ မိန်းမတကာနှင့် ရှုပ်ခဲ့ပြိး အချစ်ဆိုတာကို ကစားခဲ့သမျှ စာဂိရိ၏ ရိုးသားသည့် အကြည့်တချက်မှာ ကျရှုံးသွားခဲ့မိသည်ကို

ပြန်တွေးတိုင်း ရင်ထဲနွေးဆင်းသွားသည်။ ပျော်သည်။ မိမိတိုင်းပြည်ကိုနီးလာသည့်အတွက် ပျော်နေမိသည်။

"အရှင့်သား... အကြိုထောက် အဖွဲ့ရောက်နေပါပြီ..."

နယ်စပ်တွင် လက်ရွေးစင်အဖွဲ့က အကြိုရောက်နေသည်။ ထိုထဲတွင် ယောက်ဖတော် တင်ဂီရိက ထိပ်ဆုံးက ရပ်နေသည်။ ထိမိုယွမ်သည် မြင်းကို အသော့နှင့်လိုက်သည်။ တဖြည်းဖြည်းနီးလာတော့ ယောက်ဖနားတွင် မြင်းချင်းယှဉ်ရပ်ထားသည့် စာဂိရိကို မမျှော်လင့်ပဲ တွေ့လိုက်သည်။

"စာဂိရိ..."

စစ်သည်တော်ဝတ်စုံနှင့် ခန့်ညားသည့် မင်းသားလေး စာဂိရိ။ မိမိမြတ်နိုးရသည့် ကြင်ယာတော် စာဂိရိ...။ စာဂိရိက တကယ့် စစ်သည်တော်ကောင်းလို ခန့်ညားစွာဖြင့် မြင်းပေါ်ထိုင်နေသည်။ သူ့အသားရည်က ကြေးနီရောင်သမ်းကာ ခန့်ထည်ပြီး ပိုဆွဲဆောင်နေသလိုပင်။ထိမိုယွမ်သည် စာဂိရိ၏ကြံ့ခိုင်သည့် ပုံကို မြင်တော့ လိုချင်စိတ်က နှစ်ဆတက်လာခဲ့သည်။

"အဟမ်း... နန်းတော်ရောက်မှ အလွမ်းသယ်ကြ။ မင်းကြီးက စောင့်နေတယ်... "

ယောက်ဖတော်က ချောင်းဟန့်လိုက်မှာ စာဂိရိ လက်ကို လွှတ်ပေးပြီး မြင်းကိုတူယှဉ်စီးကာပြန်လာခဲ့သည်။

"စာဂိရိ အဆောင်ကပဲ စောင့်နေနော်။ မောင်တော် ရေချိုးသန့်စင်ဖို့ အသင့်ပြင်ထားလိုက်။ မောင်တော် ခမည်းတော်ကို အမြန်တွေ့ပြီးလာခဲ့မယ်။"

ထိမိုယွမ်သည် လှိုင်းထလာသည့် ချစ်စိတ်ကို ဖိနှိပ်ကာ စာဂိရိကို အကြံနှင့်ပြန်လွှတ်လိုက်သည်။ ပြီးတော့ ခမည်းတော်နှင့်တွေ့ကာ မွန်ဂိုပြည်နှင့် သဘောတူညီချက်အကြောင်းကို တင်လျှောက်သည်။ မင်းကြီးက အခြားအရာများကိုမေးနေသဖြင့် ထိမိုယွမ်က ဖင်တကြွကြွဖြစ်နေသည်။ နောက်ဆုံး မင်းကြီးက ရယ်မောကာ သားတော်ကို ပြန်လွှတ်လိုက်ရတော့သည်။

"ကဲ...ကဲ..သွားနားတော့။ ညနေစာကို ခမည်ေးတာ်နဲ့ အတူလာစားဖို့စာဂိရိကိုပြောလိုက်..."

ထိမိုယွမ်က ခမည်ေးတာ်ကို အရိုသေပေးပြီး တခါတည်း နန်းဆောင်ကိုပြေးတော့သည်။

"စာဂိရိ ဘယ်မှာလဲ.."

"ရေချိုးဆောင်မှာပါ အရှင့်သား.."

ထိမိုယွမ်သည် ရေချိုးဆောင်ကိုလာရင်း အဝတ်များကို ချွတ်ချခဲ့သည်။ ရေချိုးဆောင်ကိုရောက်တော့ ဘောင်းဘီရှည်ကို ချွတ်ချလိုက်ပြီး တဘတ်ပတ်လိုက်သည်။

"စာဂိရိ..."

