(Unicode) ရေကန်ထဲ မှ ချစ်ဇာတ်လမ်း- 5 (အချစ်စစ်၏တည်နေရာ)

1.3K 22 0
                                    

(Unicode)
ရေကန်ထဲ မှ ချစ်ဇာတ်လမ်း- 5 (အချစ်စစ်၏တည်နေရာ)

ဒေါက်တာနှင်းထန်သည် မိုးစက်ပြန်လာမည်ဆိုသဖြင့် အသေးစိတ် စီစဉ်နေသည်။ ပထမ ဝိုင်ကောင်းကောင်းနှင့်အမြည်းများစီစဉ်ထားသည်။ ချစ်တဲ့မိုးစက်လေး သူ့အကိုကြီး ဦးစနေကို ဆေးကုပြန်လာတာကို အနီးကပ်သွားပြုစုပေးနေသည်ဆိုတော့ နှင်းထန်လည်း ဘယ်လောက်လွမ်းလွမ်း ညတိုင်းဖုန်းပြောရင်း အလွမ်းဖြေနေရ တာများသည်။ ခုလို သူ့အကိုကြီးက ပြန်လွှတ်လိုက်လို့ ရန်ကုန်ပြန်လာသည် ဆိုတော့ နှင်းထန် ပျော်ပြီလေ။

"လွမ်းတယ် မိုးစက်လေးရယ်။ မင်းကိ သေလုအောင်လွမ်းနေပြီ..."

နှင်းထန်သည် ကောင်လေးရဲ့အဝတ်စားလေးကို ဖက်ပြီး အိပ်ယာပေါ်လှဲအိပ်ရင်း နူတ်မှ ဂါထာလို ရွတ်နေမိသည်။ သူ့အကိုကြီးက သေရေးရှင်ရေးဆိုတော့ ပြုစုချင်သည်ကို မိမိဘယ်လိုတားရက်မှာလဲ။ ဒါကြောင့် ချစ်သူလေးကို ညတိုင်းလွမ်းလွမ်းနှင့် အရင်က ချစ်ခဲ့တာကိုပြန်တွေးပြီး တကိုယ်ရည်တည်း စိတ်ဖြေခဲ့ရပေါင်းများပြီ။ မိုးစက်နှင့်အတူလက်ထပ်ပေါင်းသင်းပြီးကတည်းက မိုးစက်နေရာတွင် အခြားမည်သူ့ကိုမှ အစားမထိုးရက်ပါ။ ယောကျာ်းသဘာဝမို့သွေးသားဆန္ဒဆိုတာ ရှိပေမယ့် ကိုယ့်ချစ်သူမရှိသည်နှင့် ထိုသွေးသားကိစ္စကိုအကြောင်းပြုပြိး ဖောက်ပြန်ဖို့တော့နှင်းထန် စိတ်ပင်မကူးပါ။

မိုးစက်နှင့် အတူနေခဲ့ကတည်းက မိမိကို မိုးစက်ပိုင်သည်ဟု သတ်မှတ်ပြီးဖြစ်သည်။ ဒါကြောင့် ညအိပ်ယာဝင်တိုင်း နှစ်ယောက်အိပ်ကုတင်ကြီးပေါ်တွင် လှဲလျောင်းရင်း အရင်က မိုးစက်နှင့်အချစ်သည်းခဲ့သည်ကို ပြန်တွေးပြီးဖီးလ်ရုံကလွဲပြီး ဘာမှမလုပ်ခဲ့ပေ။ အောင့်အီးထားသမျှ မိုးစက်လာမျှ လွှတ်ထုတ်ပစ်ရတော့မည်။ မိုးစက်လည်း မိမိကို လွမ်းနေသည်ကို ညတိုင်း Vedio call ခေါ်တိုင်း နှင်းထန်ရိပ်မိသည်။ မိုးစက်လေး၏ မိမိကို အားနာဟန်စွတ်သည့် မျက်ဝန်းလေးတွေကို မြင်ရရုံနှင့် စိတ်ရိုင်းကို ထိန်းနိုင်ခဲ့သည်ကို သူလေးသိအောင်ပြောပြရအုံးမည်။

"မောင်နှင်းထန်... နှင်းဆီပန်းတွေရလာပါပြီ..."

ဒေါ်ပိုလက်ထဲမှ နှင်းဆီပန်းများကိုလှမ်းယူပြီး ရေချိုးကန်ထဲကိုလာခဲ့သည်။ ဟိုတလောက မိမိ၏ စီးပွားရေးလုပ်ဖော်ကိုင်ဖက် ကျောက်စိမ်းသူဌေး သီဟစောက နိုင်ငံခြားမှာ ရေချိုးကန်ကြီးကို စပယ်ရှယ်မှာယူပြီး သေချာတပ်ဆင်သည်ကိုကြားတော့ မိမိလည်း မိုးစက်အတွက် တပ်ဆင်ပေးရန် ဆုံးဖြတ်လိုက်သည်။ မိုးစက်လေးလည်း ရေနွေးကန်လေးထဲ စိမ်ရင်းပင်ပန်းမှုတွေကို ပြေပျောက်စေချင်သည်။ ပြီးတော့ မိမိလည်း မိုးစက်လေးနှင့်အတူ ရေစိမ်ချင်သည်။ အခုစိတ်တိုင်းကျပြင်ဆင်ထားသည့် ရေချိုးကန်ထည့်ထားသည့် အခန်းကျယ်ကြီးကို မိုးစက်အတွက် အထူးစီစဉ်ပေးခြင်းဖြစ်သည်။

နှင်းထန်သည် နှင်းဆီပွင့်ဖတ်များကို ခြွေပြီးရေကန်ထဲကျဲချလိုက်သည်။ ဝိုင်ပုလင်းကောင်းကောင်းကို ရေခဲစိမ်ထားသည်။ ပြီးတော့စပျစ်သီးနှင့် ဒိန်ခဲများကိုလည်း သေချာပြင်ဆင်ထားပြီ။ အခန်းကိုလည်း မိုးစက်အကြိုက်သစ်တောနံ့လေးပါသည့် Air fresher ဖြန်းထားလေပြီ။ ထို့နောက် အောက်ထပ်ဆင်းပြီး မိုးစက်ကိုကြိုရန်လေဆိပ်ကိုထွက်ခဲ့သည်။

မိုးစက်သည် လေဆိပ်အဆောက်ဦးထဲရောက်တော့ အကို့ကိုချက်ချင်းရှာတော့သည်။ အကို့ကိုမတွေ့တော့ ရင်ထဲဟာခနဲဖြစ်သွားသည်။ အကိုလာကြိုမည်ပြောထားပြီး အကို့ကိုမတွေ့တော့ မိုးစက် ရင်ထဲမကောင်းအောင်ဖြစ်မိသည်။ တောင်ကြီးမှာနေစဉ် အကို့ကိုဘယ်လောက်လွမ်းသည်ကို တွေ့တွေ့ချင်းပြေးဖက်ကာပြောလိုက်မည်ဟု ကြံထားသော်လည်း အကိုမလာနိုင်သောအခါ မိုးစက် လှုပ်ပင်လှုပ်ချင်စိတ်မရှိတော့ပေ။ ထို့နောက် အိတ်ကိုဆွဲကာ လေးကန်စွာဖြင့် လေဆိပ်အပြင်ကိုထွက်လာစဉ် ရုတ်တရက်အနောက်မှ သိုင်းဖက်ခံလိုက်ရစဉ် မိုးစက် ဟန်မဆောင်နိုင်တော့ပဲ နောက်ပြန်လှည့်ကာ သူ့လည်ပင်းကို သိုင်းဖက်ပြိး ပြောလိုက်သည်။