စာဂိရိ၏ ကိုယ်ပေါ်တွင်လည်း အဝတ်မပါပဲ ခါးအောက်ပိုင်းကို တဘတ်တထည်သာ ပတ်ထားသည်။ သွယ်သောကိုယ်လုံးအလှက ထိမိုယွမ်ကို မီးဝင်းဝင်းတောက်မတတ်ဖြစ် လာစေသည်။ ကြေးနီရောက်သမ်းသည့် မျက်နှာက ယောကျာ်းပီဆန်လာပြီး ထိမိုယွမ်ကို ပိုပြိးဆွဲဆောင်နေသည်။

နူတ်ခမ်းလေးကိုကြည့်ပြီး ကိုက်စားချင်စိတ်ကို ထိမ်းမရတော့ပေ။ ပြီးတော့ လည်ပင်း၊ ဒီနေရာက အနီမှတ်တွေ ပျောက်ကုန်ပြီပဲ။ မဖြစ်ဘူး။ ခါတိုင်းလို အမှတ်ပြန်မှတ်ပေးရမည်။ ပြီးတော့ ပုခုံးစွန်းနှစ်ဖက်၊ ကိုက်ကာ နမ်းချင်စိတ်က ထိမ်းမနို်င်တော့။

ထိမိုယွမ် မျက်လုံးမလွဲနိုင်သည့်နေရာက ရင်ဘတ်မှ အမှတ်နှစ်နေရာဖြစ်သည်။ မိမိအနမ်းနှင့်ဝေးကွာနေသည့် ပွင့်ချပ်နှစ်ခု။ မိမိ အနမ်းကိုမျှော်နေသလိုပင်။

"မောင်တော်... မြန်လိုက်တာ..."

ထိမိုယွမ်သည် ချက်ချင်းစာဂိရိကို ပြေးဖက်ကာ လွမ်းခဲ့ရသည့် နူတ်ခမ်းပါးကို စကားမဆိုအောင်လုပ်လိုက်သည်။ စာဂိရိလည်း မောင်တော်၏ ပြင်းပြသည့် တပ်မက်ရိပ်ကိုတွေ့သော် ရင်ခုန်လာခဲ့သည်။ မိမိလည်း အရမ်းကိုလိုချင်နေပြီ မဟုတ်လား။ မောင်တော့်အထိအတွေ့။ မောင်တော့်အချစ်။

"ရေစိမ်ကြစို့နော်... မောင်တော့်ကို စာဂိရိ ပြုစုပေးမယ်..."

ထိုစကားကိုကြားသော် ထိမိုယွမ် ပြုံးသွားပြီးတခါတည်း ပွေ့ချီကာ ပန်းပေါင်းစုံထည့်ထားသည့် ရေကန်ထဲကို ဆင်းချလာတော့သည်။ ရေနွေးနွေးက ထိမိုယွမ်၏ ချစ်စိတ်ကို တိုးလာစေသည်။ ရေကန်ထဲတွင် စာဂိရိက ထိမိုယွမ်၏ကိုယ်ကို ခွထားပြီး နှစ်ဦးသား လွမ်းသမျှ အတိုးချနမ်းတော့သည်။ နမ်းလေ လွမ်းလေများဖြစ်နေပြီလား။ ထိမိုယွမ် ဘယ်လိုမှ အားမရတော့ပေ။

"လွမ်းလိုက်တာ စာဂိရိလေးရာ။ မောင်တော်လေ... စာဂိရိရဲ့ အစိတ်ပိုင်းတိုင်းကိုလွမ်းနေတာ..."

ပြောပြီး ထိမိုယွမ်က စာဂိရိ၏ အစိတ်ပိုင်းတခုချင်းကို နမ်းရှိုက်ကာ နူတ်ဆက်တော့သည်။ စာဂိရိသည် မည်မျှပင် အတူနေခဲ့သည်ဖြစ်စေ မောင်တော့် အထိတွေ့ကိုခံလိုက်ရသည်နှင့် တကိုယ်လုံးပူလောင်ကာ ချစ်စိတ်တဟုန်းဟုန်းပေါ်လာတော့သည်။ ခုလည်း မောင်တော့် ရင်ဘတ်ကို ပွတ်ချေကာ နမ်းနေစဉ် ဘယ်လိုမှ မအောင့်နိုင်ပဲ မောင်တော့်ပုခုံးစွန်းကိုနမ်းရင်း ကိုက်လိုက်သည်။

"အ... စာဂိရိလေး..ဘာလို့ကိုက်တာလဲ..."

"အရမ်းလွမ်းလို့..ကျွန်တော့်ကို ပစ်ထားလို့..."

စာဂိရိပြောပြီး တကိုယ်လုံးကို ကိုက်တော့သည်။ ထိမိုယွမ်ကတော့ ချစ်သူလေး ကိုနာကျင်အောင်မလုပ်ရက်သဖြင့် တကိုယ်လုံးကနမ်းပြီး အမှတ်မှတ်နေတော့သည်။ ထို့နောက် အရှိန်တက်လာတော့ စာဂိရိ နားနားကပ်ကာ ပြောလိုက်သည်။

"ကိုယ် အိပ်ဆောင်ထဲ ထိမရောက်တော့ဘူး။ ဒီမှာပဲ ချစ်တော့မယ်.."

"အွန်း..."

စာဂိရိ၏ ခွင့်ပြုမိန့်ရသည်နှင့် ရက်၂၀ နီးပါးအောင့်ထားသမျှကို ဖွင့်ထုတ်တော့သည်။ ရေကန်က ရေများဘောင်ဘင်ခတ်ကာ အောက်ကိုလျှံကျကုန်သော်လည်း နှစ်ဦးလုံး သတိမထားမိအောင် ချစ်ပင်လယ်ထဲနစ်သွားတော့သည်။

-----------------------------------




Love StoriesHikayelerin yaşadığı yer. Şimdi keşfedin