"အကို လာမကြိုနိုင်ဘူးထင်နေတာ..."
"လာကြိုမှာပေါ့ ကလေးရယ်။ ကလေးကို ကိုယ်ဘယ်လောက်လွမ်းနေတယ် ထင်လဲဟင်။ ကလေးကိုယ့်ကို မတွေ့ရင် ဘယ်လိုဖြစ်မလဲ သိချင်လို့ ပုန်းနေတာ။ ကိုယ့် မိုးစက်လေး အရမ်းဝမ်းနည်းသွားတာတွေ့လို့ ကိုယ်စလိုက်မိတာ မှားသွားမှန်းသိလိုက်တယ်။ ခွင့်လွှတ်ပါ မိုးစက်လေးရယ်။ နောက်ခါ ကိုယ် ဘယ်တော့မှ ကလေးကို မစတော့ပါဘူးကွာနော်..."
"အကို အရမ်းဆိုးတယ်။ ကျွန်တော်က အကို့မျက်နှာကို မမြင်ရတော့ စိတ်ညစ်သွားတာပဲ။ ကျွန်တေ်ာလေ အကို့ကိုလွမ်းနေတာ သိရဲ့လား။"
"သိပါတယ် မိုးစက်လေးရယ်။ ကိုယ်သိပါတယ်.. လာအိမ်ကို အမြန်ပြန်ကြစို့...ကိုယ် ကလေးကိုလွမ်းလှပြီ။"

သူပြောသည်ကို နားလည်သဖြင့် မိုးစက် ရှက်ရယ်ရယ်လိုက်သည်။ ရင်လည်းခုန်သွားသည်။ အကို့ခါးကိုပြန်ဖက်ပြီး လေဆိပ်အပြင်ကိုထွက်လာခဲ့သည်။ မိမိလည်း အကို့ကိုလွမ်းလှပြီမဟုတ်လား။
"ကိုစနေ သက်သာလား မိုးစက်လေး.."
"သက်သာတယ် အကို။ အကိုကြီးက ကျွန်တော့်ကို အရမ်းအားနာနေတာ။ ခဏခဏပြန်လွှတ်တယ်။ ဒါပေမယ့် ကျွန်တော် ပြန်မလာရဲဘူး။ အကိုကြီးဓါတ်ကင်ထားတာ ဘေးထွက်ဆိုးကျိုးရှိတယ်။ တခါတလေ အခြေနေကမငြိမ်ဘူး။ ကျွန်တော်ပြန်လာတဲ့အချိန် အကိုကြီး ဆုံးပါးသွားမှာကိုကြောက်တယ်။ ဒါကြောင့် အကို့ကို ဘယ်လောက်လွမ်းလွမ်း အကိုကြီးနားက မခွာရဲတာ။ အကို..ကျွန်တော့်ကို ခွင့်လွှတ်ပါဗျာနော်။ ကျွန်တော် အရမ်းဆိုးမိတယ်။ အကို့ကို တစ်ယောက်တည်း ပစ်ထားမိတယ်။"
နှင်းထန်သည် မိုးစက်လေးကိုယ်ကို တင်းနေအောင်ဖက်လိုက်ပြီး ပြောလိုက်သည်။

"ခွင့်လွှတ်မှုတောင်းစရာမလိုအောင် ကိုယ်မိုးစက်ကို တခါမှ အပြစ်မမြင်ခဲ့ပါဘူးကွာ။ ကိုယ့် မယားလေးက အရမ်းကို သံယောဇဉ်ကြီးပြီး ကြင်နာတတ်လို့ ကိုယ်က ဂုဏ်ယူနေတာ သိရဲ့လား။ "

နှင်းထန်က မိုးစက်၏ နဖူးလေးကို ရွှတ်ခနဲနမ်းပြီးလွှတ်ပေးလိုက်သည်။ ကားလေးက လေဆိပ်ထဲမှ အရှိန်နှင့်ပြေးထွက်လာခဲ့သည်။ မိုးစက်သည် အကို့စကားကြောင့် အကို့ကို ပိုပြီးချစ်သွားမိသည်။ အကိုက မိမိကို ဘယ်လောက်တောင် အလေးနက်ထားချစ်သည်ကို အကိုကြီးနှင့် အကြိမ်ကြိမ်ပြောမိသလိုပင် စချစ်သည်မှ ယနေ့အချိန်ထိ အကိုနှင်းထန် မိမိအပေါ်အချစ်တစ်စက်လေးမှ လျော့မသွားတာ မိမိဘယ်လောက်ကံကောင်းလိုက်သလဲဟု တွေးနေသည်။
"အကိုနဲ့လက်ထပ်မိလို့ ကျွန်တော် အမြဲဂုဏ်ယူမိတယ်သိလား..."
"အင်း.. သိတယ်။ ပြီးတော့ မိုးစက် ကိုယ့်ကို တနေ့ထက်တနေ့ပိုချစ်လာတာလည်း သိတယ်.."

အကို့စကားကြောင့် မိုးစက် ရယ်လိုက်မိသည်။ ရင်ထဲမှ တင်းကျပ်နေသည်တို့ တဖြည်းဖြည်းပြေလျော့သွားခဲ့သည်။ အကိုကြီးနားနေစဉ် အကိုကြီး သေသွားမည်ကိုစိုးရိမ်ကာ အမြဲကြောင့်ကျနေသည့် စိတ်လေး လွတ်လပ်သွားသည်။

"ဒေါ်လေးပို..ကျွန်တော်ပြန်လာပြီ။"

မိုးစက်က ဒေါ်လေးပိုကို ဖက်ကာ နူတ်ဆက်လိုက်တော့ ဒေါ်ပိုက သားလေးပြန်လာသလို ဝမ်းသာပြီး ပြန်နူတ်ဆက်လိုက်သည်။ ဒါကြောင့် မောင်နှင်းထန်က ကနေ့ တနေကုန်မျက်နှာရွှင်နေတာကိုးဟု တွေးမိသည်။ ထို့နောက် နှစ်ဦးသား လက်တွဲကာ အပေါ်ထပ်ကိုတက်သွားသည့် လူငယ်နှစ်ဥိးကိုကြည့်ကာ ကြည်နူးနေမိသည်။

"မိုးစက်လေး... ကလေးကို ကိုယ် supries လုပ်စရာရှိတယ်။ မျက်လုံးမှိတ်ထားပေး..."
"အွန်း..."

မိုးစက်မျက်လုံးမှိတ်ပြီး အကို့လက်ကိုတွဲကာ အခန်းထဲကိုဝင်ခဲ့သည်။ အခန်းထဲတွင် အေးမြနေပြီး သစ်တောနံ့လေး မွှေးနေသည်ကို သဘောကျစွာပြုံးမိသည်။ ပြီးတော့ မိမိလက်ကိုဆွဲကာ အခန်းတံခါးတစ်ခုကိုထပ်ဖွင့်ပြန်သည်။ ရေချိုးခန်းကို ဘာကြောင့်ဖွင့်သလဲဟုတွေးနေစဉ် မိုးစက် နှာခေါင်းထဲ နှင်းဆီပန်းရနံ့သင်းသင်းကိုရပြီးရေကျသံသဲ့သဲ့ကိုလည်း ကြားလိုက်ရသဖြင့် အံ့သြသွားသည်။
"မျက်လုံးဖွင့်ကြည့်လို့ရပြီ ကလေးလေး"
မိုးစက် သည် မြင်ကွင်းကို မယုံနိုင်အောင်ဖြစ်မိသည်။ ရေချိုးကြွေဇလုံး အဝိုင်းကြီးက လူငါးယောက်လောက်စိမ်လို့ရသည်။ အပေါ်က အပြာရောင်မီးရောင်ဖြာသည့် ရေပန်းက ဖွဲဖွဲလေးဖြာကျနေသည်။ ပြီးတော့ ကန်ထဲတွင် အနီရောင်နှင်းဆီပွင့်ဖတ်လေးများ... ကန်ဘေးခုံပေါ်တွင် ဝိုင်ပုလင်းနှင့်ဖန်ခွက်များ၊ စပျစ်သီး။ ဒိန်ခဲများ။

"အကို... အရမ်းချစ်ဖို့ကောင်းတာပဲဗျာ... "

မိုးစက် သူ့ကိုချက်ချင်းဖက်ကာပြောလိုက်သည်။ နှင်းထန်သည် မိုးစက်၏ နူတ်မှ ထိုသို့စကားကိုကြားလိုက်သည်နှင့် ဝမ်းသာလွန်းပြိး နူတ်ခမ်းလေးကို ကြင်နာစွာနမ်းလိုက်တော့သည်။ မိုးစက်လည်းသူ့လည်ပင်းကို သိုင်းဖက်ပြိး ပြန်တုန့်ပြန်သည်။ အနမ်းတို့ပြင်းထန်လာခဲ့သည်။ ချုပ်တည်းထားသည့် အချစ်တို့ပွင့်ထွက်ချင်လာပြီ။
"အကို..ရေချိုးဦးမယ်..."
"အင်း..အတူတူချိုးမယ်။ မိုးစက်ကို ကိုယ်ဆပ်ပြာတိုက်ပေးမယ်..."
"ဆပ်ပြာတိုက်ရုံပဲနော်... "
"အာ...အဲ့ဒါတော့ မသေချာဘူးလေကွာ။ ကလေးက ဆွဲဆောင်အားအရမ်းပြင်းရင်တော့.... "
"အဲ့ဒါဆို အကို လာမချိုးနဲ့။ ကျွန်တော် တောင်ကြီးမှာ အေးလွန်းလို့ရေချိုးမလာခဲ့ဘူး။ ရေအေးဆေး စိမ်ချိုးဦိးမယ်..."
"အေးပါကွာ။ ကိုယ်ဘာမှ မလုပ်ဘူး။ ကတိ။ ကိုယ့်ကတိကိုယုံတယ်မလား.."
"အင်း"
ဒီလိုနှင့် ကိုနှင်းထန်နှင့် မိုးစက် ရေချိုးကန်ထဲကိုရောက်ခဲ့သည်။ ရေစက်များက နှစ်ဦးသားကိုယ်ပေါ်တဖွဲဖွဲလေးကျဆင်းနေသည်။ ရေက နွေးပြီး အကြောချင်များကို ပြေလျော့စေသည်။ မိုးစက်သည် ကန်ထဲတွင် ပန်းပွင့်ဖတ်များနှင့် ကိုယ်ကိုတိုက်ပြီး သဘောကျစွာရယ်မောနေသည်။ သွားစွယ်လေးများနှင့် အပြုံးလှလှကိုကြည့်ပြီး ကိုနှင်းထန် တံတွေးမြိုချလိုက်မိသည်။ ဒီကောင်လေး ဘယ်ချိန်ကြည့်ကြည့် ဆွဲအားပြင်းလွန်းလှသည်။

"ကို့... ကျွန်တော့် ကျောကို ဆပ်ပြာတိုက်ပေးပါဦး..."

နှင်းထန်သည် ဆပ်ပြာရည်နှင့် ကိုယ်တိုက်ဝတ်ကိုယူပြီး မိုးစက်၏ ကျောပြင်ကို ဆပ်ပြာခရမ်နှင့်ပွတ်ပေးပြီးနောက် အဝတ်နှင့်တိုက်ပေးသည်။ မိုးစက်သည် အကို့လက်အထိအတွေ့မှ အကိုမိမိကို ဘယ်လောက်ချစ်သည်ကိုတွေးပြီး ကြည်နူးမှုက တကိုယ်လုံးပျံ့လာခဲ့သည်။
"ရှေ့ကိုလည်းတိုက်ပေးမယ်။ လှည့်ခဲ့..."

ရှေ့ဘက်ကို ဆပ်ပြာတိုက်ပေးမည်အပြု ရေစက်လေးက မိုးစက်၏ နှာတံတလျှောက်စီးကျပြီး လည်ပင်းကနေ ရင်ဘတ်ကိုစီးကျသွားသည်ကို ကြည့်ပြီး နှင်းထန် ငုတ်တုတ်မေ့မတတ်ဖြစ်သွားတော့သည်။ ရေစက်လေးက မိုးစက်၏ ရင်ဘတ်က ပွင့်ချပ်လွှာလေးကို ဖြတ်စီးနေပုံက ရင်တုန်လာစေသည်။ တကိုယ်လုံးလည်းပူလာခဲ့ပြီ။


"အကို တိုက်ပေးလေ..."

မိုးစက်ပြောမှ နှင်းထန် အသက်ပြင်းပြင်းရှုပြီးလည်ပင်းကိုဆပ်ပြာတိုက်ပြီး ရင်ဘတ်များကို တိုက်ပေးရင်း ထိုနေရာကို လက်ညှိုးနှင့် ခပ်ဖိဖိပွတ်လိုက်တော့ မိုးစက် ထိတ်ခနဲဖြစ်သွားသည်။

"အကိုနော်...ဉာဏ်မများနဲ့.. ကောင်းကောင်း တိုက်ပေးဗျာ..."
"အေးပါကွာ..."

နှင်းထန်မောသံဖြင့်ပြောတော့ မိုးစက် ရယ်လည်ရယ်ချင် အကို့ကို သနားလည်းသနားသွားတော့သည်။ အကိုခမျာ မိမိကို ဘယ်လောက်တောင်လွမ်းနေမလဲဟု တွေးမိသည်။ ခုလည်း မိမိရင်ဘတ်ကို မျက်လုံမလွှဲတမ်းကြည့်ပြီး ဆပ်ပြာတိုက်ပေးနေသော်လည်း တံတွေးမြိုချနေ့ရသည် မဟုတ်လား။ မိုးစက်လည်း ဆပ်ပြာခရမ်ယူလိုက်ပြီး အကို့ကိုယ်ကို ပြန်တိုက်ပေးသည်။ အကို့လည်ပင်း၊ အကို့ရင်အုပ်။ အကို့ဗိုက်.. ပြီးတော့ မိုးစက်၏ လက်က အောက်ပိုင်းကိုရောက်သွားတော့သည်။

နှင်းထန်မနေနိုင်တော့ပဲ မိုးစက်ကို ဆွဲယူကာ စကားမဆိုနိုင်အောင်လုပ်လိုက်တော့သည်။ ရေပန်းများက နှစ်ဦးသားကိုယ်ပေါ်အလုအယက်ကျဆင်းလာတော့သည်။ နှစ်ဦးသား ရေစက်နှင့်အနမ်းကိုရောပြီး သောက်မျိုလိုက်သည်။

"ကလေး ကိုယ့်ကို ဝိုင်တငုံတိုက်..."

မိုးစက်က ဝိုင်ခွက်ကို ယူကာ တငုံငုံလိုက်ပြီး အကို့နူတ်ခမ်းကို ဖိအပ်ကာ ဝိုင်တငုံတိုက်လိုက်သည်။ ဝိုင်ကို အလုအယက်သောက်ရင်း လျှာဖျားချင်း ကစားလိုက်သေးသည်။

ကိုနှင်းထန်လည်း အားကျမခံ စပျစ်သီးတစ်လုံးကို ယူကာ နူတ်ခမ်းတွင် ညှပ်ပြီး မိုးစက်ကိုကျွေးသည်။ နှစ်ဦးသား ဝိုင်သောက်လိုက် ရေစိမ်လိုက်နှင့် အရှိန်ရလာတော့သည်။

"အကို... အထဲကိုသွားကြစို့၊ ကျွန်တော်နည်းနည်းမူးလာပြီ..."

နှင်းထန်က မိုးစက်ကိုရေကန်ထဲမှ ဆွဲထူကာ ရေပန်းအောက်ဝင်ပြီး သန့်စင်ပြီး တဘတ်ဖြင့်ပတ်ပေးပြီး အခန်းထဲ ပွေ့ချီကာ ခေါ်လာခဲ့သည်။ မိုးစက်သည် အကို့ရင်ခွင်ထဲ မျက်လုံးမှိတ်ကာလိုက်ခဲ့သည်။

"အကို့ရင်ခွင်က နွေးလိုက်တာဗျာ။ ဒီရင်ခွင်ကျယ်ကို ကျွန်တော် အရမ်းလွမ်းနေတာဗျာ"

မိုးစက်၏စကားလေးကိုကြားသော် နှင်းထန်ထိန်းထားသည့် စိတ်အားလုံးကိုလွှတ်ပေးလိုက်တော့သည်။ အခန်းလေးက အချစ်၏ တေးညည်းသံကလွဲပြီး ဘာသံမှမကြားအောင် တိတ်ဆိတ်သွားတော့သည်။

------------------------------




Love StoriesWhere stories live. Discover now